You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar
Dec26

အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ (Boxing Day) အား ကြိုတင်သုံးသပ်ခြင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ကစားမည့်ပွဲ - အာဆင်နယ် Vs ကျူပီအာ
ကစားမည့်အချိန် - မြန်မာစံတော်ချိန် ည ၁၂ နာရီ
ကစားမည့်ကွင်း - အမ်းမရိတ်
ပြသမည့်လိုင်း - Sky Net Sports 6 & HD ( Myanmar )

အာဆင်နယ်ရဲ့ ပွဲဆက်ကာလ စတင်ပါပြီ။
အခု ကျူပီအာနဲ့ Boxing Day ပွဲကန်ပြီးရင် ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ ဆက်တိုက်ကစားရမှာပါ။ ဒီသုံးပွဲက မဖြစ်မနေနိုင်ရမယ့်ပွဲတွေလည်း ဖြစ်တယ်။
ပြီးခဲ့တဲ့ တစ်ပတ်က လီဗာပူးလ်နဲ့ သရေကျအပြီးမှာတော့ အာဆင်နယ်ဟာ အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့အထက် အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းက ဒီနေ့မှာ ချယ်လ်ဆီး၊ တနင်္ဂနွေမှာ အာဆင်နယ်နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ယခုနှစ်ကို အဆင့် ၄ နဲ့နှုတ်ဆက်ဖို့ အာဆင်နယ် အခွင့်အရေး ရှိနေတယ်။


 
Dec23

အာဆင်ဝင်းဂါး ရေးရမယ့် ဆောင်းရာသီအပြောင်းအရွှေ့ပုံပြင်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ဥရောပ၏ ခရစ္စမတ်သည် ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ အခြားဆောင်းရာသီများကဲ့သို့ပင် အေးစက်လွန်းလှသည်။ ရုတ်တရက်ကြည့်လျင်တော့ သိပ်မကွာခြားလှသယောင်ယောင်။ သို့သောလည်း တစ်ခြားဒေသများနှင့် မတူသည့် အကြောင်းအရာများကတော့ ဒီဒေသမှာရှိနေပြန်သည်။ ဒါကလည်း ဥရောပဘောလုံးလောက၏ ပြယုဒ်တစ်ခုဟု ပြော၍ရသည်။

ဥရောပ၏ အရိုးကွဲမတက် အအေးဒဏ်ကြောင့် အီကွေတာဒေသနှင့် ကမ်းခြေများတွင် မိသားစုအားလပ်ရက်အဖြစ် လူအများ သွားရောက် အပန်းဖြေအနားယူနေကြချိန်တွင် အအေးဒဏ်ကို သတိမမူမိသူတွေတော့ ရှိကောင်းနိုင်ရှိနိုင်သည်။ ဥရောပဘောလုံးရာသီ တစ်ဝက်ကျိုးချိန်ဖြစ်သည့်အတွက်ကြောင့် ဘောလုံးအားကစားစက်ဝန်းထဲက လူတွေကတော့ အေးသည် မအေးသည် မကွဲပြား။ အထူးသဖြင့် ပြီးခဲ့သည့် ရာသီဝက်တစ်ခုလုံး ရလဒ်မကောင်းခဲ့သည့် ဘောလုံးအသင်းများမှ တာဝန်ရှိသူတွေအတွက်ဆို ပိုအလုပ်ရှုပ်ကြသည်။



 
Dec22

အာဆင်နယ်အသင်း၏ အမာခံပရိတ်သတ်ဖြစ်ကြောင်း ဆစ်ဆိုကို ထုတ်ဖော်ဝန်ခံ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးတော့ ဒီရာသီနယူးကာဆယ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အဓိကကွင်းလယ်လူ မူဆာ ဆစ်ဆိုကိုက အာဆင်နယ်အသင်းဟာ သူငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့အသင်းဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

“ကျွန်တော် ငယ်ငယ်ကလေးတည်းက အာဆင်နယ်အသင်းကို အရမ်းကြိုက်ခဲ့တာပါ။ ဗီယာရာကတော့ ကျွန်တော့်ရဲ့ စံပြကစားသမားပေါ့။ ကျွန်တော်ဒီအသင်းကို အမြဲတမ်းကြိုက်နှစ်သက်ခဲ့ပါတယ်။ ခုချိန်ထိပါပဲ။” လို့သူက ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။



လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အာဆင်နယ်အသင်းနဲ့ ကောလဟာလတွေနဲ့ ပတ်သတ်ပြီးတော့လည်း သူက ဒီလိုပြောပါတယ်။

