အာဆင်နယ် အသင်းသည် ကာလအတန်ကြာ စောင့်စားခဲ့ရသော ပိုလ်ဒေါစကီး၏ အပြောင်းအရွှေ့ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ပိုဒေါလ်စကီးသည် ယခုလာမည့် နွေရာသီတွင် အာဆင်နယ် အသင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ပြောင်းရွှေ့ကြေးကိုမူ နှစ်သင်းလုံးက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။ ပိုလ်ဒေါစကီးက ``အာဆင်နယ် အသင်းကို ပြောင်းရွှေ့ခွင့်ရတာဟာ ဥရောပ အဆင့်မြင့် ဘောလုံးလောကမှာ အတွေ့အကြုံတွေရဖို့ မဟာအခွင့်အရေးတခုပါပဲ။ ကျွန်တော်ဟာ (အပြောင်းအရွှေ့) ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဟာ ကိုလုံးအသင်းကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စဟာ တကယ့် မဟာ အခွင့်အရေး တစ်ရပ်ပါ၊ ပြီးတော့ ကျွန်တော့်ရဲ့ အရည်အချင်းကိုလည်း တိုးတက်စေမှာ ဖြစ်လို့ပါပဲ´´ ဟုပြောကြားခဲ့သည်။
ဆက်လက်ပြီး ``ဒါဟာ ကိုလုံးအသင်းရော ကျွန်တော့်အတွက်ပါ လွယ်လွယ်ကူကူလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ကိုလုံးပရိသတ်နဲ့ ကိုလုံးမြို့ဟာ ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ အခုအချိန်မှာ ကျွန်တော်တို့ဟာ တန်းမဆင်းရဖို့ အစွမ်းကုန် ကြိုးစားရမှာပါ´´ ဟု ပြောကြားလိုက်သည်။
ပိုလ်ဒေါစကီးသည် သူ၏ ကစားသမားဘ၀ကို ကိုလုံးအသင်းတွင် စတင်ခဲ့သည်။ ထို့နောက် ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး သုံးနှစ်တာ ကစားခဲ့သည်။ သို့သော်လည်း ဘိုင်ယန် အသင်းတွင် မပျော်ပိုက်သော ပိုလ်ဒေါစကီးက ၂၀၀၉ခုနှစ်တွင် ကိုလုံးအသင်းသို့ ပြန်လည် ပြောင်းရွှေ့ခဲ့သည်။
ကိုလုံးအသင်းနှင့် လက်ရှိစာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးသည်။ သူသည် ယခုရာသီတွင် ၁၈-ဂိုး သွင်းယူပေးထားပြီး ဖြစ်သည်။ သို့သော်လည်း ကိုလုံးအသင်းမှာ တန်းမဆင်းရရေးအတွက် အထူးကြိုးစားနေရသည်။
ကိုလုံးအသင်း ဥက္ကဌ ကလောက်စ်ဟော့စ်မန်းက သူ့အနေဖြင့် အသင်း၏ ကြယ်ပွင့်ကစားသမား တစ်ဦးပြောင်းရွှေ့သွားခြင်း အတွက် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
သူက ``လူကပ်စ် ပိုလ်ဒေါစကီးဟာ ကိုလုံးအသင်း၊ ကိုလုံးမြို့၊ ကိုလုံးပရိသတ်တွေရဲ့ ကမ္ဘာ့အဆင့် ဘောလုံးသမား တစ်ယောက်ပါ။ ပိုလ်ဒေါစကီးရဲ့ ကိုလုံးအသင်းနဲ့အတူ တိုးတက်လာမှုတွေဟာ ဂုဏ်ယူစရာပါပဲ။ သူ့ရဲ့ လူငယ်ကစားသမားဘ၀ကနေစပြီး၊ အသင်းကြီးကစားသမားဘ၀နဲ့ ထင်ရှားတဲ့ လက်ရွေးစင် ကစားသမား အဖြစ်ရောက်ရှိခဲ့တာတွေပေါ့။ ဒါကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့အတွက် တော်တော်လေး ထိခိုက်ခံစားရပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ကိုလုံးအသင်းကို ဆန့်ကျင်တာ မဟုတ်ပါဘူး၊ သူ့ရဲ့ ဘ၀တိုးတက်ရာတိုးတက်ကြောင်း အတွက်ဆိုတာ နားလည်ပါတယ်။ ကိုလုံးအသင်းက ပိုလ်ဒေါစကီးရဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်ထားပြီးသားပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အခုလို စောစောစီးစီး အပြောင်းအရွှေ့ဖြစ်သွားတာလည်း နောက်ရာသီအတွက် ကြိုတင်ပြင်ဆင်လို့ ရသွားတာပေါ့ဗျာ။ ကျွန်တော်တို့ အနေနဲ့ ဒီပြောင်းရွှေ့ကြေးကို အသင်းအတွက် ပြန်အသုံးချမှာပါ။ ကစားသမား ပြန်ဝယ်ဖို့နဲ့ လူငယ် အစီအစဉ်တွေမှာ အသုံးပြုဖို့ အခွင့်အရေးတစ်ရပ် အနေနဲ့ သုံးသွားပါ့မယ်။ လူကပ်စ်ဟာ ကိုလုံးအသင်း အခြေအနေဆိုးဝါးတဲ့ အချိန်တွေမှာ အများကြီး အထောက်အပံ့ပေးခဲ့ပါတယ်။ ကိုလုံးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့ပါတယ်။ ကိုလုံးအသင်းရရှိခဲ့တဲ့ ဘောလုံးအတွေ့အကြုံကောင်းပေါင်း များစွာအတွက် သူ့ကို ကျေးဇူးတင်ထိုက်ပါတယ်။ ´´ ဟုပြောကြားလိုက်သည်။
Ref: www.soccernet.com
Comments
RSS feed for comments to this post.