You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar
Dec09

အာဆင်နယ်သို့ မိုရာတာပြောင်းရွှေ့မှုသည် ရီးရဲလ်သို့ ဆွာရက်ဇ်ရောက်မရောက်အပေါ် မူတည်နေ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

အာဆင်နယ်အသင်းသည် လာမည့်ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း မိုရာတာကို အငှားဖြင့်ခေါ်ယူနိုင်မှုသည် ရီးရဲသို့ လစ်ဗာပူးလ်တိုက်စစ်မှူး ရောက်မရောက်အပေါ် မူတည်နေကြောင်းသိရသည်။

ရီးရဲလ်အသင်းသည် ဆွာရက်ဇ်အား ယူရို ၇၁ သန်းဖြင့် ဆောင်းရာသီဈေးကွက်တွင် ခေါ်ယူရန်ပြင်ဆင်နေပြီး အကယ်၍သာ ယင်းအပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ပါက မိုရာတာအား အငှားချမည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။



 
Dec08

အာဆင်ဝင်းဂါး စာချုပ်သက်တမ်းတိုးရန် နီးစပ်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ် အသင်းမန်နေဂျာ အာဆင်ဝင်းဂါး စာချုပ်သက်တမ်းတိုးရန် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း Time မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ စာချုပ်သစ်သည် ပေါင်၂၄သန်း တန်ဖိုးရှိပြီး သုံးနှစ်ချုပ်ဆိုမည် ဖြစ်သည်။ စာချုပ်သက်တမ်းတိုးခဲ့ပါက အာဆင်ဝင်းဂါးသည် အာဆင်နယ် အသင်းကို နှစ်နှစ်ဆယ်ကျော် နည်းပြအဖြစ် တာဝန်ယူခြင်း ဖြစ်သည်။

အာဆင်ဝင်းဂါး၏ စာချုပ်သက်တမ်းသည် ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုနိုင်ရန်အတွက် အောက်တိုဘာလကတည်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများက ဆိုသည်။ ထို့အတူ သူ၏ ၀န်ထမ်းများ၊ ကစားသမားများအား အသင်းတွင် ကာလရှည် ဆက်ရှိနေမည်ဖြစ်ကြောင်း အာဆင်ဝင်းဂါးက ပြောကြားခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။

 
Dec08

Arsenal Vs Everton ပွဲကြိုသုံးသပ်ချက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) ကြိုတင်သုံးသပ်ကြည့်ခြင်း
---- # ---- # ---- # ----- #-----


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မန်ယူကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူပြီး နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအိုးထရက်ဖို့ဒ်နိုင်ပွဲတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ အဲဗာတန်ရဲ့ ခြေစွမ်းကတော့ အထင်ကြီးစရာပါပဲ။
ဒီနိုင်ပွဲကြောင့် သူတို့အနေနဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုက အမြင့်ဆုံးအနေအထားကို ရောက်ရှိနိုင်တာမို့လို့ အခုဒီအပတ်မှာအာဆင်နယ်အတွက်တော့ ခက်ခဲမယ့်ပွဲတစ်ပွဲပါ။

ဒီပွဲမှာ မာတီနက်ဇ်ခင်းကျင်းမယ့် ဗျူဟာပိုင်းကတော့ ခန့်မှန်းရလွယ်ပါတယ်။ မန်ယူကပွဲအတိုင်းပဲ Impressive Form ရောက်နေတဲ့ ဘာကလေကို Solo Attacking တွေနဲ့ မွှေနှောက်ခိုင်းမယ်။ ပီနာ၊ အော့စမန်၊ လူကာကူတို့ရဲ့ လှုပ်အား၊ တိုးအားတွေနဲ့ အာဆင်နယ်နောက်တန်းကိုထိုးနှက်မယ်။နောက်ဆုံး Over Lap တက်လာမယ့် အိုဗီဒို၊ကိုးလ်မန်းတို့ရဲ့ဖြတ်တင်ဘောတွေနဲ့ Chance တွေဖန်တီးမယ်။ ဂိုးတွေရယူမယ်။ အထူးသဖြင့် ဆက်ဂ်ညာမကစားနိုင်လို့ ယန်ကင်ဆင်ဝင်ကစားနေရတဲ့ အာဆင်နယ်ရဲ့ ညာခြမ်းဘက်ကနေ အဓိကထိုးဖောက်ကစားမယ့်ပုံပါ။ဒါဟာ မာတီနက်ဇ်ရဲ့ Master Plan တစ်ခုဖြစ်လာနိုင်ပါတယ်။