 
Dec22

ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) လီဗာပူးလ်နှင့်အာဆင်နယ် ပွဲပြီးသုံးသပ်ချက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အနိုင်ဂိုးကို မထိန်းနိုင်၍ အမှတ်ဆုံးရှုံးလိုက်ရသော အာဆင်နယ်

(လီဗာပူးလ် ၂ - ၂ အာဆင်နယ် ပွဲပြီးသုံးသပ်ချက်)

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၁၇)၏ စူပါဆန်းဒေးဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်လီဗာပူးလ်နှင့် အာဆင်နယ်အသင်းတို့ အန်းဖီးလ်ကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် ၂ဂိုးစီဖြင့် သရေကျသွားပါသည်။

အာဆင်နယ်အသင်းတွင် ဂိုးသမားရှက်ဇနီ၊ နောက်တန်းတွင် ချိန်ဘာစ်၊ ဒေဘူချီ၊ အသင်းခေါင်းဆောင် မာတီဆက်ကာ၊ ဂစ်ဘ်၊ အလယ်တန်းတွင် ဖလာမီနီ၊ ချိန်ဘာလိန်၊ ကာဇိုလာ၊ ဆန်းချက်ဇ်၊ ရှေ့တန်းတွင် ၀ဲဘက်နှင့် ဂျရူးတို့ ပွဲထွက်လာပါသည်။

အိမ်ရှင်လီဗာပူးလ်အသင်းတွင် အသင်းခေါင်းဆောင် ဂျရတ်၊ စကာတယ်၊ တိုရေး၊ ကော်တင်ညိုနှင့် စတာလင်တို့ ဦးဆောင်၍ ပွဲထွက်လာပါသည်။



ပွဲစ၍ ၂ မိနစ်အကြာတွင် လီဗာပူးလ်အသင်းမှ ကော်တင်ညိုက တစ်ကိုယ်တော် ဆွဲပြေး၍ ဂိုးဧရိယာထဲ ဆွဲဝင်စဉ် မာတီဆက်ကာနှင့်ထိမိ၍ လဲကျကာ ရရှိခဲ့သည့် အလွတ်တည်ကန်ဘောကို ဂျရတ်က ကန်သွင်းခဲ့သော်လည်း ဂိုးမရခဲ့ပေ။

 
Dec22

ယမန်နှစ်ရလဒ်ဆိုးကြောင့် အန်းဖီးလ်တွင် ရုန်းကန်ခဲ့ရသည်ဟု အာစင်းညဉ်းတွား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

လီဗာပူးလ်အသင်း၏ အိမ်ကွင်းအန်းဖီးလ်တွင် မနှစ်က ငါးဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့အကျိုးဆက်ကြောင့် ယခုနှစ်တွင် ဆက်လက်ရုန်းကန်ခဲ့ရသည်ဟု နည်းပြကြီးအာစင်းက ညဉ်းတွားခဲ့သည်။ အာဆင်နယ်သည် မနေ့က လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ခက်ခက်ခဲခဲ ရုန်းကန် ကစားခဲ့ရသည်။ အဆိုပါပွဲ ပထမပိုင်းပြီးခါနီးတွင် လီဗာပူးလ်အသင်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး အာဆင်နယ်ကစားသမား ဒီဘူချီက ချက်ချင်းဆိုသလို ပြန်လည်ချေပနိုင်ခဲ့သည်။

ကစားကွက်မသာခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂျရူး၏ သွင်းဂိုးက အာဆင်နယ်ကို နှစ်ဂိုးတစ်ဂိုးဖြင့် ဦးဆောင်စေခဲ့သည်။ သို့သော် ကျန်ပွဲချိန်များတွင် လီဗာပူးလ်အသင်းက တရစပ်ဖိကစားပြီး နာကျင်အချိန်ပိုတွင် စကာတယ်က ချေပဂိုးသွင်းယူကာ သရေရလဒ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲပြီးခါနီးတွင် လီဗာပူးလ်တိုက်စစ်မှူး ဘိုရီနီ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပေမယ့် အာဆင်နယ်က ၎င်းတို့၏ ဦးဆောင်မှုကို ဆက်လက်ထိန်းထားနိုင်ခြင့် မရှိခဲ့ပေ။



