You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar
Mar23

" ဒီအရှုံးက ကျွန်တော့်အမှားကြောင့်ပါ " အာစင်ဝင်းဂါး

Link megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်နည်းပြကြီး အာစင်ဝင်းဂါးက ချဲလ်ဆီးပွဲအရှုံးသည် သူ့ဘဝယှဉ်ပြိုင်မှုများထဲက အဆိုးဝါးဆုံး ရှုံးပွဲများထဲတွင် တစ်ပွဲအပါအဝင်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အဆိုပါရှုံးပွဲအတွက် မိမိကိုယ်သာ အပြစ်တင်သင့်သည်ဟု ဆိုခဲ့သည်။

ယင်းပွဲသည် အာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းကို ကိုင်တွယ်သည့်ပွဲတစ်ထောင်ပြည့်ခဲ့သည့်ပွဲဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှစ်ခန့်က မန်ယူအသင်းကို အဝေးကွင်းတွင် ၈-၂ ဖြင့် ဂိုးပြတ်ရှုံးခဲ့ပြီးနောက်ပိုင်း ဂိုးအပြတ်ဆုံးရှုံးပွဲတစ်ပွဲကို ကြုံတွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။

" ဒီအရှုံးက ကျွန်တော့်အမှားကြောင့်ပါ။ ကျွန်တော်အလုံးစုံ တာဝန်ယူပါတယ်။
အရှုံးအတွက် စကားတွေအများကြီးပြောဖို့ မလိုဘူးထင်တယ်။
ကျွန်တော်တို့ဟာ အကောင်းဆုံးထိုးနှက်မှုကို လက်တွေ့ရခဲ့ပြီးပြီလေ " ဟု နည်းပြကြီးက မီဒီယာများကို ပြောကြားခဲ့သည်။





 
Mar22

Chelsea Vs. Arsenal ပွဲကြိုသုံးသပ်ချက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

၂၂-၃-၂၀၁၄ ရက် စနေနေ့ မြန်မာစံတော်ချိန် ည ၇း၁၅ နာရီ မှာ အာဆင်နယ်အသင်းဟာ  ချယ်ဆီးအသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ် ။ ဒီပွဲစဉ်ဟာ လန်ဒန်ဒါးဘီး ပွဲ တစ်ပွဲဖြစ်သလို ချန်ပီယံဖြစ်ရေးအတွက် နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပါ ။ နှစ်သင်းစလုံးအတွက် သရေရလဒ် ၁ မှတ် ခွဲ ယူဖို့ မဖြစ်နိုင်ပဲ အနိုင်ရလဒ် ရမှတ် ၃ မှတ် ရရှိရေးဟာ အလွန်ကို အရေးကြီးနေတဲ့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ ။

 
Mar01

Stoke Vs. Arsenal ပွဲကြိုသုံးသပ်ချက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ကစားမည့်ပွဲ -  စတုတ် Vs အာဆင်နယ်

ကစားမည့်အချိန် - ၁-၃-၂၀၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်။

ကစားမည့်ကွင်း - ဘရီတားနီးယား။

ပရီးမီးယားလိဒ်ရဲ့ ပွဲစဉ် ၂၈ ပွဲမြောက်ကို အာဆင်နယ်အသင်းဟာ စတုတ်စီးတီးရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘရီတားနီးယား ကွင်းမှာ သွားရောက်ကစားရမှာပါ ။ ၁၁ ပွဲသာ ကျန်တော့တဲ့ ပရီးမီးယားလိဒ်ဖလားရဲ့  ပြိုင်ဆိုင်မှုဟာ ပိုမိုပြင်းထန်လာပြီး ချန်ပီယံဖြစ်ရေးအတွက် ပွဲစဉ်တိုင်းရဲ့ ရမှတ် ၃ မှတ်ဟာ အရေးကြီးနေပါပြီ ။

 
Feb07

အာဆင်နယ် ပရိတ်သတ်များ တွေ့ဆုံပွဲ - 23 - 02 -2014

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

Arsenal Myanmar Supporters’ Club တရားဝင် အသိအမှတ်ပြု ခံရခြင်း အထိမ်းအမှတ်နှင့် ပရိသတ်များ တွေ့ဆုံပွဲ








