You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar

ဝင်းဂါးနှင့် ဗန်ပါစီတို့ ဆွေးနွေးပွဲအား စိတ်ကူးဖြင့် ပုံဖော်ကြည့်ခြင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ဗန်ပါစီရဲ့ အပြောင်းအရွှေ့ မငြိမ်မသက် ဖြစ်နေချိန်မှာ onlinegooner ဆိုက်ကနေပြီး ဆောင်းပါးလေး တစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အာဆင်ဝင်းဂါးနဲ့ ဗန်ပါစီတို့ရဲ့ ဆွေးနွေးပွဲကို စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ ဖတ်လို့ကောင်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ သူတို့ရဲ့ ဆွေးနွေးခန်း အစစ်မဟုတ်ပါဘူးဆိုတာ ထပ်ပြီး သတိပေးပါရစေ။


ဝင်းဂါး။          ။ ရော်ဘင်ရေ.. အသင်းခေါင်းဆာင် အဖြစ်ရော တိုက်စစ်မှုးအဖြစ်ပါ ဒီရာသီမှာ လှလှပပ တာဝန်ကျေခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ အခုအချိန်မှာ မင်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတစ်ယောက်ဆိုတာ ယုံပါတယ်။ ဒဏ်ရာပြဿနာနဲ့ ခက်ခဲတဲ့ရာသီအချို့ ဖြတ်သန်းပြီးတဲ့နောက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တာတွေကိုလည်း အမှတ်တရ ဂုဏ်ပြုချင်တယ်။

ဗန်ပါစီ။                   ။ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော့်အပေါ် စိတ်ရှည်သည်းခံပေးခဲ့တဲ့ ကာလတွေအတွက် ကျေးဇူးပါ။ ဆရာ့ကျေးဇူးကို  အသင်းသားတွေရဲ့ အကူအညီနဲ့ ပြန်ဆပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

ဝင်းဂါး။          ။ ဟုတ်ပါတယ် ရော်ဘင်၊ မင်း တာဝန်ကျေပါတယ်။ ဒီလိုပုံစံမျိုး နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ပြီးတော့ တို့တွေ အတူတူ လက်တွဲသွားနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ဗန်ပါစီ။          ။ ကျွန်တော်လည်း မျှော်လင့်ပါတယ်။

 

ဝင်းဂါး။          ။ သိပ်ကောင်းတာပေါ့ကွာ။ အခု မင်းရဲ့ အနာဂါတ်ကို ဘယ်လို စဉ်းစားထားလဲ။

ဗန်ပါစီ။          ။ ဟုတ်ကဲ့။ ကျွန်တော်ဒီမှာ ရှစ်နှစ်ကြာကစားခဲ့ပြီးတဲ့နောက် အခုအချိန်မှာ စီနီယာတယောက် အနေနဲ့ရော အသင်းခေါင်းဆောင် တစ်ယောက် အနေနဲ့ပါ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းနဲ့ အမှန်အတိုင်း ပြောခွင့်ရှိတယ်ဆိုတာ ဆရာသဘောတူဖို့ မျှော်လင့်ပါတယ်။

 

ဝင်းဂါး။          ။ သေချာတာပေါ့.. ဆက်ပါဦး

ဗန်ပါစီ။          ။ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်တွေက သိပ်ကို ရိုးရှင်းပါတယ်။ အဲဒါတွေကတော့ ကျွန်တော်ဟာ အာဆင်နယ်အသင်းခေါင်းဆာင် ဆိုတာရယ်၊ ကျွန်တော့်မိသားစုရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ပျော်ရွှင်မှုအတွက် အာမခံချက်ပေးနိုင်တဲ့ လစာရမယ်ဆိုတာရယ်၊ ပြီးတော့ ကစားသမားတစ်ယောက်အနေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကို ခေါင်းပေါ်မှာ တင်ပြီး ချန်ပီယံလိဂ်ဆုဖလားကြီးကို ပွေ့ပိုက်ထားမယ် ဆိုတာတွေပါပဲ။ ဆရာသမားကို ခမ်းနားတဲ့နည်းပြ တစ်ယောက်အဖြစ်သာမဟုတ်ဘဲ အောင်မြင်မှုတွေဝေဆာနေတဲ့ နည်းပြတစ်ယောက်အဖြစ် ပြန်လည် အသိအမှတ်ပြုခံရဖို့လည်း ပါဝင်ပါတယ်။

