You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar

AM Forum Lastest Topics

" Super Sunday နေ့ မှာပရိသတ်တွေနဲ့  စည်ကားနေမယ့် အမ်းမရိတ်ကွင်းကြီး "

Link megosztása: Del.icio.usTwitterFacebookDigg

ပရိသတ်တွေ စောင့်ဆိုင်းနေခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကောင်းတွေထဲက ပွဲစဉ်ကောင်းတစ်ပွဲဟာ မကြာမီ ရောက်ရှိလာတော့မှာပါ။ ပရီးမီးယားလိဂ်ရာသီ ကုန်ဆုံးချိန်နီးလာလေလေ  ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာလည်း ပိုပိုပြီး စိတ်ဝင်စားဖွယ် ကောင်းလာလေပါဘဲ။ အခုဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေပြီးဆုံးဖို့ အသင်းတိုင်း နောက်ထပ် ၇ပွဲစီသာ ကျန်ရှိတော့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) အဖြစ်မနက်ဖြန်  Super Sunday နေ့ မှာ အိမ်ကွင်း အမ်းမရိတ်ကွင်းတွင် မန်စီးတီးအသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ ဒီပွဲဟာ ဘောလုံးချစ်ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ် ကောင်းတဲ့ပွဲတစ်ပွဲပါဘဲ။

 

ပရိသတ်အများစုကတော့ မန်စီးတီးအသင်းဘက်နေ အားပေးနေပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင် ပရီးမီးယားလိဂ်တန်းစီဇယား အမှတ်စဉ် ၁ နဲ့ အမှတ်စဉ် ၂ နေရာအတွက် မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ နှစ်သင်းဟာ ယှဉ်ပြိုင်နေကြပါတယ်။ မန်ယူအသင်း နဲ့ မန်စီးတီးအသင်း တို့ နှစ်သင်း ပြိုင်ဆိုင်မှုဟာလည်း စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနှစ်သင်းထဲက ဘယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာမလဲဆိုတာပါဘဲ။ မန်ယူအသင်းရဲ့ နည်းပြ၊ကစားသမားများ နှင့် ပရိသတ်များက အာဆင်နယ်အသင်းဘက်နေ အားပေးနေပါလိမ့်မယ်။ တနည်းအားဖြင့် အာဆင်နယ်အသင်းကို အနိုင်ရစေချင်ပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ်ပါ ထိုအသင်း(မန်ယူ ၊ မန်စီးတီး) နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက် သေချာသလောက်ရှိနေပါပြီး။

ဒါပေမဲ့ ပရီးမီးယားလိဂ်တန်းစီဇယား အမှတ်စဉ် ၃ နဲ့ အမှတ်စဉ် ၄ နေရာအတွက်တော့ အာဆင်နယ်အသင်း ၊ စပါးအသင်း ၊ ချဲလ်ဆီးအသင်း ၊ နယူးကာဆယ်အသင်း တို့ က အပြိုင် ယှဉ်ပြိုင်ပြီး နေရာလုနေရတုံးပါဘဲ။ ထိုကြောင့် အခု အာဆင်နယ်အသင်း နဲ့ မန်စီးတီးအသင်းတွေဆုံချိန်မှာ အာဆင်နယ်အသင်းနဲ့ နေရာလု ပြိုင်ဘက်တွေဖြစ်တဲ့ စပါးအသင်း ၊ ချဲလ်ဆီးအသင်း ၊ နယူးကာဆယ်အသင်း တို့ ပရိသတ်တွေက မန်စီးတီးအသင်းဘက်ကနေ အားပေးနေကြမှာပါ ၊တနည်းအားဖြင့် မန်စီးတီးအသင်းကို အနိုင်ရစေချင်ပါလိမ့်မယ်။

မန်စီးတီးအသင်းအတွက် ဒီပွဲဟာ အနိုင်ရဖို့ အလွန်အရေးကြီးသလို  အာဆင်နယ်အသင်းအတွက်လည်း အနိုင်ရဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို အနိုင်ရမှ ချန်ပီယံဆုအတွက် မျှော်မှန်းခွင့်ရှိမှာပါ။ ဒီအတိုင်းပါဘဲ အာဆင်နယ်အသင်းအတွက်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်သေချာဖို့အတွက် ဒီပွဲဟာ အနိုင်ရဖို့အရေးကြီးနေပါတယ်။