ေေေ နေ့ရက်။ ။ ၂၃၊ ၂၊ ၂၀၁၄
အချိန်။ ။ မနက် ၇နာရီခွဲမှ နေ့လည် ၁၂ နာရီအထိ

ေေေ နေရာ။ ။ ရန်ကုန်ယူနိုက်တက် ဘောလုံးကွင်း (သံလမ်း မှတ်တိုင်အနီး)
မှတ်ချက်။ ။ အာဆင်နယ် အသင်းအင်္ကျီများ ၀တ်ဆင်လာကြပါရန်



 
Feb22

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အာဆင်နယ် Vs ဆန်းဒါးလန်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

"ယနေ့ညတွင် ကစားမည့် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အား ကြိုတင်သုံးသပ်ကြည့်ခြင်း"

ကစားမည့်ပွဲ - အာဆင်နယ် Vs ဆန်းဒါးလန်း
ကစားမည့်အချိန် - မြန်မာစံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်။
ကစားမည့်ကွင်း - အမ်းမရိတ်။


 
Feb19

အာဆင်နယ်အသင်း၏ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အား ကြိုတင်သုံးသပ်ကြည့်ခြင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ကစားမည့်ပွဲ - အာဆင်နယ် Vs ဘိုင်ယန်မြူးနစ်

ကစားမည့်အချိန် - မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက် ၂:၁၅ နာရီ။

ကစားမည့်ကွင်း - အမ်းမရိတ်။




တကယ်ကို ရင်ခုန်ရမယ့်ပွဲပါ။
ဒီရာသီမှာ အကောင်းဆုံးပုံစံပြနေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက မနှစ်ကထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းမှာ အမှန်ပါပဲ။ မနှစ်ကတော့ ဘိုင်ယန်က နှစ်ကျော့ပေါင်း ၃-၃ အဝေးဂိုးရလဒ်နဲ့ နောက်တစ်ဆင့်တက်ခဲ့တယ်။
အမ်းမရိတ်မှာ ၁-၃ နဲ့ နိုင်ပြီး ဂျာမန်မြေမှာ ၀-၂ နဲ့ ပြန်ရှုံးခဲ့တယ်။ ဒီနှစ်မှာလည်း မနှစ်ကရလဒ်မျိုး တဖန်ပြန်ရယူနိုင်အောင်
ဂွါဒီယိုလာတို့ တသိုက် စွမ်းဆောင်နိုင်မည်လား။

 
Feb18

"ချဲလ်ဆီးနှင့်ပွဲအမှီ ပြန်ကစားနိုင်ရန် ပစ်မှတ်ထားနေသည့် ရမ်ဆေး"

Link megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမားဖြစ်သူ အာရွန်ရမ်ဆေးသည် နောက်လထဲတွင် ယှဉ်ပြိုင်ကစားရမည့် ချဲလ်ဆီးနှင့်ပွဲအမှီ အာဆင်နယ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
ရမ်ဆေးသည် ယခုနှစ်ဘောလုံးရာသီ၏ အစောပိုင်းရာသီဝက်ကာလတွင် အာဆင်နယ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ ကစားပေးနိုင်ခဲ့သူဖြစ်ပြီး ဒီဇင်ဘာလနှောင်းပိုင်းကတည်းက ပေါင်ဒဏ်ရာကြောင့် ကာလကြာရှည်နားနေရသူလည်း ဖြစ်သည်။


 
Feb18

"လျင်မြန်မှု၊ နည်းစနစ်ပိုင်းကျေညက်မှု၊ ဂိုးသွင်းကောင်းမှုတို့နှင့်အတူ အာစင်ဝင်းဂါးထပ်သွေးမယ့် နောက်ထပ်ေ

