
လက်ရှိအချိန်တွင် ၀က်စ်ဟမ်းအသင်းသို့ အဌားဖြင့်သွားရောက် ကစားနေသော အာဆင်နယ်အသင်းတိုက်စစ်မှူး ချာမတ်က သူ့အနေဖြင့်လာမည့်နွေရာသီ အပြောင်းရွှေ့ကာလတွင် အသင်းဟောင်း ဘော်ဒိုးသို့ ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိနေကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။
ချာမတ်သည် အာဆင်နယ်အသင်းတွင် ပုံမှန်ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိသောကြောင့် ပြီးခဲ့သည့် ဇန်န၀ါရီလက ၀က်စ်ဟမ်းအသင်းသို့ အဌားချခံခဲ့ရသူဖြစ်သည်။ သူသည် နွေတွင် အာဆင်နယ်အသင်းသို့ ပြန်လာမည်ဖြစ်သော်လည်း အသင်းတွင်သူ၏ အနာဂတ် မသေချာခြင်းကြောင့် ယခုကဲ့သို့ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ချာမတ်သည် 2010 ခုနှစ်က ဘော်ဒိုးအသင်းမှ အာဆင်နယ်အသင်းသို့ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ အသက် 29 နှစ်အရွယ်ရှိ မော်ရိုကိုလက်ရွေးစင် ချာမတ်က သူ့အနေဖြင့် ပြင်သစ် သို့ ပြန်လည်ပြောင်းရွှေ့ ကစားမည်ဆိုပါက ဘော်ဒိုးအသင်းတွင်သာ ကစားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ချာမတ်က " ကျွန်တော်ဟာ အာဆင်နယ်အသင်းမှာ အချိန်တွေကောင်းမွန်စွာကုန်ဆုံးခဲ့ရပါတယ်။ ကျွန်တော့် နှလုံးသားမှာရှိတဲ့ ကလပ်အသင်း ဟာ ဘော်ဒိုးအသင်း ဖြစ်တယ် ဆိုတာ ကို လူတိုင်းသိပါတယ်။ ဘော်ဒိုးအသင်းကို ပြန်ပြောင်းဖို့ သဘောတူညီမှုရခဲ့မယ်ဆိုရင် ပြောင်းဖြစ်မှာပါ။ ကျွန်တော် အာဆင်နယ် အသင်းမှာဆက်ကစားဖို့ အခွင့် အရေးမရှိတော့ ဘူးဆိုရင် ဘော်ဒိုးကို ပြောင်းဖြစ်ဖို့ များပါတယ်။ ပြင်သစ်ကို ပြန်မယ်ဆိုရင်တော့ ဘော်ဒုးမှာပဲကစားမှာပါ " ဟုပြောကြားသွားခဲ့သည်။
refs: skysports.com