မန်စီးတီးအသင်းနည်းပြ မန်စီနီ က ငှင်းတို့အသင်းက ကျန်ရှိတဲ့ ပွဲစဉ် ၇ပွဲလုံးကို အနိုင်ကစားပြီး ချန်ပီယံဆုကို အရယူမယ့်လို့ပြောဆို ကြိမ်ဝါးနေသလို အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးကလည်း ငှင်းတို့ အာဆင်နယ်အသင်းက ပုံစံတစ်မျိုးအသစ်ဖြင့် နှင့် မန်စီးတီးအသင်းအား ရင်ဆိုင်ပြီး  အနိုင်ယူသွားမယ်လို့ ပြောဆိုထားပါတယ်။ ဒါကြောင့် ဒီပွဲဟာ ပိုပြီးစိတ်ဝင်စားဖွယ် ကောင်းလာခဲ့ပါတယ်။

ကဲ..… ဒီပွဲရဲ့ ရလဒ်ဟာ ဘယ်လိုတွေ ဘာတွေဖြစ်ပြီး ဘယ်အသင်းက ဘယ်အသင်းကို ဘယ်လိုအနိုင်၊ ဘယ်လိုအရှုံးမျိုးနဲ့ ဘယ်လိုပွဲပြီးပြီး ဘယ်ပရိသတ်တွေက ဘယ်လိုပျော်ရွှင်ပြီး ဘယ်ပရိသတ်တွေက ဘယ်လို စိတ်ပျက်သွားမလဲဆိုတာကိုတော့ ကျွန်တော်တို့တွေ အားလုံးစောင့်ကြည့်ကြတာပေါ့။


  JP-Bookmark

Comments  

 
+2 #2 kyaw lay 2012-04-08 14:02
super sunday မှာ အမြှောက်ဆံ ဘယ်နှစ်လုံး သုံးမှာလဲ အာကြီးရေ
 
 
+5 #1 ခရမ်းပြာ 2012-04-08 09:58
my hEr0 Gunner ~ shoot this bird .... & get 3 marks ....
 

Next Match:

ကျူပီအာ  vs အာဆင်နယ်

ပရီးမီးယား လိဂ်

၎၊ မေလ  ၊ ၂၀၁၃ - စနေနေ့

မြန်မာစံတော်ချိန် ည ၂၃း၀၀ နာရီ


Last Match:

