တနင်္ဂနွေနေ့က ကစားခဲ့သော ဝက်စ်ဘရွန်းနှင့်ပွဲစဉ်တွင် တစ်ဖက် နှစ်ဂိုးစီသရေကျနေချိန်၌ အနိုင်သေချာစေမည့် အဖိုးတန်ဂိုးကို သွင်းယူပေးခဲ့သူ လောရန့် ကိုစီယယ်နီမှ ယင်းဂိုးသည် အာဆင်နယ် တစ်သင်းလုံးနှင့်သက်ဆိုင်ကြောင်း ဖွင့်ဟပြောကြားလိုက်သည်။ ပွဲချိန် ၅၄ မိနစ်တွင် ရရှိခဲ့သော ထောင့်ကန်ဘောအား အသင်းခေါင်းဆောင် ဗန်ပါစီမှ ကန်တင်ပေးရာ တစ်ဖက် အသင်းဂိုးသမား၏ အမှားကြောင့် ရရှိလာသော ဘောလုံးအား ပြင်သစ်သား ကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ကျွန်တော် ဘယ်ခြေနဲ့ ဂိုးသွင်းသွင်း၊ ညာခြေနဲ့ ဂိုးသွင်းသွင်း၊ ဒါမှမဟုတ် ခေါင်းတိုက်ပြီးပဲ ဂိုးသွင်းသွင်း ... ရရှိလာတဲ့ ဂိုးတိုင်းဟာ တစ်သင်းလုံးနဲ့ သက်ဆိုင်ပါတယ်။ အသင်းထက်အရေးကြီးတာ ဘာမှ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ဂိုးသွင်းနိုင်တဲ့ အတွက် အလွန်ပဲပျော်ရွှင်မိပါတယ်။ အသင်း၊ ပရိသတ်၊ နည်းပြ အရာအားလုံးအတွက် ပျော်ရွှင်စရာဖြစ်ခဲ့ပြီး တစ်သင်းလုံးရဲ့ ကြိုးစားမှု အကျိုးကျေးဇူးကို ခံစားခဲ့ရတာပါ။ ဒီနေ့ပွဲဟာ အနိုင်ရရှိဖို့ အလွန်အရေးကြီးပြီး ကျွန်တော်တို့ အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာနိုင်မှာပါ။ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ပွဲဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးပွဲမဟုတ်ခဲ့ပေမယ့် အနိုင် ၃ မှတ်ရရှိဖို့ အလွန် အရေးကြီးတဲ့ပွဲဖြစ်ပါတယ်။
ထို့ပြင် ၎င်းမှ ဆက်လက်ပြောကြားရာတွင်-
ပွဲစပြီး ၁၅ မိနစ်လောက်မှာတင် ကျွန်တော်တို့ဟာ ၁-၂ ဂိုးနဲ့ ရှုံးနေပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ အာဆင်နယ်အသင်း နိုင်ကိုနိုင်ရမယ်ဆိုတာကိုပေါ့။ တစ်ဂိုးအသာနဲ့ အနိုင်ရရှိနေပြီးမှ နှစ်ဂိုးပြန်ပေးလိုက်ရတယ်ဆိုတော့ စိုးရိမ်စိတ်တော့ ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းဟာ ဒီရာသီမှာ တစ်ဖက် အသင်းကို ဦးဆောင်ဂိုးတွေပေးလိုက်ပြီးမှ နောက်ကနေ အနိုင်ဂိုးတွေအတွက် ကြိုးစားကစားလေ့ရှိပါတယ်။ ဥပမာ- စပါးနဲ့ပွဲတုန်းကလိုပေါ့။ နှစ်ဂိုးပြတ်ရှုံးနေရာကနေ အနိုင်ယူနိုင်ခဲ့တယ်လေ။
Comments
စိတ်ဓာတ်ကောင်းေ တွ ရှိနေမှတော့ ဘာလိုတေးလဲကွယ်။
RSS feed for comments to this post.