Link megosztása: Del.icio.usTwitterFacebookDigg

ပြီးခဲ့တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်မှာ အာစင်ဝင်းဂါးဟာ အသင်းတိုက်စစ်မှာ ယခုနှစ်မှ အသင်းရောက်ရှိလာတဲ့ လူငယ်ကစားသမားတစ်ဦးကို ပွဲထုတ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရှိလို့ ဂျီရော့ကို အနားပေးသည်ထား။
စီနီယာပိုကျတဲ့ ဘန်တနာကို ကျော်ပြီး အသက် ၂၁ အရွယ် ၎င်းလူငယ်တိုက်စစ်မှူးလေးကို နေရာပေးခဲ့တယ်။


 
Feb18

Live Direct Interview

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg


Arsenal Myanmar Supporters Club ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းချုပ်၊ မန်ဘာဝင်ရမည့်ပုံစံနှင့် စည်းကမ်းချက်၊ ခံစားခွင့်များ၊ အစရှိသည်တို့ကို  Mandalay FM နှင့် Arsenal Myanmar Supporters Club မှ တာဝန်ရှိသူများဟာ မနက်ဖြန် ၁၉ရက်နေ့ ညနေတွင် Mandalay FM ၏ မင်္ဂလာပါညနေခင်း အစီအစဉ်၌ အာဆင်နယ် နှင့် ဘိုင်ယန်မြူးနစ်ပွဲကြို စကားဝိုင်းအဖြစ် ညနေ ၆း၀၀ မှ ၇း၀၀ ထိ Live Direct Interview ပြုလုပ်မည်ဖြစ်ပါသဖြင့်စောင့်မျှော်နားဆင်နိုင်ပါသည်။

 

 

 
Feb16

အာဆင်နယ်အသင်း၏ FA ဖလားပွဲစဉ်အား ကြိုတင်သုံးသပ်ကြည့်ခြင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

ကစားမည့်ပွဲ - အာဆင်နယ် Vs လီဗာပူးလ်
ကစားမည့်အချိန် - မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်။
ကစားမည့်ကွင်း - အမ်းမရိတ်။
+++ +++ +++




ပြီးခဲ့တဲ့တစ်ပတ်ကမှ ပူပူနွေးနွေးတွေ့ထားကြတဲ့အသင်းနှစ်သင်းပါ။ အဲဒီတုန်းကတော့ အဝေးကွင်းမှာ အာဆင်နယ်က ၅-၁ နဲ့ ဂိုးပြတ်ရှုံးခဲ့တယ်။
တကယ်တော့ အာဆင်နယ်အတွက် ကွင်းလယ်ခံစစ်ပြီပြီပြင်ပြင် မကစားနိုင်ခဲ့မှုက အဓိကထိုးနှက်ခဲ့တာပါပဲ။ ဆွာရက်ဇ်၊ စတာရစ်ခ်ျနဲ့ စတာလင်တို့ရဲ့ သုံးယောက်တွဲလုံးတွေက အဲဒီနေရာမှာ ခပ်လေးလေးကစားနေတဲ့ အာတီတာကြောင့်ဖြစ်လာတဲ့
နေရာလွတ်တွေကနေ မွှေနှောက်ကစားခဲ့တော့ အာဆင်နယ်ခံစစ်အတော်လေး ရုပ်ဆိုးခဲ့တယ်။
အခု ဖလာမီနီပြန်ပါမယ်ဆိုတော့ ကွင်းလယ်ခံစစ် အတော်ငြိမ်သွားနိုင်လို့ အာဆင်နယ်ရလဒ်ကောင်းကို ပြန်မျှော်လင့်လို့ ရပါတယ်။



ကာဇိုလာမကစားနိုင်ပေမယ့် သူ့အစားပိုဒေါစကီးဝင်ကစားခဲ့ရင် ဂျီရော့တစ်ဦးတည်းနဲ့ အလုပ်မဖြစ်တဲ့ တိုက်စစ်ပိုင်းက အဆင်ပြေသွားနိုင်ပါတယ်။ ဆွာရက်ဇ်၊ စတာရစ်ခ်ျတို့နဲ့ လစ်ဗာပူးလ်ဂိုးမြူးပေမယ့် ပြိုင်ဘက်တိုက်စစ်ကသာ ထိထိရောက်ရောက်ထိုးဖောက်နိုင်ခဲ့ရင် ခံစစ်ပြိုပြီး လစ်ဗာပူးလ်ရုန်းရတတ်ပါတယ်။ ဒီတော့ ကွင်းလယ်မှာ အာတီတာနဲ့ ဖလာမီနီကို တွဲမသုံးခဲ့ရင်၊ ပိုဒေါစကီး၊ အိုဇေးလ်၊ ဂျီရော့၊ ရိုစစ်စကီးတို့ အစုအဖွဲ့နဲ့ အာဆင်နယ်ရလဒ်ကောင်းတစ်ခုရဖို့ မခက်ပါဘူး။