 

ဝင်းဂါး။          ။ ငါလည်း ဒီအတိုင်းပါပဲ ရော်ဘင်။ တို့တွေ အတူတူ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။

ဗန်ပါစီ။          ။ ဟုတ်ကဲ့။ ဆရာ့ကို အလွန်လေးစားသလို၊ ဆရာရခဲ့တဲ့ အောင်မြင်မှုတွေကိုလည်း ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော့် အမြင်နဲ့ နည်းနည်းလွဲနေပါတယ်။ ကျွန်တော်တို့ အောင်မြင်မှုတွေ ရနိုင်ပါတယ်။ ဒါပေမယ့် အခု လက်ရှိအခြေအနေမျိုးနဲ့တော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ်။

 

ဝင်းဂါး။          ။ ဒီလိုရှိတယ် ရော်ဘင်။ တို့ ဒီရာသီမှာ တတိယရခဲ့တယ် မနှစ်ကထက် သာပါတယ်။ ပြီးတော့ ဆရာတို့ ပိုဒေါလ်စကီးကို ၀ယ်ပြီးသွားပါပြီ။ ဂျက်(၀ီလ်ရှိုင်းယား) လည်း ပြန်ကောင်းလာမယ်။ ပြီးတော့ တို့အသင်းဟာ အတွေ့အကြုံပိုများလာပြီ။ အသင်းဟာ တိုးတက်နေတယ်။ ဒီအသင်းနဲ့အတူ မင်းပါရှိနေရင် တို့အသင်းဟာ ဆုဖလားတွေကို ကောင်းကောင်းကြီး စိန်ခေါ်နိုင်မှာပါ။

ဗန်ပါစီ။           ။ ဟုတ်ပါတယ် ဆရာ။ ဒါက အကောင်းမြင်တဲ့ ဖက်က တွေးရင် မှန်ပါတယ်။ ဒါပေမယ့် အခု ဆရာပြောတဲ့အတိုင်းပဲ ဆိုရင်တော့ ကျွန်တော် စာချုပ်အသစ် လက်မှတ်မထိုးနိုင်ပါဘူး။ အခု စာချုပ်ဟာ ကျွန်တော့်အတွက် နောက်ဆုံးဖြစ်လာနိုင်ပါတယ်။ ဆုဖလားတွေ ရဖို့ နောက်ဆုံး အခွင့်အရေးပါ။ ကျွန်တော်တို့ ခုနစ်နှစ်လောက် မရခဲ့တဲ့ အောင်မြင်မှုမျိုး ရယူဖို့ အရည်အချင်းမျိုး အသင်းမှာ မရှိရင်တော့ ကျွန်တော့်အနေနဲ့ စာချုပ်သစ် မချုပ်ချင်ပါဘူး။ ပိုဒေါလ်စကီးဟာ တိုက်စစ်အတွက် ဖြည့် တင်းပေး မှာ ဖြစ်ပေမယ့် ကျွန်တော်တို့ အသင်းမှာ နည်းစနစ်ပိုင်း တကယ်ကောင်းတဲ့ ကစားသမား၊ နိုင်ချင်စိတ်ပြင်းပြတဲ့ ကစားသမား၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ကစားသမား လုံလုံလောက်လောက် မရှိပါဘူး လို့ပဲ စိတ်မကောင်းစွာနဲ့ ပြောချင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ အဲ့လို ကစားသမားမျိုး နှစ်ယောက် သုံးယောက်လောက် လိုနေပါတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက အခု ကျွန်တော်ပြောတာကို ဆရာက လက်ခံသဘောတူပြီး ကျွန်တော်တို့အသင်းအတွက် အောင်မြင်မှုတွေ ရနိုင်အောင် ဆရာ့အနေနဲ့ ကစားသမားတွေ ဖြည့်တင်းသွားမယ်လို့ ဆိုတာပါပဲ။

