လာမည့် တနင်္ဂနွေနေ့ မှာတော့ ကျွန်တော်တို့ရဲ့ အာဆင်နယ်အသင်း ဟာ မန်စီးတီး အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ဆော့ကစားရမှာဖြစ်ပါတယ်။ ဒီပွဲဟာ အာဆင်နယ်အသင်း အ တွက် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်သလို မန်စီးတီး အတွက်အသင်းအတွက်လဲ အလွန် အရေးပါတဲ့ပွဲတစ်ပွဲ ဖြစ်နေပါတယ်။ကျွန်တော်တို့ အာဆင်နယ်အသင်း အနိုင်ဖို့ဆိုရင် အချက်တွေ များစွာ လိုအပ်မယ်လို့ထင်ပါတယ်။စာရေးသူအထင်အနေနဲ့ ပြောရရင်တော့ အာဆင်နယ်အတွက် အချက် (၃)ချက်ကအဓိကဖြစ်နေဖို့ လိုအပ်ပါတယ်။ အကယ်၍ အဲဒီအ ချက်တွေ သာရှိမယ်ဆိုရင် အာဆင်နယ်အသင်း အတွက်နိုင်ပွဲတစ်ပွဲဆိုတာ မခက်တော့ပါဘူး။

၁။ ပရိသတ်များရဲ့ တက်တက်ကြွကြွနဲ့ အားပေးမှုပါ။
ဘောလုံးပွဲတစ်ပွဲမှာ ကွင်းအတွင်းပရိသတ်တွေရဲ့ တက်တက်ကြွကြွ အားပေးမှုဟာလည်း အဓိကအရေးပါနေပါတယ်။ ပရိသတ်တွေ့ရဲ့အားပေးမှုကြောင့် အရှုံးကနေအနိုင် ရ လဒ်ဖော်ဆောင်ပေးနိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပွဲတွေမှာ ပရိသတ်တွေရဲ့ အား ပေးမှု ကို သိပ်မမြင်တွေ့ရပါဘူး။ ဒါကြောင့်ဘဲ အာဆင်နယ်အသင်းက နေထွက်သွားတဲ့ နာစရီ က မန်စီးတီးအသင်းစရောက်ပြီးချိန်တွင် သူအနေနဲ့မန်စီးတီး ပရိသတ်တွေရဲ့အားပေးမှုကို အာဆင်နယ်အသင်းမှာ တစ်ခါမှ မရခဲ့ဘူးလို့ပြောခဲ့ပါတယ်။ အထက်မှာ ပြထားပုံ ကတော့ အာဆင်နယ် ကွင်းအတွင်းပရိသတ်တွေရဲ့ပုံ ဥပမာပေါ့ဗျာ။

၂။ အသင်းသားတွေအားလုံး စုစုစည်းစည်းနဲ့ကစားနိုင်ဖို့ပါ။
အသင်းတစ်သင်းရဲ့ နိုင်ပွဲဟာ ကစားသမားတွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ဘယ်ပွဲမှာ ကစားသမားတွေ စုစည်းမှု ရှိမလဲ အဲဒီးပွဲမှာ ဂိုးဖို့ဆိုတာ ကတော့ မခက်တော့ ပါဘူး (နိုင်ပွဲရမှာကတော့ မလွဲဧကန်ပေါ့ဗျာ)။
အာဆင်နယ်အသင်း တိုက်စစ်မှာရှိတဲ့(ဂါဗင်ဟို၊ ၀ဲလ်ကော့၊ဗန်ပါစီ) ကစားသမားများတွေ အနေနဲ့ စုစုစည်းစည်းနဲ့ တိုက်စစ်ဆင်ပြီး ဂိုးသွင်းယူနိုင်ဖို့အလွန်အရေးကြီးပါတယ်။ဗန်ပါစီနဲ့ ပတ်သက်ပြီးတော့ ဘယ်သူမှ သံသယရှိနေမှာ မဟုတ်ပါဘူး။ သူကတော့ အာဆင်နယ်အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှုးပါ။ အခုလက်ရှိအာဆင်နယ်မှာရှိနေတဲ့ တိုက် စစ်မှုးတွေကို ဆန်း စစ်ကြည့်ပါ။ ဘောလုံးစွမ်းရည် ပြည့်ဝပြီး အဆုံးသတ် ကောင်းနေတာကတော့ ဗန်ပါစီ တစ်ယောက်ပဲ ရှိနေပါတယ်။ဗန်ပါစီအနေနဲ့ ရတဲ့အခွင့်အရေးတွေကို ပိုင်ပိုင် နိုင်နိုင် အသုံး ချ နိုင် ဖို့ပါဘဲ။
