အာဆင်နယ် နှင့် နော်ဝှခ်ျစီးတီး ပွဲကြိုသုံးသပ်ချက်

ဒီတစ်ပတ်မှာတော့ အာဆင်နယ်ဟာ နောဝှစ်ခ်ျစီးတီးအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး၊ ယခုပွဲစဉ်သည် အာဆင်နယ်အတွက် နောက်နှစ် ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရဖို့ အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်သည့် အပြင်၊ ဒီရာသီအတွက် နောက်ဆုံးအိမ်ကွင်းပွဲစဉ်လည်း ဖြစ်နေတာကြောင့် ဒီပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ စပါးအသင်း နှင့် နယူးကာဆယ်အသင်း တို့၏ နောက်ကနေ ဖိအားပေးမှုတို့ကြောင့် ဒီပွဲကို မဖြစ်မနေ အနိုင်ရလဒ်ကို အရ ပြန်ဖော်ဆောင်လာနိုင်လိမ့်လို့ ကျွန်တော်တို့ အာဆင်နယ်ပရိတ်သတ်တွေ အားလုံးက မျှော်လင့်နေကြပါတယ်။
နှစ်သင်း၏ နောက်ဆုံးတွေ့ဆုံမှုများ
၁၉ . ၁၁ . ၂၀၁၁ နော်ဝှခ်ျစီးတီး ၁ - ၂ အာဆင်နယ်
၂ . ၄ . ၂၀၀၅ အာဆင်နယ် ၄ - ၁ နော်ဝှခ်ျစီးတီး
၂၈ . ၈ . ၂၀၀၄ နော်ဝှခ်ျစီးတီး၁ - ၄ အာဆင်နယ်
၁. ၄ . ၁၉၉၅ အာဆင်နယ် ၅ - ၁ နော်ဝှခ်ျစီးတီး
၁၀ . ၉ . ၁၉၉၄ နော်ဝှခ်ျစီးတီး ၀ - ၀ အာဆင်နယ်
၁၃ . ၂ . ၁၉၉၄ နော်ဝှခ်ျစီးတီး ၁ - ၁ အာဆင်နယ်
အာဆင်နယ်အသင်းဟာ နောက်ဆုံးငါးပွဲမှာ ၀ုဖ်နဲ့ပွဲ နိုင်ပြီးကတည်းက နိုင်ပွဲပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒီအတိုင်းဘဲ နော်ဝှခ်ျစီးတီးအသင်းဟာလည်း နောက်ဆုံးငါးပွဲမှာ စပါးကို နိုင်ပြီးကတည်းက နိုင်ပွဲပျောက်ဆုံးနေပြီး နောက်ဆုံး သုံးပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ ထို့ကြောင့် နောက်ဆုံးသုံးပွဲမှာ ရလဒ်မကောင်းဖြစ်နေတဲ့ခဲ့ အသင်းနှစ်သင်းတွေ့ဆုံတဲ့ ပွဲဖြစ်နေတဲ့အတွက် ဒီပွဲက အကြိတ်အနယ်နဲ့  စိတ်ဝင်စားဖွယ်ကောင်းနေပါလိမ့်မယ်။
ဒီနှစ်သင်းမှာတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရဖို့ ကြိုးစားနေရတဲ့ အသင်းဖြစ်လို့ ဒီအိမ်ကွင်းနောက်ဆုံးပွဲမှာ သေချာပေါက်အနိုင်ယူမှ ဖြစ်မယ့် အနေအထားဖြစ်နေတာကြောင့် အာဆင်နယ်ပရိတ်သတ်တွေအတွက်တော့ ကြည့်လို့ကောင်းလာမယ့်ပွဲလို့ယူဆပါတယ်။
အာဆင်နယ်နဲ့ ဆန့်ကျင်ဘက်လို့ပြောလို့ရတဲ့ နော်ဝှခ်ျစီးတီး အသင်းကတော့ တန်းဆင်းရမယ့် အန္တရာယ်မရှိပဲ ဘာမျှော်လင့်ချက်မှ မရှိတဲ့အသင်းဖြစ်နေလို့ အာဆင်နယ်တို့ အနိုင်ယူဖို့၊ အနိုင်ရဖို့အတွက် ခက်ခဲမယ့် အသင်း ဖြစ်မယ်လို့ မထင်မိပါဘူး။ ဒါကြောင့် အာဆင်နယ်အသင်းကပဲ ဂိုးပြတ် အနိုင်ရ မရစောင့်ကြည်ရမယ့်ပွဲလို့ သုံးသပ်မိပါတယ်။
ယခုပွဲအတွက် ဒဏ်ရာရစာရင်းကတော့
အာဆင်နယ်အသင်းမှာ အာတီတာ၊ ဖရင်းပေါင်၊ ၀ဲကော့၊ မာတီဆက်ကာ၊ ၀ီရှိုင်းယား၊ တို့ပါဝင်နေပါတယ်။
နော်ဝှခ်ျစီးတီးအသင်းမှာ အာယာလာ၊ တီယာနေးလ်၊ ၀ှစ်ဘရက် တို့ ဟာ ဒဏ်ရာရစာရင်းထဲမှာ ပါဝင်နေပါတယ်။
ဖြစ်နိုင်ဖွယ်ပွဲထွက်စာရင်းကတော့

ဖြစ်နိုင်ဖွယ်ခန့်မှန်းရလဒ်ကတော့ --- အာဆင်နယ် ၃ - ၀ နော်ဝစ်ခ်ျ





Comments
ဟီ ဟိ တော်သေး
RSS feed for comments to this post.