
နိုင်ငံတကာပွဲများ မစတင်မှီ စောစောစီးစီး ဈေးဦးပေါက်သွားသော ဘန်တနာ
တိုက်စစ်မှုး ဘန်တနာသည် ဒိန်းမတ်အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေစဉ် ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့သည် ဟုဆိုသည်။ မည်သူနှင့်မျှ ထိခိုက်မိခြင်းမဟုတ်ပဲ အပြေးလေ့ကျင့်နေစဉ် ဖြစ်သွားခြင်း ဖြစ်ပါတယ်။ အဆိုပါဒဏ်ရာကို ရေခဲအိတ်ကပ်ခဲ့ရပြီး မည်မျှပြင်းထန်သည်ကိုမူ မသိရသေးပေ။
ဘလက်ဘန်းနှင့် ပွဲတွင် ပြန်လည် ကစားနိုင်တော့မည့် ဖာဘရီဂတ်စ်
ဒဏ်ရာကြောင့် နားနေရတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် ဖာဘရီဂတ်စ်က ဘလက်ဘန်းနဲ့ အိမ်ကွင်းမှာ ကစားမယ့်ပွဲအမှီ ပြန်လည် ကြံ့ခိုင်လာနိုင်မယ်လို့ မျှော်လင့်နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
ဖာဘရီဂတ်စ်သည် ဘာစီလိုနာအသင်းအား ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဒဏ်ရာကြောင့် မန်ယူကို ရှုံးနိမ့်ခဲ့သော အက်ဖေ ဖလားကွာတားဖိုင်နယ် အပါအ၀င် ပြီးခဲ့သော အပတ်က ၀က်စ်ဘရွန်းနှင့် စိတ်ပျက်ဖွယ် နှစ်ဂိုးစီသရေကျ ခဲ့သောပွဲတို့ကို လွဲချော်ခဲ့သည်။
ဖာဘရီဂတ်စ်သည် ယခုရာသီတွင် ဒဏ်ရာများဖြင့် ရုန်းကန်နေရသည်။ သို့သော် သူသည် ယခုအခါ စတင်၍ပြေးနိုင်ပြီ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အသင်းခေါင်းဆောင်တာဝန် ပြန်လည် ရယူရန် မျှော်လင့်လျက်ရှိနေသည်။
သူက “ ကျွန်တော့် ဒဏ်ရာက သက်သာလာပါပြီ။ တနင်္လာနေ့က စပြီးပြေးနိုင်လွှားနိုင်ခဲ့ပါတယ်။ အရာအားလုံး အဆင်ပြေနေပါတယ်။ ကျွန်တော့်အနေနဲ့ အချိန်ယူဖို့ လိုအပ်ပါတယ် ဘာ့လို့လဲဆိုတော့ ဒီရာသီမှာ ကျွန်တော်ဟာ ဒဏ်ရာတွေနဲ့ လုံးထွေးနေခဲ့ရပါတယ်။ အခုဒဏ်ရာကနေ သက်သာလာခဲ့အခါ အရင်ကထက် ပိုပြီး ကြံ့ခိုင်သန်စွမ်းချင် ပါတယ်။ ဒါဆိုရင် နောက်ထပ် ဒဏ်ရာ ရဖို့နည်းနည်း ခက်သွားမှာပေါ့ဗျာ။ တကယ်လို့ မျှော်လင့်ထားတဲ့ အတိုင်းဆိုရင်တော့ ကျွန်တော့်ကို ဘလက်ဘန်းနဲ့ ပွဲမှာ ပြန်မြင်ရမှာပေါ့။ ” ဟု Twitter Follwer ဗီဒီယို ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။
ယခုရာသီတွင် ဖာဘရီဂတ်စ်သည် ပရီးမီးယားလိဂ် ၁၈ပွဲသာ ပွဲထွက်ကစားထားခဲ့သည်။
လူငယ်ဂိုးသမားလေး ချက်ဇနီသည် မေလ ၁ ရက်နေ့တွင် အမ်းမရိတ်ကွင်းကြီးတွင် ကစားမည့် မန်ယူ ပွဲတွင် ပြန်လည် ကစားနိုင်မယ်ဟု ဆိုပါသည်။
ပခုံဒဏ်ရာ ရရှိသွားသော နောက်ခံလူ ဂျိုးရူးသည်လည်း စပါးအသင်းနှင့် အဝေးကွင်းသွားရောက် ကစားရမည့် ပွဲတွင် ပြန်လည်ကစားနိုင်မည့်ဟု မျှော်လင့်ထားပါသည်ဟု သတင်းရရှိပါတယ်။
Ref:www.soccer.net






Comments
နာစရီ
ဗန်ပါစီ
ဝီရှဲလ် .. ပြေးယင်းနဲ့ ခလုတ်တိုက်ကြပါေ စဗျား
(မှတ်ချက်။ ။ ဒါဏ်ရာမှာ ၅ ရက်ခန့်ကြာသော အသေးစားမျိုးသား ဖြစ်ရမည်။)
a real good news.
Thanks.
ကြံကြံဖန်ဖန်ကွာ ။ ဒိန်းမတ်တသင်းလုံးမှာ အာကြီးက တယောက်ဘဲ ဒဏ်ရာရရလား။
RSS feed for comments to this post.