ပြီးတော့ အခုပြောတဲ့ ကိစ္စကို စာချုပ်ချုပ်တဲ့ အခါမှာ ထည့်ပြီး ချုပ်ပေးဖို့ ဆရာ့ကို ခွင့်တောင်း ချင်ပါတယ်။ ဒါဟာလည်း ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ဘယ်လောက်အထိ အလေးအနက် ထားတယ်ဆိုတာကို ဆရာ့ကို ပြချင်တာပါ။

 

ဝင်းဂါး။          ။ အင်း ဆက်ပါဦး။

ဗန်ပါစီ။          ။ ကျွန်တော့် အေးဂျင့်ကို ကျွန်တော် ပြောထားပါတယ်။ အာဆင်နယ်က ကမ်းလှမ်းတဲ့ ဘယ်လို ကမ်းလှမ်းမှုပဲ ဖြစ်ဖြစ် ငွေရေးကြေးရေး အပိုင်းကို ပြေလည်အောင် ညှိနှိုင်းဖို့ ကျွန်တော် ပြောထားပြီးသားပါ။ တခြားအသင်းတွေက ပေးတဲ့ လစာလောက် မပေးနိုင်ရင်တောင်မှ အာဆင်နယ်မှာပဲ ဆက်နေချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒကိုလည်း ပြောပြထားပါတယ်။ ရှင်းအောင် ပြောရရင် ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ စာချုပ်မျိုးကို အလိုရှိပါတယ်။ သူ (အေးဂျင့်) က ကျွန်တော့်ကိုယ်စား ဆက်ဆွေးနွေးပါလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်အတွက် လိုအပ်တဲ့ ကစားသမားတွေ ခေါ်ယူဖို့လိုအပ်ပါတယ်။ ဒါကြောင့် အသင်းအတွက် အကျိုးရှိအောင် အသုံးပြုရမယ့် အသင်းရဲ့ ဘတ်ဂျက်တွေကို ကျွန်တော့်အတွက် ကုန်စေမယ့် ကိစ္စမျိုးတော့ အဖြစ်မခံနိုင်ပါဘူး။ ကျွန်တော်ဟာ Gooner စစ်စစ် တစ်ယောက်ပါ၊ အာဆင်နယ် အသင်းကို အောင်မြင်စေချင်ပါတယ်။ အသင်းကို ဒုက္ခပေးတဲ့သူ မဖြစ်ချင်ပါဘူး။ ဒီလိုမျိုး လုပ်ဖို့လည်း ဒီအသင်းကို ရောက်လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ အာဆင်နယ် ပရိသတ်တော်တော်များများအတွက် အိပ်မက်ဆန်တဲ့ ငွေကြေးမျိုး ရခဲ့ပြီးပါပြီ။ ပိုဆိုးတာက သူတို့ဟာ သူတို့ရဲ့ ပိုက်ဆံတွေကို ပေးပြီး တစ်နှစ်ပြီးတစ်နှစ် ဘာဆုဖလားမှ မရတဲ့ ကျွန်တော်တို့ကို လာအားပေးနေရတာပါ။ ဆရာရော၊ ကျွန်တော်ပါ လွန်ခဲ့တဲ့ ခုနစ်နှစ်အတွင်းမှာ လူငယ်ဦးစားပေး စီမံကိန်းအောင်မြင်ဖို့ ကြိုးစားခဲ့ကြပြီးပါပြီ။ အခုအချိန်မှာ ကျွန်တော်တို့အတွက် အချိန်သိပ်မကျန်တော့ပါဘူး။

ပွင့်ပွင့်လင်းလင်းပြောပါ့မယ်။ ကျွန်တော်ဟာ ဒီကို ပြောင်းလာတဟာ အတော်ဆုံးသော ပါရမီရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အသင်း၊ အကောင်းဆုံးဆိုတဲ့ အသင်းတွေကို အနိုင်ယူပြီး ဆုဖလားတွေ ရယူခဲ့တဲ့ အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ဒီလိုပုံစံအသင်းမျိုး ပရိသတ်လည်း လိုချင်နေပါတယ်။ ကျွန်တော်လည်း ပြန်ရချင်ပါတယ်။