အာဆင်နယ် ၁ : ၁ မန်ယူ

ပရီးမီးယား လိဂ်

၂၈ ဧပြီလ  ၊ ၂၀၁၃ - တနင်္ဂနွေနေ့

မြန်မာစံတော်ချိန် ည ၂၁း၃၀ နာရီ

AM ဧည့်ခန်း

AM ဧည့်ခန်းထဲ ရောက်လာကြတဲ့ အာဆင်နယ် ညီအစ်ကိုများ အားလုံး မင်္ဂလာပါ။

Latest Message: 3 hours, 8 minutes ago
  • rain : 12:45 AM Sanogo relishing summer move to Arsenal The 20 - year - old is set to leave Auxerre to join the Gunners when his contract expires, and he has revealed he snubbed other offers to join the north London outfit
  • ခရမ်းပြာ : တွေ့ရတာ ၀မ်းသာပါတယ်
  • ko htite : ခရမ်းပြာ ဆိုတာ ယောက်ျားလား မိန်းခလေး မသိပေမဲ့ အာကြီး ပရိတ်သတ်အချင်းချင်းသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်
  • ko htite : ကျွန်တော်က အောင်လံမြို့နယ်ထဲက ကသစ်ကန်ရွာကပါ
  • ခရမ်းပြာ : ရန်ကုန်ကပါ
  • ko htite : AM မှအကိုများခင်ဗျား အာဆင်နယ်အသင်း wallpaper ရှိရင်တင်ပေးပါလားဗျာ ကျွန်တော့ကွန်ပျူတာမှာ တင်ထားချင်လို့ ကူညီပါဗျာ
  • ko htite : ခရမ်းပြာ ရှိနေရင် စကားပြောချင်လို့
  • ko htite : ခရမ်းပြာ ဘယ်ကလဲ
  • Chanmyae : ကဲ champion league ဝင်ခွင့်တော့ရပြီ။ ဘယ်သူတွေ ရောက်လာမလဲ မသိဘူး၊(ဘယ်သူမှ ထွက်မသွားအောင် အရင်ဆုတောင်းရမယ်ထင်တယ်)
  • ko htite : ကျွန်တော်က အာဆင်နယ် ဘယ်လောက်ပဲ ကျရှုံးနေပါစေ အမြဲတမ်း အာကြီး ပရိတ်သတ်ပါ
  • ko htite : hi သူငယ်ချင်းအားလုံးမင်္ဂလာပါ
  • ခရမ်းပြာ : မင်္ဂလာပါ
  • ခရမ်းပြာ : အပေါ်က greeting က အာဂျိကိုကို လက်ချက်ပဲ ဖစ်ရမယ်
  • ayechannyinyizaw : hi
  • Argyi Koko : AM ဧည့်ခန်းထဲ ရောက်လာကြတဲ့ အာဆင်နယ် ညီအစ်ကိုများ အားလုံး မင်္ဂလာပါ။
  • guru : hi
  • rain : မင်္ဂလာပါ......
  • rain : ARSENAL_FLAG Very Happy Very Happy Very Happy Laughing Laughing Laughing AM_GUNNER
  • ayechannyinyizaw : hi
  • Mr.Yan Naing : ARSENAL_FLAG Smile
  • BigR : ဒီ နေ့ အာကြီး က ဖိစီးမှုတွေနဲ့ လုံးဝ မကောင်းဘူး
  • BigR : နှလုံးရောဂါ ရလောက်တယ်နော်
  • MgEverArsenal : yEs we win
  • BigR : ဘယ်သူတွေ ရှိကြလဲ
  • BigR : ဟိုင်း
  • aikoo : ARSENAL_FLAG
  • MrArsenalCrazy : ကဲဘူမှမရှိဘူး နာတစ်ယောက်ထဲ မွှေလို့ရပီ Mr. Green
  • MrArsenalCrazy : တက်မလာကျသေးတာ
  • MrArsenalCrazy : ဘာလို့ပါလိမ့်ဒီနေ့လူ မရှိကျပါလား စုရပ်ကိုမရောက်ကျသေး လို့လား
  • MgEverArsenal : hi hi

Only registered users are allowed to post

ဧည့်ခန်း ထဲက လူစာရင်း

  • pyusawhtee

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

အမှတ်ပေးဇယား

စဉ်

2012/2013 ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား
ပွဲ ရမှတ်
မန်ယူ ၃၈ ၈၉
မန်စီးတီး ၃၈ ၇၈
ချယ်လ်ဆီး ၃၈ ၇၅
အာဆင်နယ် ၃၈ ၇၃
စပါး ၃၈ ၇၂
အဲဗာတန်
၃၈
၆၃
လီဗာပူး ၃၈
၆၁
ဝက်စ်ဘရွန်း ၃၈ ၄၉
ဆွမ်ဆီး ၃၈ ၄၆
၁၀ ဝက်စ်ဟမ်း ၃၈ ၄၆
၁၁ နော်ဝှခ်ျ ၃၈ ၄၄
၁၂ ဖူဟမ် ၃၈ ၄၃
၁၃ စတုတ် ၃၈
၄၂
၁၄ ဆောက်တန်သမ် ၃၈ ၄၁
၁၅ ဗီလာ ၃၈ ၄၁
၁၆ နယူးကာဆယ် ၃၈ ၄၁
၁၇ ဆန်းဒါးလန်း ၃၈ ၃၉
၁၈ ဝီဂန် ၃၈ ၃၆
၁၉ ရီးဒင်း ၃၈ ၂၈
၂၀ ကျူပီအာ ၃၈ ၂၅
updated on May 20th, 2013

၃၈

ဂိုး အများဆုံး သွင်းထားသူများ

၂၀.၀၅.၂၀၁၃ အထိ
ပွဲ ဂိုး
ဝေါကော့ ၄၃
၂၁
ဂျီရူး ၄၇ ၁၇
ပိုဒေါ့စကီး
၄၂ ၁၆
ကာဇိုလာ ၄၉ ၁၂
ဂျာဗင်ဟို
၂၆
အာတီတာ ၄၃
ကိုစီယယ်နီ ၃၄
ရိုဆစ်စကီး ၁၆

ချာမက်
ဝီရှိုင်းယား ၃၃
မာတီဆက်ကာ ၄၄
ချိန်ဘာလိန် ၃၃
ရမ်ဆေး ၄၇

ဗာမေလန် ၃၉
အာရှာဗင်
ဂစ် ၃၄
မီကွယ်
မွန်ရီရယ် ၁၁
ဘန်တနာ

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles: