
ပရီးမီးယားလိဂ်ပွဲစဉ်(၃၂) အဖြစ် အမ်းမရိတ်ကွင်းကြီးတွင် အိမ်ရှင် အာဆင်နယ်အသင်း နှင့် ဧည့်သည် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၁ဂိုး ၀ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို အနိုင်ရရှိခဲ့သော ရလဒ်ကြောင့် အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် တန်းစီဇယားအဆင့် (၃)နေရာတွင်တည်တံ့စွာ ရပ်တည်ခွင့်ရခဲ့ပါသည်။
ယခုပွဲတွင် အာဆင်နယ်အသင်းသည် မန်စီတီးအသင်းအား ထိုက်တန်စွာ အနိုင်ရခဲ့ပြီး အမှတ်ပြည့် ရမှတ်(၃)မှတ်ကို အရယူနိုင်ခဲ့ပါသည်။ ယခုပွဲတွင် အာဆင်နယ်အသင်းသားများ၏ ခြေစွမ်းမှာ ချီးကျူဖွယ်ရာကောင်းခဲ့ပါသည်။ ထိုအပြင် မန်စီးတီးအသင်းက အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့သည်အတွက် ငှင်းတို့၏ ပရီးမီးယားလိဂ် ဖလား မျှော်လင့်ချက်မှာ ပျက်သွားခဲ့ရပါသည်။ အာဆင်နယ်အသင်း၏ ပွဲထွက်လူစာရင်းမှာ မန်စီးတီးအသင်း၏ ပွဲထွက်လူစာရင်းမှာ

ပထမပိုင်းပွဲစစချင်းမှာတော့ အာဆင်နယ်အသင်းက အိမ်ရှင်အသင်းပီပီ မန်စီးတီး အသင်းဘက်ကို တစ်ဖက်သက်ဖိကစား နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်း ကတော့ တန်ပြန်တိုက်စစ်ကိုသာ အသုံးပြုပြီး ဆော့ကစားခဲ့ရပါတယ်။ ပွဲကစားချိန် (၁၀) မိနစ်နောက်ပိုင်းမှာတော့ တစ်ဖက်နဲ့ တစ်ဖက် အပြန်လှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန်(၁၅)ကျော်ခန့်မှာ အသင်းနယ်အသင်း အပိုင်ဂိုးတစ်ဂိုးရမယ့် အခွင့်အရေးတစ်ခု နစ်နာခဲ့ရပါတယ်။ ဒီဂိုးကတော့ ရရှိလာတဲ့ ဘယ်ထောင့်ကန်ဘောကို အာတီတာ ထောင်တင်ပေးလိုက်ရာ ဗန်ပါစီ နှင့် ဗာမေလန် တို့ ခေါင်းတိုက်သွင်းလိုက်ရာတွင် နားလည်မှုအနည်းငယ် လွဲပြီး ဂိုးမဝင်တော့ ဘဲ ဂိုးအပေါ်ဘားတန်းနဲ့ဘဲထိပြီး ပြန်ထွက်သွားခဲ့ပါတယ်။ ပြန်ထွက်လာတဲ့ ဘောလုံးကို ရိုဆစ်စကီး ခေါင်းတိုက်လိုက်ရာ ဂိုးလွန်ဘောဘဲ ဖြစ်ခဲ့ရပါတယ်။

ပွဲကစားချိန်(၃၄) မိနစ်ခန့်မှာ မန်စီးတီးအသင်း ဦးဆောင်ဂိုးရဖို့ဖြစ်သွားခဲ့ပါတယ်။ မန်စီးအသင်းတိုက်စစ်ကစားသမား ဘလော့တယ်လီထံသို့ နောက်တန်းကနေ ဘောလုံးကို ထောင်တင်ပေးလိုက်ရာ ဘလော့တယ်လီ ဘောလုံးကို ဆွဲပြေးရန်ပြင်ချိန်တွင် အာဆင်နယ်အသင်း ဂိုးသမား ဆက်ဇနီ အပြင်း ပြေးထွက်ပြီး ကန်ဖြတ်ထုတ်နိုင်ခဲ့လို့ အာဆင်နယ်အသင်း ဂိုးပေးရမယ့်အဖြစ်ဆိုးကနေ ကံကောင်းခဲ့ရပါတယ်။