ဂါဗင်ဟိုကိုခေါ်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအတွက်တော့ အရမ်းကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုလို့ ပြောလို့ရနေပါပြီး။အဆုံးသတ် အားနည်းပေမဲ့ တိုက်စစ်မှူးတွေ ဂိုး သွင်းနိုင်အောင် ဖန်တီးနိုင်မှုတွေကို အကြိမ်ကြိမ် လုပ်ပေးနေပါတယ်။တိုက်စစ်မှာရှိတဲ့ ဗန်ပါစီ ကိုဂိုးသွင်းခွင့် ကောင်းကောင်းရအောင် ပံ့ပိုးမှု ၊ဖန်တီးပေးနိုင်ဖိုအလွန်လိုအပ်ပါတယ်။
ဝဲလ်ကော့ ရဲ့ခြေစွမ်းဟာရာသီအစမှာ ဘယ်လိုမှ အားရဖွယ် မရှိဘူး။ နောက်ဆုံးဆော့ကစားလိုက်တဲ့ ပွဲငါးပွဲမှာ တော့ အလွန်အရေးပါတဲ့ ကစားဖြစ်ခဲ့ရပါတယ်။သူအနေနဲ့ ပုံမှန်ခြေ စွမ်းပြန်ရနေပြီးလို့ဆိုနိုင်ပါတယ်။ မန်စီးတီးပွဲ မှာတော့ စာရေးသူအထင်ပြောရရင်တော့ ဝဲလ်ကော့ကို အဓိက ထားပြီးဆော့မယ်လိုထင်ပါတယ်။ဝဲလ်ကော့ဟာသူရဲ့အပြေး speed ကို သုံးပြီး ဗန်ပါစီဂိုးသွင်းနိုင်ရအောင် ဖန်တီးပေးဖို့ကလည်းအဓိကအရေးပါနေပါတယ်။သူတို့သုံးယောက် အဲဒီးလိုဖြစ်နေရင်၊ လုပ်နိုင်ရင်တော့ အဲဒီးပွဲဟာ အာဆင်နယ်အသင်း အတွက် အနိုင်ရလဒ်ပေါ့။
၃။ အသင်းရဲ့နောက်တန်းက ခိုင်ခိုင်မာမာနဲ့ ကျစ်လစ်နေဖို့ပါ။
အသင်းတစ်သင်းမှာ အလွန်အရေးပါတဲ့ နောက်တစ်ခုကတော့ အသင်းရဲ့ နောက်တန်းပါဘဲ။ အာဆင်နယ်အသင်းရဲ့နောက်တန်းက ခိုင်ခိုင်မာမာနဲ့ ကျစ်လစ်နေဖို့လိုအပ်ပါတယ်။ တိုက် စစ်ကဂိုးသွင်းလိုက်တယ်၊နောက်တန်းကလွယ်လွယ် နဲ့ဂိုးပေးလိုက်တယ်။ ဒါကတော့အာဆင်နယ်အသင်း မှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လေးပါ။အာဆင်နယ်အသင်းအနေနဲ့ကံဆိုးတာ ကေ တာ့နောက်တန်းကစားတွေ ဒဏ်ရာရရှိနေမှုပါ၊ဆန်းတိုစ့် ဒဏ်ရာရရှိသွားတာဟာ အာဆင်နယ်အသင်းအတွက် ထိုးနက်ချက်တစ်ခုပါ၊ဒါပေမဲ့ ဂစ်ဘ်ဒဏ်ရာကေ နပြန်ကောင်းေ နပြီ လို့ သိရပါတယ်။ဆန်းတိုစ့် နေရာမှာ ဂစ်ဘ် ဆော့ကစားပါလိမ့်မယ်။
ဗာမေလန်ဒဏ်ရာ ရနေတဲ့ ရာသီအစမှာ အာဆင်နယ်အသင်းရဲ့ နောက်တန်းဟာ အတော်လေးကို ယိုးယွင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဗာမေးလန် ပြန်ကောင်းလာနိုင်တဲ့ အချိန်ကစပြီး အာဆင်နယ်အသင်း နောက်တန်းဟာ သိသိသာသာခိုင်ခိုင် ကျစ်လျစ်လာခဲ့ပါတယ်။ ရာသီစမှာ ဆိုးရွားခဲ့တဲ့ အာဆင်နယ်အသင်း နောက်တန်းကြောင့် ခုဆိုအာ ဆင်နယ် အသင်း ဟာ ပေးဂိုး (၂၃)ဂိုးအထိ ရှိနေပါပြီး။ ဗာမေလန်နဲ့ အသစ်ခေါ်ယူခဲ့တဲ့ မာတီဆက်ကာ တို့အတွဲဟာ နားလည်မှုတွေနဲ့ တည်ငြိမ်မှုရှိနေပါပြီး။ ကိုစီယန်နီအနေနဲ့လည်း ပွဲထွက် ခွင့် ရတဲ့ အချိန်မှာ နေရာရဖို့ အတွက် ကြိုးစားကစား လာတာကိုတွေ့မြင်ရပါတယ်။
အာဆင်နယ်အသင်းနောက်တန်း ကကျစ်လစ်မှု တွေနဲ့ တစ်ဖက်အသင်းရဲ့တိုက်စစ်ကိုဟန့်တားနိုင်ခဲ့ရင်တော့ အာဆင်နယ်အသင်းကအနိုင်ရမှာပါ။ကျွန်တော်တို့ အာဆင်နယ်အသင်း အနိုင်ရဖို့ ကျွန်တော်တို့တွေ အင်တိုက်အားတိုက် အားပေးလိုက်ကြတာပေါ့။
AM ပရိသတ်များကိုလေးစားစွာဖြင့်
Mr.Yan Naing
Comments
RSS feed for comments to this post.