အန်ဒရေ အာရှာဗင် ဟာ သူ.ရဲ. ဦးတည်ချက်တွေ မှားယွင်းနေပြီး ယုံကြည်မှု ပျောက်ဆုံးနေတယ် ဆိုတာ ၀န်ခံ ပြောသွားပါတယ် ။ ၁၅သန်းတန် ဒီအာဆင်နယ် ကြယ်ပွင့် ဟာ ပထမပွဲထွက် လူစာရင်း အတွက် ချန်လှပ်ခံနေရပြီး ၊ နောက်နွေရာသီ မှာ အသင်းပြောင်းမယ်ဆိုတဲ့ ကောလဟာလ တွေလည်း ထွက်ပေါ်နေပါတယ် ။ ဒီ ရုရှားသား ဟာ တစ်ခါတစ်ရံ မှာ နည်းပြ က သူ.ကို နေရာ ချန်လှပ်ခဲ့တာ မှန်သလား ၊ မှားသလား ဆိုတာ ဇဝေဇ၀ါ ဖြစ်နေပါတယ် လို. ထုတ်ဖော် ပြောကြားသွားပါတယ် ။ သူ က " အခု ကျွန်တော် ဘောလုံးရနေရင် ၊ စ စဉ်းစားပါတယ် ။ ငါ ပြိုင်ဖက် ကို လိမ်ရမလား ?? ဒါမှမဟုတ် အဲဒီလို လုပ်လိုက်ရင် ၊ ဘောလုံး ဆုံးရှုံး သွားမလား ??? အတွေးတွေရယ် ၊ ဆုံးဖြတ်ချက်တွေရယ် အမှားမှား အယွင်းယွင်း ဖြစ်နေတဲ့အချိန်မှာ ကျွန်တော် ဘယ်လိုဆုံးဖြတ်ချက်မျိုးမဆို ယူဖို. ကြောက်ရွံ.နေပါတယ် ။ ပြီးတော့ အခွင့်အရေးတွေလည်း အများကြီး ပြုန်းတီးထားပါတယ် ။ ဒါတွေ အကုန်လုံး အခုလတ်တလော ပွဲတွေ မှာ ဖြစ်နေတတ်တာပါပဲ " ။

ယုံကြည်မှုပျောက်ဆုံးနေတဲ့ အာရှာဗင်













