Dial Square .. အာဆင်နယ် (သို့ မဟုတ်) ဂန္တဝင်မှတ်တိုင်(၁၂၅)





အင်္ဂလန်မြေက ဘောလုံးသင်းတစ်သင်း၊ အင်အားကြီး ဘောလုံးသင်းတစ်သင်း၊ အောင်မြင်မှု မှတ်တိုင်တွေ အများအပြားစိုက်ထူခဲ့တဲ့ ဘောလုံးသင်းတစ်သင်း… စတဲ့ ဂုဏ်ပုဒ်တွေ ရှိတဲ့ အာဆင်နယ်အသင်းဟာ သက်တမ်း ၁၂၅နှစ် တိုင်ခဲ့ပါပြီ။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ၁၂၅နှစ်ပြည့် အခမ်းအနားကို ဒီနေ့ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာ အာဆင် နယ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ အဖြစ် အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယနေ့ ပွဲကို လာရောက်ကြည့်ရှုကြမယ့် အာဆင်နယ် ပရိသတ်တွေကို ပွဲချိန် မတိုင် မီ စောစောလာခဲ့ကြဖို့ တိုက်တွန်းထားပါတယ်။
အာဆင်နယ်အသင်းရဲ့ သမိုင်းတလျောက် အသင်းအပေါ်မှာ ပေးဆပ်ခြင်းများစွာ ပေးဆပ်ခဲ့တဲ့ ဂန္တ၀င် ကစားသမားအများအပြားဟာလည်း ပရိသတ်များနဲ့အတူ ရောက် ရှိလာကြမှာ ပါ။ အီမရိတ်ကွင်းရဲ့ ပတ်ပတ်လည်မှာတော့ ဂန္တ၀င်ကစားသမားတွေ၊ ပရိသတ်တွေ၊ မမေ့နိုင်တဲ့ အဖြစ်အပျက်တွေရဲ့ အကြောင်းအရာတွေကို အလံတွေ၊ တံခွန်တွေ၊ ပိုစတာတွေနဲ့ အီမ ရိတ်ကွင်း အနှံ့ စိုက်ထူးထားမယ်လို့ သိရပါတယ်။
Dial Square လက်နက်ထုတ်လုပ်ရေး စက်ရုံကစတင် သန္ဓေတည်ခဲ့တဲ့ အာဆင်နယ်အသင်း၏ ပထမဆုံး တည်ထောင်သူတွေရဲ့ မျိုးဆက်တွေလည်း ဒီပွဲကို တက်ရောက် မှာဖြစ် ပါ တယ်။ အသင်းရဲ့ ဖခင်ကြီးတွေလို့ ပြောလို့ရတဲ့ သူတို့တတွေရဲ့ အခန်းကဏ္ဍကိုလည်း ထုတ်ဖော်ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်။
ဖရက်ဒ်ဘရဒ်စ်လေဟာ သူ့ရဲ့ အသင်းဟောင်း နော်တင်ဟမ်ဖောရက်စ် အသင်းကနေပြီး အားကစားပစ္စည်းများကို အာဆင်နယ်အသင်းအတွက် ရယူပေးခဲ့ပါတယ်။ သူ့ရဲ့မျိုးဆက်ဖြစ် သူက အာဆင်နယ်အသင်းရဲ့ အားကစားပစ္စည်းဆိုင်ရာ မန်နေဂျာ ဗစ်အကာ့စ်နဲ့အတူ ပွဲမတိုင်ခင် အ၀တ်လဲခန်းကို ပြင်ဆင်မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဒန်စ်ကင်ရဲ့ မျိုးဆက်တွေကတော့ ပွဲမှာ ကန်မယ့် ဘောလုံးကို ဒိုင်လူကြီးဟောင်းဝတ်ဒ်ဝက်ဘ်ရဲ့ လက်ကိုပေး