ကျွန်တော်ဟာ နည်းပြတစ်ယောက် မဟုတ်ပေမယ့် ကျွန်တော်တို့အနေနဲ့ အောင်မြင်မှုတွေ ရအောင် ဘယ်လိုမျိုး လုပ်ရမယ်ဆိုတာကို စဉ်းစားမိပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ အမြင်မတူဘူးဆိုရင် ကျွန်တော်ဟာ လန်ဒန်မှာ ပျော်နေတဲ့ ကျွန်တော့်မိသားစုကို ခေါ်ပြီး ကျွန်တော့်ရဲ့ ရည်မှန်းချက်နဲ့ ထပ်တူထပ်မျှ ရည်မှန်းချက်ရှိတဲ့ အခြားအသင်း တစ်သင်းကို ပြောင်းရွှေ့မှာပါ။

 

ဝင်းဂါး။          ။ မှန်ပါတယ် ရော်ဘင်ရေ။ တော်တော်လေး စိတ်ဝင်တစား ပြောသွားတာပဲ။ မင်းရဲ့ စာချုပ်မှာ ပါစေချင်တာတွေကို မင်းအနေနဲ့ တောင်းဆိုလို့ရပါတယ်။ အခု မင်းပြောသွားတဲ့ ကိစ္စတွေကို ဆရာဟာ အသင်းရဲ့ မန်နေဂျာ တစ်ယောက် အနေနဲ့ ဆုံးဖြတ်ရမှာပါ။ ဒါပေမယ့် မင်းရဲ့ အိုင်ဒီယာတွေကို နားထောင်ချင်ပါတယ်။

ဗန်ပါစီ။                   ။ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ အိုင်ဒီယာက ရှင်းပါတယ်။ မဖြစ်မနေလိုအပ်တဲ့ တိုက်စစ်မှုး ပိုဒေါလ်စကီးကို ခေါ်ယူနိုင်ခဲ့တာရယ်၊ ဂျက် ပြန်ကောင်းလာမှာရယ်ကြောင့် အသင်းရဲ့ တိုက်စစ်ဟာ ပိုပြီး ကောင်းလာမှာပါ။ မနှစ်ကထက် ဂိုးတွေလည်း ပိုပြီး သွင်းလာနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းကိုလည်း ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အချက် ဖြစ်ပါတယ်။ ကျွန်တော် အာဆင်နယ်ကို စရောက်တုန်းက အသင်းရဲ့ ခံစစ်ကြောင်းဟာ အသင်းကို အကောင်းဆုံး ကစားကွက်ကစားနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ခံစစ်ကြောင်းဟာ တိုက်စစ်စတင်ဖို့ လုံလောက်တဲ့ အစပြုမှုကို လည်း ပေးစွမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ယုံကြည်တာက ၁) အလယ်တန်းနဲ့ နောက်တန်း ကစားသမားတွေဟာ ဘယ်နေရာကနေပြီး တိုက်စစ် စမယ်၊ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမျိုး ဖြည့်တင်းမှုတွေ လုပ်ရမယ်ဆိုတာကို ကောင်းကောင်းကြီး သိကြပါတယ်။ ၂) ကျွန်တော်တို့ရဲ့ နောက်တန်းနဲ့ အလယ်တန်းဟာ ကိုယ်ကာယပိုင်း ကြံ့ခိုင်ပြီး၊ ခံစစ်ကစားရတာကို နှစ်သက်တဲ့ သူတွေ ပါနေခဲ့ပါတယ်။

ကျွန်တော့်အတွက် အာဆင်နယ်မှာ ဆက်ရှိနေဖို့ဆိုရင် အသင်းအနေနဲ့ တောင့်တတင်းတဲ့ နောက်ခံလူတစ်ဦးနဲ့ တဖက်အသင်းကစားသမားဆီက ဘောလုံးကို လုယူနိုင်တဲ့ ကွင်းလယ်လူ တစ်ဦး ဖြည့်တင်းစေချင်ပါတယ်။ နောက်ပြီးတော့ ရှက်ဇနီနဲ့ ပြိုင်ဆိုင်နေရာလုနိုင်မယ့် ဂိုးသမား တစ်ယောက်၊ ဂစ်ဘ်နဲ့ ဆန်းတို့စ်တို့ရဲ့ နေရာကို လုနိုင်မယ့် ဘယ်နောက်ခံလူ ကောင်းကောင်း တစ်ယောက်လည်း လိုအပ်နေပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးသော ခံစစ်ကြောင်းမှာ ကစားခဲ့တဲ့ စတိဗ်ကို လက်ထောက်နည်းပြ အဖြစ်ခန့်ခဲ့လို့ ၀မ်းသာတယ် လို့ ပြောချင်ပါတယ်။ သူ့ကို ခံစစ်ကြောင်းကို ကောင်းကောင်းပြုပြင်ဖို့ ဆရာ့အနေနဲ့ အခွင့်အရေးပေးမယ်လို့လည်း မျှော်လင့်မိပါတယ်။