ပထမပိုင်း တစ်ပိုင်းလုံးတွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးရအောင် စွမ်းဆောင်မှုများ မပြုလုပ်နိုင်ခဲ့သဖြင့် ဂိုးမရှိ (အာဆင်နယ် ၀ - ၀ မန်စီးတီး) ရလဒ် နဲ့ဘဲ ပထမပိုင်းပြီးဆုံးသွားခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စချိန်မှာလည်း အာဆင်နယ်အသင်းကဘဲ တစ်ဖက်သက်ဖိပြီး ဆော့ကစားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၅၀)မိနစ်နောက်ပိုင်းမှာတော့ ပွဲဟာ ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းပြီး ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာခဲ့ပါတယ်။ မန်စီးတီးအသင်းကလည်း တိုက်စစ်ဆင်ခွင့်များ ရရှိခဲ့သော်လည်း ခြေပဂိုးအဖြစ်ပြောင်းလဲမှု မပြုနိုင်ခဲ့ပါဘူး။ ထိုနည်းတူ အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဗန်ပါစီ၏ အပိုင်ခေါင်းတိုက်ချက် ဂိုးဘေးတိုင်နဲ့ထိပြီး ဂိုးမရခဲ့ပါဘူး။
ပွဲကစားချိန် (၅၆)မိနစ်ကျော် လောက်မှာ အာဆင်နယ်အသင်း လူစားလဲ ခဲ့ပါတယ်။ ဂစ်ဘ် အစား ဆန်းတိုစ့်၊ ပွဲကစားချိန် (၇၈)မိနစ်မှာ ဘီနာယောင် အစား ရမ်ဆေး ၊ ပွဲကစားချိန်(၈၆)အရောက်မှာ ဝဲလ်ကော့ အစား ချန်ဗာလိန် ကို ထပ်မံလူစားလဲ ကစားစေခဲ့ပါတယ်။ လူစားလဲမှုများ ပြုလုပ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ မန်စီးတီး အသင်းပိုတိုက်စစ်ကစားရင်နဲ့ ပွဲကစားချိန် (၈၇)မိနစ်အရောက်မှာ အာဆင်နယ်အသင်းတစ်လုံးတည်းသော အနိုင်ဂိုး တစ်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ အာဆင်နယ်အသင်းကွင်းလယ်ကစားသမား အာတီတာ မန်စီးတီးအသင်းကစားသမားထံမှ အမှတ်တမဲ့ ဘောလုံးလုယူပြီး ပိုင်နယ်တီဧရိယာ အပြင်ဘက်မှ မန်စီးတီးအသင်း ဂိုးသမား၏ ဘယ်ဘက်သို့ အပြင်းကန်သွင်းပြီး ဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။


ပွဲကစားချိန် (၈၉)ခန့်မှာ မန်စီးတီးအသင်းတိုက်စစ်ကစားသမား ဘလော့တယ်လီ ၂ ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။
ကျန်နာကျင်အချိန်မှာ ၄မိနစ်မှာလည်း အာဆင်နယ်အသင်း အပိုင်အခွင့်အရေးတစ်ခုထပ်မံ နစ်နာခဲ့ရပါတယ်။ ဒီအပိုင်အခွင့်အရေးကို ရိုဆစ်စကီး တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲယူလာပြီး ဘယ်တောင်ပံမှာရှိနေတဲ့ ရမ်ဆေးအားဘောလုံးပေးလိုက်ရာ ရမ်ဆေးကဂိုးဧရိယာအတွင်းဆွဲသွား၍ တစ်ကိုယ်ကောင်းဆန်ပြီး ဂိုးပေါက်သို့ ကန်သွင်းလိုက်ရာ အံဖွယ်စွာ ဂိုးပေါက်နှင့် လွဲချော်ပြီး ဂိုးလွန်ဘောဘဲဖြစ်ခဲ့ရပါတယ်။