အပ်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒိုင်လူကြီး ဟောင်းဝတ်ဒ်ဝက်ဘ်က ခြောက်ပဲနိတန် အကြွေကို ခေါင်းပန်းလှန်ပြီး စပေးဘောပေးမယ့် အသင်းကို ရွေးချယ်မှာဖြစ်ပါတယ်။ ဘာ့လို့ ခြောက်ပဲနိတန်အကြွေကို သုံးရလဲဆိုတော့ အာဆင်နယ်အသင်းကို စတင်တည်ထောင်သူများဟာ တစ်ယောက်ကို ခြောက်ပဲနိစီစုပြီး အသင်း အတွက် ဘော လုံး ၀ယ်ခဲ့ ကြ လို့ပါပဲ။
အမှတ်တရ ပွဲနေ့အစီအစဉ်စာရွက်ကို အရယူဖို့လည်း ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အဲ့ဒီအထဲကနေပြီး အဖိုးတန် ရွှေလက်မှတ် ၁၂၅စောင် ရနိုင် တဲ့ အခွင့်အရေးရှိနေလို့ပါပဲ။ အဲ့ဒီ ၁၂၅စောင်ကနေပြီး ဒီသမိုင်းဝင်နေ့မှာ အသင်းသား၁၈ယောက် ၀တ်ဆင်ခဲ့တဲ့ အင်္ကျီကို ရရှိနိုင်သလို အမှတ်တရ သရေဘောလုံးတစ်လုံးကို ရယူနိုင် ပါတယ်။
အထက်ပါအစီအစဉ်များအပြင် အခြားသော စိတ်လှုပ်ရှားဖွယ်အစိအစဉ်များစွာလည်း ပါရှိနေသည်။
အခမ်းအနားအစီအစဉ်များ
၁၃း၃၀ တွင် ၁၇၆၂ခုနှစ်ကတည်းက တည်ထောင်ခဲ့သော တော်ဝင်အမြောက်တပ်နှင့် သံစုံတီးဝိုင်းတို့မှ အီမရိတ်ကွင်း အပြင်ဖက်တွင် တီးမှုတ်မည်။
၁၃း၄၅ တွင် ကမ္ဘာကျော် အားကစားပစ္စည်းအမှတ်တံဆိပ် Nike ၏ ''125 Project'' ကို တင်ဆက်မည်။ အဆိုပါအစီအစဉ်တွင် အင်္ဂလန်နိုင်ငံတ၀ှမ်းနှင့် ကမ္ဘာတလွှားမှ ပရိသတ်များ၏ လက်ရာများ ပါဝင်မည်ဖြစ်သည်။
၁၄း၁၅ တွင် တော်ဝင်အမြောက်တပ်နှင့် သံစုံတီးဝိုင်းမှ အီမရိတ်ကွင်းအတွင်း တီးခတ်မည်။
၁၄း၄၀ တွင် အသင်း၏ ဂန္တ၀င်ကစားသမားများ ကွင်းအတွင်း ၀င်ရောက်မည်။
၁၄း၅၀ တွင် ပရိသတ်များ၊ ဂန္တ၀င်ကစားသမားဟောင်းကြီးများနှင့် အာဆင်နယ် လူငယ်ကစားသမား ၂၀တို့ ပါဝင်သော A guard of honor
၁၄း၅၉ တွင် ဒေးဗစ်ဒန်စ်ကင်၏ မျိုးဆက်များက ပွဲတွင် အသုံးပြုမည့် ဘောလုံးကို ဒိုင်လူကြီး ဟောင်းဝတ်ဝက်ဘ်လက်သို့ ပေးအပ်မည်။
၁၅း၀၀ ဒိုင်လူကြီးက ခြောက်ပဲနိတန် အကြွေဖြင့် စပေးဘော ပေးမည့်သူ့ကို ဆုံးဖြတ်ပြီး ပွဲကို စတင်မည်။
Comments
နောင် နှစ်ပေါင်း ၁၂၅ နဲ့ပေါင်း ၂၅၀ တိုင်အောင် အောင်မြင်ပျော်ရွှင်
ဆုဖလားကို ကိုင်မြှောက်နို င်စေသောဝ်.......
RSS feed for comments to this post.