 

ဝင်းဂါး။          ။ ကောင်းပြီ ရော်ဘင်ရေ.. မင်းရဲ့ အိုင်ဒီယာတွေ၊ အမြင်တွေကို နားလည်ပါတယ်။ အခု အချိန်မှာ အဲ့ဒီနေရာတွေ အတွက် ကစားသမား လုံလုံလောက်လောက် ရှိနေပြီလို့ ဆရာထင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ အိုင်ဒီယာတွေကို စဉ်းစားမှာပါ။ အဲ့ဒါတွေ အားလုံး ဖြစ်စေရမယ်လို့တော့ ကတိမပေးနိုင်ဘူး။

ဗန်ပါစီ။                   ။ ကျွန်တော်ပြောတာတွေကို နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဆရာ့အနေနဲ့ အချိန်နည်းနည်းထပ်ယူပြီး စဉ်းစားပေးမယ်ဆိုလို့ ၀မ်းသာမိပါတယ်။

ကျွန်တော့်ရဲ့ ခံယူချက်၊ ရပ်တည်ချက်တွေကို ထပ်ပြောပါရစေ။ ကျွန်တော့်ရဲ့ အေးဂျင့်နဲ့ အသင်းနဲ့ ဆွေးနွေးလို့ အဆင်ပြေပြီဆိုတာနဲ့ ဆရာတို့ အလိုရှိသလို ကျွန်တော် စာချုပ်အသစ်ကို အမြန်ဆုံး လက်မှတ်ထိုးပါ့မယ်။ ဒါပေမယ့် ကျွန်တော် လက်မှတ်ထိုးမယ့် စာချုပ်မှာ အချက်တစ်ချက် ထည့်ချင်ပါတယ်။ အဲ့ဒါက အာဆင်နယ်အနေနဲ့ အသင်းရဲ့ ခံစစ်ကြောင်းအတွက် လိုအပ်တဲ့ ကစားသမား ခေါ်ယူမှု မလုပ်ခဲ့ဘူးဆိုရင် နောက်ရာသီအစမှာ ကျွန်တော်ဟာ စာချုပ်အသစ်ကို လွတ်လပ်စွာ ဖျက်သိမ်းခွင့် ရှိပြီး အသင်းကနေ ထွက်ခွာသွားမယ် ဆိုတဲ့ အချက်ပါပဲ။ ဒီအချက်ကို သဘောမတူရင်တော့ ကျွန်တော့်ကို စာချုပ်သက်တမ်းမကုန်ခင် ရောင်းလိုက်သင့်ပါတယ်။

ထပ်ပြောရမယ်ဆိုရင် ကျွန်တော်အခု ပြောနေတဲ့ ရည်ရွယ်ချက် အသင်းအတွက် ကောင်းဖို့ပါ။ ကျွန်တော့်အနေနဲ့ ဆရာ့ကို တိုက်တွန်းလို့ရတဲ့ အနေအထားမှာ ရှိတုန်း ပြောချင်ပါတယ်။ ခံစစ်ပိုင်း ဆိုးဆိုးရွားရွား မယိုယွင်းရအောင် ကျွန်တော်တို့ရဲ့ ကစားပုံကို ချိန်ညှိပြောင်းလဲရပါမယ်။ ပြီးတော့ အသင်းနဲ့ မစ္စတာ ဂါဇီဒစ်ဇ်တို့ကို ပြောချင်တာက အသင်းအောင်မြင်မှု ရဖို့အတွက် ဆရာအာဆင်ဝင်းဂါး လိုအပ်တဲ့ ကစားသမားတွေ ၀ယ်ခွင့်ပေးလိုက်ပါ။