ပွဲပြီးချိန်မှာတော့ (အာဆင်နယ်အသင်း ၁ - ၀ မန်စီးတီးအသင်း)ရလဒ်ြဖင့် အိမ်ရှင် အာဆင်နယ်အသင်းက ဧည့်သည် မန်စီးတီးအသင်းကို အမ်းမရိတ်ကွင်းတွင် ထိုက်တန်စွာ အနိုင်ရရှိခဲ့ပါသည်။
ယနေ့ပွဲ၏ Man Of The Match ဆုကိုတော့ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ် ကစားသမား အာတီတာ က ရရှိခဲ့ပါသည်။

ကစားသမားတစ်ဦးစီအပေါ်သုံးသပ်ချက်
ဆက်ဇနီ -သူဟာ နောက်တန်း ကစားသမားတွေရဲ့ တိကျတဲ့ ကာကွယ် ဟန့်တားမှုတွေကြောင့် အလုပ်များများကြီး မလုပ်ခဲ့ရပါဘူး။ ဒါပေမဲ့ မြန်ဆန်တဲ့ အရှေ့တက်ဖျက်ထုတ်ဟာ အရေးပါအရာရောက်ခဲ့ပါတယ်။
ဆက်ဂ်နာ - နောက်တန်းညာဘက်ခြမ်းကနေ ဘောလုံးကို ကောင်းမွန်စွာ ဟန့်တားနိုင်ခဲ့ပါတယ်။ သူရဲ့ပိတ်ဆို့ ဟန့်တားကာကွယ်မှုတွေကြောင့် မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ဘလော့တယ်လီ ခြေစွမ်း ပျောက်ဆုံးခဲ့ရပါတယ်။ ဒီအပြင် တိုက်စစ်အထိ လိုက်ပါပြီးကစားခဲ့တဲ့အတွက် တစ်ဖက်အသင်း နောက်တန်းကစားသမားတွေ အလုပ်ရှုပ်ခဲ့ရပါတယ်။
ကော့စီယန်းနီ - သူဟာ နောက်တန်းမှာ ဗာမေလန်နဲ့ အတူ အတွဲညီညီနဲ့ တစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ကောင်းမွန်စွာ ဟန့်တားနိုင်ခဲ့ပါတယ်။
ဗာမေလန် - သူဟာ နောက်တန်းမှာ ကောင်းကောင်းကြီး ကစားနိုင်ခဲ့ပါတယ်။သူရဲ့ ထိန်းချုပ်နိုင်ခဲ့မှုကြောင့် တစ်ဖက်အသင်း တိုက်စစ်ကစားသမား အဂူရို ခြေစွမ်းပျောက်သွားခဲ့ပါတယ်။
ဂစ်ဘ် - သူဟာ တိုက်စစ်အထိလိုက်ပါ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်နောက်တန်းမှာတော့ အားနည်းမှုတွေ ရှိခဲ့ပါတယ်။ သူရဲ့ အားနည်းမှုတွေကို ကွင်းလယ်ကစားသမား ဆောင်း ၊ အာတီတာ နဲ့ ကွင်းလယ်တောင်ပံကစားသမား ဘီနာယောင်တို့က အသီးသီး ဖြည့်ကစားပေးခဲ့ရပါတယ်။
ဆောင်း - သူဟာ ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ နောက်တန်းကို ဆင်းပြီးကာကွယ် ဟန်တားပေးခဲ့တဲ့ အပြင် အလယ်အဖျက်မှာပါ ကောင်းမွန်စွာ ကစားပေးနိုင်ခဲ့ပါတယ်။ သူရဲ့ဟန့်တားမှုတွေကြောင့် မန်စီးအသင်းကွင်းလယ်ကစားသမား နာစရီ တိုက်စစ်ဆင်ဖို့အတွက် အခွင့်အရေး မရဖြစ်ခဲ့ရပါတယ်။