ထို့ကြောင့် အာဆင်နယ်အနေနှင့် အဆင့် ၄ နေရာက ဝက်စ်ဟမ်းအသင်းနှင့် လေးမှတ်ကွာဟလျက်ရှိသည်။ ပွဲအပြီးတွင် နည်းပြကြီး အာစင်းက မိမိကစားသမားများသည် ယမန်နှစ်ရလဒ်ဆိုးကြောင့် စိုးရိမ်ကြောင့်ကြစွာ ကစားခဲ့ပြီး ပြိုင်ဘက်ကို အခွင့်အရေးများပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

 
Dec22

ရာဇဝင်ထဲမှာ ထားခဲ့လို့ မရတဲ့သူ (သို့) သီယာရီအွန်နရီ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

သူဟာ အာဆင်နယ်အသင်းသမိုင်းမှာ အထွန်းတောက်ခဲ့ဆုံးလူသား …
ရာဇဝင်တွင်ခဲ့တဲ့ ဂန္တဝင်တစ်ဦး …
သူ့ခေတ်သူ့အခါမှာ အခြားဘယ်ကစားသမားမှ သူ့လောက် အာဆင်နယ်မှာ ကြီးကျယ်ခမ်းနားခဲ့မယ် မထင်ဘူး …
သူဟာ တကယ့် ဂန်းနားစစ်စစ် တစ်ဦး …


အချိန်တွေဟာ တရွေ့ရွေ့နဲ့ ပြောင်းလဲလာတယ်။ လူတွေရဲ့ အသက်အရွယ်ဆိုတာလည်း တစ်နေ့ထက်နေ့ ကြီးလာကြရစမြဲပဲ။ မတည်မြဲသော သက္ခင်္ါရတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ကြဘူးလေ။ ဒီလိုနဲ့ပဲ အာဆင်နယ် ဂန္တဝင်ကြီးရဲ့ တစ်ဖက်ကမ်းခတ်တဲ့ ဘောလုံး မှော်ပညာတွေကလည်း မြက်ခင်းစိမ်းထက်ကနေ ပျောက်ကွယ်ရဖို့ အကြောင်းဖန်လာတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အွန်နရီက ကြေငြာချက်တစ်ခု ထုတ်တယ်။ သူ ဘောလုံးကစားသမားဘဝကနေ အနားယူပြီး ရုပ်သံထက်က ဝေဖန်သုံးသပ်သူဘဝကို ကူးပြောင်းတော့မယ်တဲ့။

သေချာသွားခဲ့ပြီ။ ပြင်သစ်နိုင်ငံက မိုနာကိုကလပ်မှာ ကစားသမားဘဝကို စတင်ခဲ့ပြီးတော့ လန်ဒန်မှာခမ်းနားခဲ့တဲ့ အတိတ်သမိုင်းတွေကို ချန်ရစ်ထားခဲံနိုင်သူ ဂန္တဝင်တစ်ဦးရဲ့ ဇာတ်လမ်းတစ်ဆစ်ချိုး ချိန်ရောက်ခဲ့ပြီဆိုတာ .... သူ တစ်ချိန်ချိန်မှာ အာဆင်နယ်ကို ပြန်လာဦးမှာလား … နည်းပြကြီး အာစင်းဝင်းဂါးကတော့ ဒီမေးခွန်းကို ဒီလိုဖြေရှင်းချက် ထုတ်လိုက်ပါတယ်။

 
Aug15

နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုအတွက် ပျော်ရွှင်မိပါတယ်… အာစင်ဝင်းဂါး

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်းသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆန်းချက်စ်၊ ဒီဘူချီ၊ အော့စပီနာ နှင့် ချန်ဘားစ်တို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့သည့်အပြင်၊ ပြီးခဲ့သော ဘောလုံးရာသီက ဂရိကလပ် အိုလံပီယာကော့စ်အသင်းသို့ အငှားချခဲ့သော ကမ်းဘဲလ်ကိုလည်း အသင်းကြီးသို့ ပြန်လည် ပူးပေါင်းစေခဲ့ပြီဖြစ်သည်။