 
Dec07

ဘန်တနာဟာ အသင်းအတွက် အရေးပါနေဆဲဖြစ်ကြောင်း အာတီတာ ပြောကြား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမား အာတီတာက အသင်း၏ တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဘန်တနာသည့် မိမိတို့အသင်းအတွက် အရေးပါနေဆဲ ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဘန်တနာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ဟားလ်စီးတီးအသင်းနှင့် ပွဲစဉ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။



" ဟားလ်စီးတီးပွဲမှာ သူ (ဘန်တနာ) ဂိုးရရှိခဲ့တာ မထူးဆန်းပါဘူး။ သူဟာ အချိန်ပြည့်အလုပ်ကြိုးစားသူဖြစ်ပြီး အဲဒီအတွက် ထိုက်တန်တဲ့ရလဒ်ကို သူခံစားရတာပါ။ သူဟာ ရာသီကြိုကမှ အသင်းကို ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးပေးဆပ်နေသူပါ။ ဒီပွဲမှာ သူဟာ အခွင့်အရေးအများအပြားရရှိခဲ့ပြီး အဲဒီအခွင့်အရေးတွေကနေ ကောင်းမွန်တဲ့ ဂိုးတစ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ် " ဟု အာတီတာက ဟားလ်စီးတီးပွဲမှ ဘန်တနာခြေစွမ်းအပေါ် မှတ်ချက်ပြုခဲ့သည်။

 
Dec06

လက်လျော့လိုက်ပါ ဘာစီလိုနာ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် လိုအပ်တဲ့ လူငယ်ကစားသမား အများစုကို စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဒီအချိန်မှာ အာဆင်ဝင်းဂါးဟာ ၀မ်းသာနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ကစားသမား ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အာရွန်ရမ်းဆေးဟာ ဒီရာသီမှာ အထူးခြေစွမ်းပြနေတဲ့အတွက် ပါပဲ။ ဒီ ဝေလနယ်သားရဲ့ ခြေစွမ်းဟာ ဒီရာသီရဲ့ ပြောစမှတ်ပြုဖွယ် တစ်ခုဆိုလည်း မမှားပါဘူး။ အာဆင်နယ်ပရိသတ်တွေသာမ ပရီးမီးယားလိဂ် တစ်ခုလုံး သူ့အကြောင်းပြောနေကြမယ် ထင်ပါတယ်။

 
Dec05

EPL: Full Match & Highlight Arsenal 2 vs 0 Hull City - 4th December 2013

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

Arsenal 2 vs 0 Hull City

 
Dec04

Arsenal Vs Hull City ပွဲကြိုသုံးသပ်ချက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်၏ ပရီးမီးယားပွဲစဉ် (၁၄) အား ကြိုတင်ခန့်မှန်းကြည့်ခြင်း
---- # ---- # ---- # ---- # ---- # ----

ပွဲစဉ် - အာဆင်နယ် Vs. ဟားလ်စီးတီး
ကစားမည့်ကွင်း - အမ်းမရိတ်
ကစားမည့်အချိန် - ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက် ၂း၃၀
---- ---- ---- ----
ဒီဇင်ဘာပွဲကျပ်မတိုင်ခင် အခု ဟားလ်စီးတီးကို ရင်ဆိုင်ရမည့်ပွဲက အာဆင်နယ်အတွက် အကြိုခြေသွေးမယ့်ပွဲ ဖြစ်လာမှာပါ။
ဒီပွဲပြီးရင် အဲဗာတန်၊ မန်စီးတီး၊ ချဲလ်ဆီးတို့နှင့် ဆက်တိုက်ရင်ဆိုင်ရမည့် အာဆင်နယ်ဟာ ဒီပွဲမှာ သုံးမှတ်အပြည့်ရယူဖို့ မဖြစ်မနေပြင်ဆင်လာပါလိမ့်မယ်။