ရိုဆစ်စကီး - သူ ပုံမှန်ခြေစွမ်း ပြန်ရနေတာဟာ အသင်းအတွက် အတော်ကို ကံကောင်းစေခဲ့ပါတယ်။ သူဟာ တိုက်စစ်ကို ပံ့ပိုးမှု တစ်ချို့ပြုလုပ်နိုင်ခဲ့ပါတယ်။ သူရဲ့ ဘောလုံးဖြန့်ဝေမှုကြောင့် တစ်ဘက်အသင်းနောက်တန်းကစားသမားများ အလုပ်ရှုပ်စေခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကို အသုံးပြုပြီး ဘောလုံးဖြန့်ဝေမှုကြောင့် တစ်ဘက်အသင်းနောက်တန်းကစားသမားများ အလုပ်ရှုပ်စေခဲ့ပါတယ်။
အာတီတာ - သူ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ အားနည်းနေတဲ့ နေရာ မှန်သမျှကို အကောင်းဆုံးဖြည့်စွက် ကစားနိုင်ခဲ့ပါတယ်။ ဒီအပြင် အသင်းအတွက် အရေးပါတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။
ဝဲလ်ကော့ - သူဟာ ပုံမှန်ခြေနီးပါးလောက်ဘဲ ကစားနိုင်ခဲ့ပါတယ်။သူဟာ ညာတောင်ပံမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ပွဲ ၂ ပွဲလောက်တော့ ခြေစွမ်း မရရှိခဲ့ပါဘူး။
ဘီနာယောင် - သူဟာ ဘယ်တောင်ပံဘက်ကနေ တစ်ချို့ ချိန်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ လစ်ဟာသွားတဲ့ ဂစ်ဘ် နေရာကို နောက်တန်းအထိ ဆင်းပြီး ဝင်ရောက် ဖြည့်စွက် ကစားပေးနိုင်ခဲ့ပါတယ်။
ဗန်ပါစီ - သူဂိုးပေါက်ပျောက်နေခဲ့ပါတယ်။ ဒါပေမဲ့ သူရဲ့ လုပ်ဆောင်မှုတွေကြောင့် တစ်ဖက်အသင်းကစားများ အလုပ်ရှုပ်စေခဲ့တာတော့ အမှန်ပါဘဲ။
ချန်ဗာလိန် - အချိန်အနည်းငယ်သာ လူစားလဲမှုကနေတစ်ဆင့် ဝင်ဆော့ခဲ့ရတဲ့အတွက် သူရဲ့ စွမ်းဆောင်နိုင်မှုတွေကို ထုတ်ဖော် မပြသနိုင်ခဲ့ပါဘူး
ရမ်ဆေး - သူဟာ လူစားလဲမှုကနေတစ်ဆင့် ဝင်ဆော့ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုများနှင့် တစ်ဖက်အသင်း ဂိုးသမား ကို ချိန်းခြောက် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူကြောင့် အာဆင်နယ်အသင်း ဒုတိယ ဦးဆောင်ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
ဆန်းတိုစ့် - ဒဏ်ရာကနေ ကောင်းလာခဲ့တဲ့ သူဟာ လူစားလဲမှုကနေတစ်ဆင့် ဝင်ဆော့ကစားခဲ့ပြီး သူရဲ့တာဝန်တွေကို ကောင်းမွန်စွာ တာဝန်ယူပြီးဆော့ကစားနိုင်ခဲ့ပါတယ်။





Comments
ဟိုငပေါက မှီတော.မယ်...
ရမ်ဆေးတစ်ကိုယ်ေ ကာင်းဆန်လို.ပါ
ပါစီ. ခမျာဂိုးက၊ံခေနေ တာ....
ကြိုက်တယ်ကွာ ဒီနှစ်ရဲ့ အမှတ်တရ ပွဲတစ်ပွဲ ပါဘဲ
သူ့ရဲ့ မမောမပန်း တစ်ပွဲလုံးပြေးလွှားလှုပ်ရှားနေတာ တကယ့်အသင်းခေါင်းဆောင်ပီသပါပေတယ်..
RSS feed for comments to this post.