
ပြီးခဲ့တဲ့ ပွဲစဉ် (၃၀) မှာ အက်စတွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ နိုင်ပွဲဟာ (၇) ပွဲဆက် ခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ရာသီအစတုန်းက ရလဒ်တွေ မကောင်းခဲ့သလောက် အခုပွဲစဉ်တွေ ပြီးဆုံးခါနီးမှာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ရာသီလက်ကျန်ကို ခရီးဆက်နေတာဟာ ပရိတ်သတ်တွေအတွက်တော့ အားရစရာ တစ်ခုဖြစ်ခဲ့ပါ တယ်။ ယခုပွဲစဉ်(၃၁) မှာတော့ ကျူပီအာအသင်းကို သူတို့ရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။
ကျူပီအာအသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ် (၂၉) မှာ လီဗာပူးလ်အသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ခြေစွမ်းက ချီးကျူးစရာပါပဲ။ ဒါပေမယ့် အိမ်ကွင်း (၁၅)ပွဲ ကစားထားတဲ့အချိန်မှာ (၃)ပွဲနိုင်၊ (၅)ပွဲ သရေ၊ (၇)ပွဲရှုံးရလဒ်ကတော့ စိတ်ပျက်စရာတစ်ခုပါပဲ။ ကျူပီအာအသင်းဟာ တန်းဆင်းဇုန်ဖိအား ရှိနေတာကြောင့် ဒီပွဲစဉ်မှာ အိမ်ကွင်းအားနဲ့ အားကုန်ရုန်းပါလိမ့်မယ်။ ကျူပီအာ အသင်းမှာ အာဆင်နယ်အသင်းအတွက် မမေ့နိုင်တဲ့ လူတစ်ဦးဖြစ်တဲ့ ဂျိုယေးဘာတန်ကစားနေတာကြောင့် အသင်းမှာ သူသာပွဲထွက်လာမယ်ဆိုရင် အာဆင်နယ်အသင်းအနေနဲ့ ဘယ်လိုပြဿနာမျိုးတွေ ကြုံမယ်ဆိုတာကတော့ စိတ်ဝင်စား စရာတစ်ခုပါပဲ။ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေကတော့  ပုံမှန်ခြေစွမ်းပြသနေတာကြောင့် နည်းပြအာစင် ၀င်းဂါး အနေနဲ့ ကစားသမားတွေကို အလှည့်ကျ သုံးစွဲနေရပေမယ့်လည်း ဒီပွဲစဉ်မှာတော့ အနိုင်ရရှိဖို့ မခက်ခဲပါဘူး။ ကျူပီအာ အသင်း အနေနဲ့ သရေရလဒ်ကိုသာ မျှော်မှန်းရမှာပါ။
ကျူပီအာအိမ်ကွင်းတွင် နောက်ဆုံး (၄) ကြိမ်တွေ့ဆုံခဲ့မှု
၁၉၉၂ - ၉၃ ကျူပီအာ ၀ - ၀ အာဆင်နယ်
၁၉၉၃ - ၉၄ ကျူပီအာ ၁ - ၁ အာဆင်နယ်
၁၉၉၄ - ၉၅ ကျူပီအာ ၃ - ၁ အာဆင်နယ်
၁၉၉၅ - ၉၆ ကျူပီအာ ၁ - ၁ အာဆင်နယ်
အသင်းများ၏ နောက်ဆုံးငါးပွဲရလဒ်
ကျူပီအာ L (H) D(H) L(A) W(H) L(A)
အာဆင်နယ် W(H) W(A) W(H) W(A) W(H)
ဖြစ်နိုင်ဖွယ်ရလဒ်
ကျူပီအာ ၀ - ၂ အာဆင်နယ်
နှစ်ဖက်အသင်း၏ ဖြစ်နိုင်ဖွယ်လူစာရင်း
ကျူပီအာ
ကန်နီ
လုခ်ယန်း ------အိုနူအိုဟာ ------အန်တန်ဖာဒီနန် ------ တိုင်ဂို
ရိုက်ဖီးလစ် ------ဒါရီ ------ ဒီယာကီတီ ------ တားရက်ဘ်
ဇာမိုရာ ------- ဘို့သ်ရွိုက်
အာဆင်နယ်
ရှက်ဇနီ
ဆက်ဂ်ညာ...... ကိုစီနီ......ဗာမေလန်.......ဂစ်ဘ်
ဆောင်း.....အာတီတာ
ဝဲလ်ကော့......ရိုဆစ်........ဂါဗင်ဟို
ဗန်ပါစီ





Comments
RSS feed for comments to this post.