ဒီကိစ္စကို သဘောမတူနိုင်ရင်တော့ ကျွန်တော်ဟာ စိတ်မကောင်းစွာနဲ့ပဲ အသင်းကနေ ထွက်ခွာရပါလိမ့်မယ်။ တကယ်လို့ အသင်းကနေ ထွက်ခွာဖြစ်ခဲ့ရင် အာဆင်နယ် ပရိသတ်တွေကို ကျွန်တော့် အနေနဲ့ ဘာတွေဖြစ်အောင် ကြိုးစားခဲ့တယ်ဆိုတာ ရှင်းပြခဲ့မှာပါ။ ကျွန်တော်ဟာ အာဆင်နယ် အသင်းကို အလေးမထားဘဲနဲ့ ငွေရေးကြေးရေးကြောင့်သာ အသင်းကနေ ထွက်ခွာသွားတယ်လို့ ပရိသတ်က မထင်စေချင်ပါဘူး။

ကျွန်တော်တို့နှစ်ယောက် ဒီအချက်တွေပေါ်မှာ မူတည်ပြီး ဆက်ဆွေးနွေး နိုင်မလားဆရာ..

Ref: www.onlinegooner.com

................................................................

တကယ်လို့ စာဖတ်သူသာ အာဆင်ဝင်းဂါးဆိုရင် ဘယ်လိုများ ဆက်ဆွေးနွေးမလဲ ?????


  JP-Bookmark

Comments  

 
0 #5 MorÞhling 2012-07-11 20:38
ဟုတ်တယ်ဗျို့ ကျွန်တော်တို့ အသင်း ကို အကောင်းပဲ မြင်ချင်တယ် ဆိုးတာက 7 နှစ်ရှိပြီ ဗျာနော် .... အခုတိုင်းဆိုလဲ မလွယ်လောက်ဘူး ... ဒါပေမဲ့ ကျွန်တော်ကတော့ Arsenal ပါပဲ အမြဲ တမ်းအားပေးနေတဲ့ ပရိသတ် တယောက် ဖြစ်ချင်ပါတယ် ....
 
 
0 #4 thaungnyanlin 2012-05-20 10:31
ချယ်ဆီးကလည်းချန်ပီယံလိခ်ဖလားရသွားပြီ။တို.အသင်းပဲကျန်တော.တယ်။

မန်စီးတီးလည်းအဂ င်္လန်ချန်ပီယံဖြစ်သွားလို.ငနာစရီကတို.ကိုရိသဲ.သဲ.လုပ်

ပြနိုင်သွားတယ်။ မန်ယူ၊လီဗာပူးလ် ၊ချယ်ဆီး တို.တွေချန်ပီယံလိခ် ဖလားရဖူး

ပြီ။ပေသီးကျ နေလို.အသင်းသားတွေ ငွေကြေးရော ဆုဖလားအတွက်ပါအာ

မခံချက်ရှိတဲ.အသင်းတွေဆီပြောင်းသွားရင်လည်း သူတို.ကိုချည်းအပြစ်

တင်လို.မရပါ။အသင်းကြီးေ တွထဲမှာ (၇) နှနှစ်အတွင်းဖလားမရတာ

တို.အသင်းပဲရှိတော.တယ်။
 
 
+4 #3 nyeinko 2012-05-19 11:05
မှန်ပါတယ် ဆွေးနွေးခန်းအစစ်လို့တောင် ထင်ရအောင် မှန်ပါတယ် ဗန်ပါစီ ထွက်သွားလို့ အာဆင်နယ်ပျက်သွားမှာ မဟုတ်ပေမယ့် အသင်း ကို ကစားသမားတွေနဲ့ ပရိတ်သတ်တွေယြုံ ကည်မူအားနည်းသွားလိမ့်မယ် ဒါကိုတော့ အာစင်ဝင်းဂါး စဉ်းစားသင့်ပါတယ
 