 
Dec02

ချက်ဇနီ၏ ပွဲပြီးပြောစကား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်း ဂိုးသမား ချက်ဇနီက မိမိတို့အနေဖြင့် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သော စနေနေ့က ကာဒစ်ဖ်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယားကို လေးမှတ်ဖြတ်ကာ ဦးဆောင်နေသည်။

 

 
Nov29

အာဆင်နယ်သို့ ပြောင်းရွှေ့ချင်နေတဲ့ ဒီယေဂို

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ဝုဖ်ဘတ် ကွင်းလယ်လူ ဒီယေဂိုဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်နေသော အာဆင်နယ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြာင်း သိရပါတယ်။ ဒီရာသီမှာ ၂ ဂိုးဖန်တီး ပေးထားတဲ့ ဒီယေဂိုဟာ နောက်နှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီယေဂိုဟာ ဘရာဇီးကစားသမား တစ်ဦးဖြစ်ပြီး အသက်၂၈နှစ် အရွယ်ရှိပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်တယ်လို့ ပြောလာပါတယ်။


 
Nov29

ဥရောပမှာ အောင်မြင်မှု ရယူချင်တဲ့ ဆဂ်ညာ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် ၁၂မှတ် ရယူထားနိုင်သော်လည်း အုပ်စုအဆင့်မှ လွတ်မြောက်ခြင်း မရှိသေးပေ။ သို့သော်လည်း ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။ အုပ်စုနောက်ဆုံးပွဲစဉ်တွင် နာပိုလီကွင်းတွင် သရေ သို့မဟုတ် သုံးဂိုးနှင့် အထက် မရှုံးနိမ့်ပါက ရှုံးထွက်အဆင့်သို့ တက်ရောက်မည် ဖြစ်သည်။


သို့သော်လည်း နောက်ခံလူ ဆက်ဂ်ညာက ၎င်းတို့အနေဖြင့် ဥရောပတွင် အောင်မြင်မှု ရယူရန် ရည်ရွယ်ထားကြောင်း ပြောကြားလိုက်သည်။

 
Page 7 of 212

Next Match:

Brighton Vs Arsenal

THE FA CUP

25th Jan 2015  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ

 

 

Last Match:

Man City 0-2 Arsenal

Premier League  Match -22

18th Jan 2015  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ


စပါး vs အာဆင်နယ်

Barclays Premier League

၁၆ မတ်လ ၊ ၂၀၁၄ - တနင်္ဂနွေ

မြန်မာစံတော်ချိန် ည ၁၀း ၃၀ နာရီ

ဧည့်ခန်း ထဲက လူစာရင်း

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

Kyi Pyar Yaung - Online Store

Arsenal FC Original Jersey & accessories Shop (Yangon)


Email : kpy.store@arsenalmyanmar.com



Facebook : https://www.facebook.com/pages/Kyi-Pyar-Yaung/

Arsenal FC Original Jersey and accessories Shop

EPL အမှတ်ပေးဇယား

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles:

ဂိုး အများဆုံး သွင်းထားသူများ

 

၁၉.၁.၂၀၁၅ အထိ
ပွဲ ဂိုး
Alexis 29+1 18
Danny Welbeck 19+1 7
Olivier Giroud 8+5 7
Aaron Ramsey 18+3 6
Santi Cazorla 25+5 6
Podolski 2+11 4
Chamberlain 20+11 2
Koscielny 16 2
Debuchy 13 1
Kieran Gibbs 19+2 1
Mikel Arteta 11+1 1
Jack Wilshere 13+3 1
Mesut Ozil 9+1 1
Chambers 23+5 1
Sanogo 5+1 1
Rosicky 5+7 1
Mertesacker 16 1
ဘန်တနာ