
ပရိသတ်တွေ စောင့်ဆိုင်းနေခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကောင်းတွေထဲက ပွဲစဉ်ကောင်းတစ်ပွဲဟာ မကြာမီ ရောက်ရှိလာတော့မှာပါ။ ပရီးမီးယားလိဂ်ရာသီ ကုန်ဆုံးချိန်နီးလာလေလေ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာလည်း ပိုပိုပြီး စိတ်ဝင်စားဖွယ် ကောင်းလာလေပါဘဲ။ အခုဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေပြီးဆုံးဖို့ အသင်းတိုင်း နောက်ထပ် ၇ပွဲစီသာ ကျန်ရှိတော့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) အဖြစ်မနက်ဖြန် Super Sunday နေ့ မှာ အိမ်ကွင်း အမ်းမရိတ်ကွင်းတွင် မန်စီးတီးအသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ ဒီပွဲဟာ ဘောလုံးချစ်ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ် ကောင်းတဲ့ပွဲတစ်ပွဲပါဘဲ။
ပရိသတ်အများစုကတော့ မန်စီးတီးအသင်းဘက်နေ အားပေးနေပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင် ပရီးမီးယားလိဂ်တန်းစီဇယား အမှတ်စဉ် ၁ နဲ့ အမှတ်စဉ် ၂ နေရာအတွက် မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ နှစ်သင်းဟာ ယှဉ်ပြိုင်နေကြပါတယ်။ မန်ယူအသင်း နဲ့ မန်စီးတီးအသင်း တို့ နှစ်သင်း ပြိုင်ဆိုင်မှုဟာလည်း စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနှစ်သင်းထဲက ဘယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာမလဲဆိုတာပါဘဲ။ မန်ယူအသင်းရဲ့ နည်းပြ၊ကစားသမားများ နှင့် ပရိသတ်များက အာဆင်နယ်အသင်းဘက်နေ အားပေးနေပါလိမ့်မယ်။ တနည်းအားဖြင့် အာဆင်နယ်အသင်းကို အနိုင်ရစေချင်ပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ်ပါ ထိုအသင်း(မန်ယူ ၊ မန်စီးတီး) နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက် သေချာသလောက်ရှိနေပါပြီး။
ဒါပေမဲ့ ပရီးမီးယားလိဂ်တန်းစီဇယား အမှတ်စဉ် ၃ နဲ့ အမှတ်စဉ် ၄ နေရာအတွက်တော့ အာဆင်နယ်အသင်း ၊ စပါးအသင်း ၊ ချဲလ်ဆီးအသင်း ၊ နယူးကာဆယ်အသင်း တို့ က အပြိုင် ယှဉ်ပြိုင်ပြီး နေရာလုနေရတုံးပါဘဲ။ ထိုကြောင့် အခု အာဆင်နယ်အသင်း နဲ့ မန်စီးတီးအသင်းတွေဆုံချိန်မှာ အာဆင်နယ်အသင်းနဲ့ နေရာလု ပြိုင်ဘက်တွေဖြစ်တဲ့ စပါးအသင်း ၊ ချဲလ်ဆီးအသင်း ၊ နယူးကာဆယ်အသင်း တို့ ပရိသတ်တွေက မန်စီးတီးအသင်းဘက်ကနေ အားပေးနေကြမှာပါ ၊တနည်းအားဖြင့် မန်စီးတီးအသင်းကို အနိုင်ရစေချင်ပါလိမ့်မယ်။
မန်စီးတီးအသင်းအတွက် ဒီပွဲဟာ အနိုင်ရဖို့ အလွန်အရေးကြီးသလို အာဆင်နယ်အသင်းအတွက်လည်း အနိုင်ရဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို အနိုင်ရမှ ချန်ပီယံဆုအတွက် မျှော်မှန်းခွင့်ရှိမှာပါ။ ဒီအတိုင်းပါဘဲ အာဆင်နယ်အသင်းအတွက်ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်သေချာဖို့အတွက် ဒီပွဲဟာ အနိုင်ရဖို့အရေးကြီးနေပါတယ်။
မန်စီးတီးအသင်းနည်းပြ မန်စီနီ က ငှင်းတို့အသင်းက ကျန်ရှိတဲ့ ပွဲစဉ် ၇ပွဲလုံးကို အနိုင်ကစားပြီး ချန်ပီယံဆုကို အရယူမယ့်လို့ပြောဆို ကြိမ်ဝါးနေသလို အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးကလည်း ငှင်းတို့ အာဆင်နယ်အသင်းက ပုံစံတစ်မျိုးအသစ်ဖြင့် နှင့် မန်စီးတီးအသင်းအား ရင်ဆိုင်ပြီး အနိုင်ယူသွားမယ်လို့ ပြောဆိုထားပါတယ်။ ဒါကြောင့် ဒီပွဲဟာ ပိုပြီးစိတ်ဝင်စားဖွယ် ကောင်းလာခဲ့ပါတယ်။
ကဲ..… ဒီပွဲရဲ့ ရလဒ်ဟာ ဘယ်လိုတွေ ဘာတွေဖြစ်ပြီး ဘယ်အသင်းက ဘယ်အသင်းကို ဘယ်လိုအနိုင်၊ ဘယ်လိုအရှုံးမျိုးနဲ့ ဘယ်လိုပွဲပြီးပြီး ဘယ်ပရိသတ်တွေက ဘယ်လိုပျော်ရွှင်ပြီး ဘယ်ပရိသတ်တွေက ဘယ်လို စိတ်ပျက်သွားမလဲဆိုတာကိုတော့ ကျွန်တော်တို့တွေ အားလုံးစောင့်ကြည့်ကြတာပေါ့။
Comments
RSS feed for comments to this post.