တစ်ခုရှိတာက ဒီပွဲပြီးရင် ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်က စောင့်ကြိုနေတော့ အာစင်ဝင်းဂါးအနေနဲ့ ဘယ်ပြိုင်ပွဲကို ပိုဦးစားပေးမလဲဆိုတာက စောင့်ကြည့်ချင်စရာပဲ။
ယေဘုယျအားဖြင့်တော့ ပြီးခဲ့တဲ့နှစ်ပွဲဆက် ရလဒ်မကောင်းခဲ့တဲ့အတွက် ဒီပွဲက လူစုံထုတ်ပြီး ရုန်းရမယ့်ပွဲပါ။ FA ဆိုတာကလည်း ဖလားလက်မဲ့အိပ်မက်ဆိုးတွေကို အဆုံးသတ်မယ့် အာဆင်နယ်အတွက် ဒီရာသီမှာ မျှော်လင့်ချင်စရာ အကောင်းဆုံးပြိုင်ပွဲလည်းဖြစ်နေတယ်။

ဒါပေမယ့် ချန်ပီယံလိဂ်ကိုသာ မဲပေးပြီး အရန်တချို့ပွဲထုတ်ခဲ့မယ်ဆိုရင် အာဆင်နယ် ရုန်းကန်ရနိုင်ပါတယ်။ ပုံမှန်လူစာရင်းအတိုင်း၊ ပုံမှန်ခြေစွမ်းအတိုင်းဆိုရင်တော့ ဒီပွဲဟာ အာဆင်နယ်အတွက် အနိမ့်ဆုံးသရေပါ။

ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် ၁-၀၊ ၂-၁ လောက်နဲ့ ကပ်နိုင်သွားနိုင်တယ်။

 
Page 3 of 211

Next Match:

Arsenal Vs Queens Park Rangers

Premier League  Match -18th

26th Dec 2014  - Friday

မြန်မာစံတော်ချိန် ည ၁၂း၀၀ နာရီ

 

 

Last Match:

Liverpool 2 : 2 Arsenal

Premier League Match 17th

21st Dec 2014 - တနင်္ဂနွေနေ့

မြန်မာစံတော်ချိန်ည ၁၀း၃၀ နာရီ


စပါး vs အာဆင်နယ်

Barclays Premier League

၁၆ မတ်လ ၊ ၂၀၁၄ - တနင်္ဂနွေ

မြန်မာစံတော်ချိန် ည ၁၀း ၃၀ နာရီ

ဧည့်ခန်း ထဲက လူစာရင်း

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

Kyi Pyar Yaung - Online Store

Arsenal FC Original Jersey & accessories Shop (Yangon)


Email : kpy.store@arsenalmyanmar.com



Facebook : https://www.facebook.com/pages/Kyi-Pyar-Yaung/

Arsenal FC Original Jersey and accessories Shop

EPL အမှတ်ပေးဇယား

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles:

ဂိုး အများဆုံး သွင်းထားသူများ

၂၂.၁၂.၂၀၁၄ အထိ
ပွဲ ဂိုး
Alexis 24+1 14
Olivier Giroud 5+5 6
Aaron Ramsey 18+3 6
Danny Welbeck 17+1 6
Santi Cazorla 20+5 4
Podolski 2+11 4
Chamberlain 17+10 2
Debuchy 10 1
Kieran Gibbs 18+1 1
Koscielny 13 1
Mikel Arteta 11+1 1
Jack Wilshere 13+3 1
Mesut Ozil 9 1
Chambers 21+3 1
Sanogo 5+1 1
ဘန်တနာ