 
Aug15

Arsenal Myanmar Fantasy League 2014-15

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

www.arsenalmyanmar.com နှစ်စဉ်ကျင်းပနေကျ ဖြစ်တဲ့ ပြိုင်ပွဲအဖြစ် ဒီနှစ်မှာလည်း Fantasy League ကို
ဆက်လက် ကျင်းပ မည်ဖြစ်သည်။ Register ပြုလုပ်ခြင်းနှင့် ပြိုင်ပွဲဝင်ခြင်း အဆင့်ဆင့်ကို အောက်တွင် ဆက်လက်
ဖတ်ရှုနိုင် ပါသည်။
(မနှစ်က 2013-2014 အတွက် ကျနော်တို့ အဆက်အစပ် ပြတ်သွားတဲ့အတွက် အဆင်ပြေရင်တော့ ဆုရ စာရင်းကို ပြန်ရှာပြီး
ဆုများကို  အတတ်နိုင်ဆုံး ပေးဖို့ ကြိုးစားသွားပါ့မယ် )
အာဆင်နယ်ဖန်များသီးသန့် အတွက် တည်ထောင်ထားသော ဆိုဒ်ဖြစ်ခြင်း ၊ ပေးအပ်သော ဆုများမှာ အာဆင်နယ်ဖန်များ
အတွက် အာဆင်နယ်အမှတ်တရ ပစ္စည်းများသာဖြစ်ခြင်းအတွက် အာဆင်နယ်ဖန်  သီးသန့်သာ ယှဉ်ပြိုင်ခွင့်ပြု ထားပါသည်။
ဆုများ ပေးအပ်သောအခါ အာဆင်နယ်ဖန် မဟုတ်ကြောင်း  စိစစ်တွေ့ရှိလျှင် ဆုပေးခြင်းကို ပယ်ဖျက်ပြီး နောက်မှ လူများကို
အစဉ်တိုင်း ပေးအပ် သွားပါမည်။



ယခုနှစ်ကျင်းပမယ့် အာဆင်နယ်မြန်မာခန့်မှန်းပြိုင်ပွဲကို www.premierleague.com မှ Fantasy game ကို အခြေခံပြီး
ကျင်းပသွားမှာ ဖြစ်ပါ တယ်။ တချို့ပြိုင်ပွဲဝင်ပြိုင်ဖို့ ဘယ်လိုဝင်ပြိုင်ရမယ်ဆိုတာ မသိတဲ့ ပြိုင်ပွဲဝင်မယ့်
အာဆင်နယ် မြန်မာဖန်တွေအတွက် ပြိုင်ပွဲ ၀င်ပုံ အဆင့်ဆင့် ကို ရေးပေးလိုက်ပါတယ်။
Fantasy Premierleague account ရှိပြီးသူများသည် အဆင့် ၃ နှင့် ၄ ကိုသာ ပြုလုပ်ရန် လိုအပ်ပါ သည်။
ပြီးခဲ့သောရာသီက ပြိုင်ပွဲဝင်သူများဟာ ဒီအတိုင်းပဲ ပြန်ကစားနိုင်ပါသည်။  မှတ်ပုံတင်ရန် မလိုအပ်သော်လည်း
re-register ပြုလုပ်ရပါလိမ့်မည်။

 

www.arsenalmyanmar.com Fantasy Premierleage ပြိုင်ပွဲဝင်ခြင်းကို သြဂုတ်လ ၃၀ ရက်နေ့ မြန်မာစံတော်ချိန်
ညနေ ၅ နာရီ တွင် ပိတ်မှာ ဖြစ်ပါတယ်။
ပထမဆု - Arsenal Jersey from Arsenal Direct


Facebook Page/Group မှာ League Code and Head to Head Code သွားရောက်ယူနိုင်ပါပြီ။


 
Aug10

အာစင်ဝင်းဂါးရဲ့ ပဟေဠိဆန်နေဆဲ ၂၀၁၄-၁၅ နွေရာသီအပြောင်းအရွှေ့

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

အပြောင်းအရွှေ့ရာသီပိတ်ရန် ရသတ္တပတ် ၃-ပတ်မျှကျန်ရှိနေသေးသော်လည်း အာဆင်နယ်အသင်းရဲ့ ဒီနွေရာသီ ကစားသမားအင်အားဖြည့်တင်းမှုမှာ အားပေးသူပရိသတ်တို့အဖို့ အားရကျေနပ်ဖွယ် အခြေအနေဆိုက်ရောက်နေပြီဟု ဆိုရမည်။ သို့သော်လည်း နည်းပြကြီးအာစင်ဝင်းဂါးကတော့ သူ့ရဲ့ချစ်စွာသောပရိသတ်ကို ပဟေဠိဝှက်ထားနိုင်ဆဲဖြစ်သည်။ ပရိသတ်ချစ်သော အသင်းခေါင်းဆောင် ဗာမယ်လန်တစ်ယောက် ဘာစီလိုနာအသင်းဆီ တရားဝင်ပြောင်းရွှေ့သွားပြီးနောက် အဆိုပါပဟေဠိမှာ ပိုလို့ဆန်းပြားလာပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်လာတော့သည်။

