You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar

အဲဗာတန် - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

 

ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ အသင်းကြီးအများစု ဥရောပပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရတာကြောင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာပါတယ်။ ချန်ပီယံဆုအတွက် မန်ယူ၊ မန်စီးတီး နှစ်သင်း အပြိုင်လုနေသလို၊ ချန်ပီယံ လိဂ်ဝင်ခွင့်အတွက် စပါး၊ အာဆင်နယ်၊ ချဲလ်ဆီးစတဲ့ အသင်းတွေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အဆင့်(၃) နေရာက စပါးအသင်းကို ကျော်တက်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ်တွေ အားလုံးကို ဗိုလ်လုပွဲကဲ့သို့ သဘောထား ကစားရမှာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အခုတစ်ပတ်မှာတော့ ဖျက်မြင်းအဆင့်ရှိတဲ့ အဲဗာတန်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရတော့ မှာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ဒဏ်ရာရကစားသမားတစ်ချို့ ပြန်လည် ကောင်းမွန်လာမှု၊ ကွင်းလယ်ကစားသမား Rosicky ခြေစွမ်းပြမှုနဲ့ အတူတူ နိုင်ပွဲတွေ ဆက်နေသလို အဲဗာတန်အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာ နောက်ဆုံး (၄) ရာသီဆက် ရှုံးပွဲမရှိသေးဘဲ တစ်ပွဲသရေ၊ သုံးပွဲနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါအပြင် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်ပြီးဆုံးကတည်း က အနားရရှိထားတာကြောင့် အင်သစ်အားသစ်ဖြစ်နေမှာ အမှန်ပါပဲ။ အဲဗာတန်အသင်းကလည်း အသင်းငယ် တွေနဲ့ တွေ့ရင် ခြေစွမ်းက စိတ်မချရသလောက် အသင်းကြီးတွေနဲ့ တွေ့ရင် ခြေစွမ်းက ထက်မြက်လာတတ် တာကို သတိပြုရမှာပါ။ အိမ်ကွင်းရလဒ်ပိုင်းကို ကြည့်မယ်ဆိုရလည်း (၆)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၅)ပွဲရှုံးရလဒ်ကို ပိုင် ဆိုင်ထားပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာတော့ အဲဗာတန်အသင်းအနေနဲ့ သရေရလဒ်ကို မျှော်မှန်းပါလိမ့်မယ်။ အာဆင်နယ်အသင်းမှာ ဒဏ်ရ ရ နောက်တန်းကစားသမားအချို့ ပြန်လည်ကောင်းမွန်လာတာကြောင့် ခံစစ်ပိုင်းက အမှားနည်းနေတာကိုလည်း တွေ့ရပါတယ်။ အလယ်တန်းမှာလည်း ရိုဆစ် ခြေစွမ်းပြနိုင်နေတာ ကြောင့် ကွင်းလယ်အင်အားက မာကျောမှုရှိနေပါတယ်။ ရှေ့တန်းကလည်း ဗန်ပါစီကို ဖန်တီးမှု ကောင်းကောင်း ပေးပို့နိုင်မယ်ဆိုရင် အာဆင်နယ်အနေနဲ့ အနိုင်ရဖို့  မခက်ခဲပါဘူး။

နောက်ဆုံးငါးပွဲရလဒ်များ

အဲဗာတန်                  D(A)   W(H)  D(A)   W(H)  L(A)

အာဆင်နယ်                  W(H)  W(A)   W(H)  W(A)   W(H)

၂၀၀၅ ခုနှစ်နောက်ပိုင်း အဲဗာတန် အိမ်ကွင်း ဆုံတွေ့ခဲ့သမျှ

၂၀၀၆ - ၀၇               အဲဗာတန်        ၁ - ၀  အာဆင်နယ်

၂၀၀၇ - ၀၈                အဲဗာတန်       ၁ - ၄  အာဆင်နယ်

၂၀၀၈ - ၀၉               အဲဗာတန်        ၁ - ၁  အာဆင်နယ်

၂၀၀၉ - ၁၀               အဲဗာတန်        ၁ - ၆  အာဆင်နယ်

၂၀၁၀ - ၁၁               အဲဗာတန်        ၁ - ၂  အာဆင်နယ်

ဖြစ်နိုင်ဖွယ်ရလဒ်

အဲဗာတန်  ၁ - ၂  အာဆင်နယ်

ဖြစ်နိုင်ဖွယ်လူစာရင်း

ရှက်ဇနီ


ဆက်ဂ်ညာ-----ကိုစီနီ-----ဗာမေလန်-----ဂစ်

ဆောင်း----------အာတီတာ

ဝဲလ်ကော့-------ရိုဆစ်စကီး-------ချိန်ဘာလိန်

ဗန်ပါစီ


  JP-Bookmark

Comments  

 
+1 #2 GunnerMyitzutar 2012-03-22 04:21
ကဲ.. အနိုင်အရှုံးရော ဂိုးကွာခြားချက် ရောတူလို့  လေးမှတ်ပေးပါတယ် ..
 
 
+4 #1 ChanMyae 2012-03-21 14:24
ဟုတ်တယ်ဗျာ ငဗန်ကြီးကို သာ များများ အခွင့်အရေးရအောင

လုပ်ပေးနိုင်ရင် ဂိုးတောင်ပြတ်သွားဦးမယ်။
 

Next Match:

Brighton Vs Arsenal

THE FA CUP

25th Jan 2015  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ

 

 

Last Match:

Man City 0-2 Arsenal

Premier League  Match -22

18th Jan 2015  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ


စပါး vs အာဆင်နယ်

Barclays Premier League

၁၆ မတ်လ ၊ ၂၀၁၄ - တနင်္ဂနွေ

မြန်မာစံတော်ချိန် ည ၁၀း ၃၀ နာရီ

ဧည့်ခန်း ထဲက လူစာရင်း

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

Kyi Pyar Yaung - Online Store

Arsenal FC Original Jersey & accessories Shop (Yangon)


Email : kpy.store@arsenalmyanmar.com



Facebook : https://www.facebook.com/pages/Kyi-Pyar-Yaung/

Arsenal FC Original Jersey and accessories Shop

EPL အမှတ်ပေးဇယား

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles:

ဂိုး အများဆုံး သွင်းထားသူများ

 

၁၉.၁.၂၀၁၅ အထိ
ပွဲ ဂိုး
Alexis 29+1 18
Danny Welbeck 19+1 7
Olivier Giroud 8+5 7
Aaron Ramsey 18+3 6
Santi Cazorla 25+5 6
Podolski 2+11 4
Chamberlain 20+11 2
Koscielny 16 2
Debuchy 13 1
Kieran Gibbs 19+2 1
Mikel Arteta 11+1 1
Jack Wilshere 13+3 1
Mesut Ozil 9+1 1
Chambers 23+5 1
Sanogo 5+1 1
Rosicky 5+7 1
Mertesacker 16 1
ဘန်တနာ