 
May29

Benzema ထက် Remy နဲ့ Bony ကို အာဆင်နယ်ဘာလို့ပိုပြီးခေါ်ယူသင့်သလဲ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

Giroud ဟာ သူစွမ်းဆောင်ခဲ့တဲ့အရာတွေ အတွက် အာဆင်နယ် အားပေးသူပရိတ်သတ်တွေဆီက ဘယ်တော့ ချီးကျူးခံမှုကိုဘယ်တော့မှမရခဲ့ပါဘူး။ သူဟာ ပရီမီးယားလိဂ်မှာ ၁၆ ဂိုးသွင်းပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ၈ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူ့ဟာ အာဆင်နယ် အသင်းသားတွေ ထဲမှာ တော်တော်လေး ဒဏ်ရာ အနာတရ ကင်းရှင်းသူဖြစ်ပြီး မာမာထန်ထန် ကစားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အာဆင်နယ် အားပေးသူ ပရိသတ်တွေ ဟာ Giroud ကို အတော်လေးစိတ်ပျက်ကြပြီး သူ့ရဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ ဂိုးမသွင်းမသေချာမှု အပေါ် အတော်လေး အပြစ်မြင်ပြစ်တင် ဝေဖန်ကြပါတယ်။ အရမ်းအရေးပါတဲ့ ပွဲစဉ်တွေ မှာဆို ဂိုးရနိုင်ဖို့အတွက် အတော်လေး အားနည်းပါတယ်။ ဒါကြောင့် ရာသီကုန်မှာ သူ့ကို ရာသီကုန်မှာ ရောင်းထုတ်နိုင်တယ်လို့ စသဖြင့် သတင်းတွေ တစ်ခုမဟုတ်အများကြီး ပေါ်ထွက်လာပါတော့တယ်။ နောက်ပြီး သူ့နေရာအတွက် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး Benzema နဲ့ တစ်ခြားသော နာမည်ကျော်တိုက်စစ်မှူးတွေကို ချိတ်ဆက်နေတဲ့ သတင်းတွေ ဟာ စတင်ပေါ်ပေါက် လာပါ တော့တယ်။ ဒီထဲမှာ နာမည်အကြီးဆုံးက Benzema ၊ QPR တိုက်စစ်မှူး  Remy နဲ့ ဆွမ်ဆီး တိုက်စစ်မှူး Bony တို့တွေက ထိပ်ဆုံး ရေပန်းစားနေတဲ့ တိုက်စစ်မှူးတွေဖြစ် ကြပါတယ်။တစ်ကယ်လို့ သူတို့ သုံးယောက်မှာ Benema ထက် အများစုက Remy နဲ့ Bony ကိုရွေးချယ်ဖို့ ပိုပြီးအကြံပြုလိုကြတယ်။

 
Page 2 of 212

Next Match:

Brighton Vs Arsenal

THE FA CUP

25th Jan 2015  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ

 

 

Last Match:

Man City 0-2 Arsenal

Premier League  Match -22

18th Jan 2015  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ


စပါး vs အာဆင်နယ်

Barclays Premier League

၁၆ မတ်လ ၊ ၂၀၁၄ - တနင်္ဂနွေ

မြန်မာစံတော်ချိန် ည ၁၀း ၃၀ နာရီ

ဧည့်ခန်း ထဲက လူစာရင်း

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

Kyi Pyar Yaung - Online Store

Arsenal FC Original Jersey & accessories Shop (Yangon)


Email : kpy.store@arsenalmyanmar.com



Facebook : https://www.facebook.com/pages/Kyi-Pyar-Yaung/

Arsenal FC Original Jersey and accessories Shop

EPL အမှတ်ပေးဇယား

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles:

ဂိုး အများဆုံး သွင်းထားသူများ

 

၁၉.၁.၂၀၁၅ အထိ
ပွဲ ဂိုး
Alexis 29+1 18
Danny Welbeck 19+1 7
Olivier Giroud 8+5 7
Aaron Ramsey 18+3 6
Santi Cazorla 25+5 6
Podolski 2+11 4
Chamberlain 20+11 2
Koscielny 16 2
Debuchy 13 1
Kieran Gibbs 19+2 1
Mikel Arteta 11+1 1
Jack Wilshere 13+3 1
Mesut Ozil 9+1 1
Chambers 23+5 1
Sanogo 5+1 1
Rosicky 5+7 1
Mertesacker 16 1
ဘန်တနာ