 
+10 #2 az 2012-05-18 09:03
van persie ကို မထွက်အောင် ထိန်း စေချင်တယ်..
Arsene Wenger အနေနဲ့  ပရိသတ် မျက်နှာ ပြန်ကြည့်ရမယ့်  အချိန် ရောက်ပြီလို့ ယူဆလို့ ပါ....
younes belhanda နဲ့  jan vertonghen တို့ ကိုလည်း ရအောင် ခေါ်စေချင်ပါတယ်..
ဟာဇတ် ကိုတော့ လိုက်မှီ မယ် မထင်တော့ပါဘူး
jan vertonghen တောင် စပါး ရောက်ဖို့  များနေတယ် လို့  ကြားတယ်..
ဟုတ်မဟုတ် တော့ သေချာ မသိပါ..
 
 
+10 #1 ~moon~ 2012-05-18 01:56
သူတို့ရဲ့ ဒီဆွေးနွေးခန်း ကို အစစ်ဖြစ်စေချင်တ ယ်ဗျာ ... ဗန်ကြီး ပြောတာမှန်တယ် လို့ ယူဆပါတယ် ..
 

Next Match:

ဟူးစီးတီး Vs အာဆင်နယ်

Barclays Premier League

20th April 2014 တနင်္ဂနွေနေ့

မြန်မာစံတော်ချိန် ည ၈း၃၅ နာရီ

Last Match:

အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း

Barclays Premier League

16th April 2014 - ဗုဒ္ဓဟူးနေ့

မြန်မာစံတော်ချိန် နံနက် ၁း၁၅ နာရီ


စပါး vs အာဆင်နယ်

Barclays Premier League

၁၆ မတ်လ ၊ ၂၀၁၄ - တနင်္ဂနွေ

မြန်မာစံတော်ချိန် ည ၁၀း ၃၀ နာရီ

ဧည့်ခန်း ထဲက လူစာရင်း

AM ဧည့်ခန်း

AM ဧည့်ခန်းထဲ ရောက်လာကြတဲ့ အာဆင်နယ် ညီအစ်ကိုများ အားလုံး မင်္ဂလာပါ။

Latest Message: 2 days, 22 hours ago
  • BoeAung : ARSENAL_FLAG
  • htet.arca : ARSENAL_FLAG AM_GUNNER
  • sanpparsi : Sad Shocked Neutral Evil or Very Mad Twisted EvilI love arsenal.Never chang.
  • Soe Naing : Thank you very much for your effort and spirit. Good bye brothers
  • htet.arca : AM_GUNNER
  • htet.arca : ARSENAL_FLAG
  • Jack : ၀င်လည်သွားတယ်နော် Very Happy
  • saw kyi phyu : ဘယ်သူမှလည်း မရှိကြဘူး။ ကျွန်တော်တစ်ယောက်ပဲ ရှိတာပါလား :)
  • tunaung : ဆွမ်းဆီး နဲ့တော့ သရေ ကျသွားပြီ...အဆင့် ၅ နဲ့ အဆင့်၎ တခုခုပဲ...မန်စီးတီးကို ဂိုးပြတ်ထပ်ရှုံးအုံးမှာဆိုတော့
  • tunaung : ပွဲစဉ် ၃၂ မှာ မန်စီးတီး ပွဲစဉ် ၃၃ မှာ အဲဗာတန် နဲ့ ပွဲစဉ် ၃၆ မှာ နယူးကာဆယ် တို့ကိုနိုင်ရင် အဆင့် ၄ တော့ဝင်လောက်ပါတယ် Smile Smile Smile Very Happy
  • tunaung : ကျနော်တို့ရဲ့ အာကြီးကတော့ နှစ်တိုင်းနီးပါ အဆင့် ၄ နေရာအတွက် အကြိတ်အနယ် ရှိနေဆဲပါ
  • tunaung : အာကြီး က ချယ်ဆီးကို ၆ ဂိုးပြတ်နဲ့ရှုံးသွားတာ ပဲ.... Rolling Eyes Rolling Eyes
  • foreverarsenal2014 : Fight all enemy!!! Gunners must win.
  • foreverarsenal2014 : ARSENAL_FLAG we r arsena!!
  • soewinger : မော်ရင်ဟိုကြီးကို မော်ရင်ငို ဖြစ်သွားအောင် နာတို့ အာဆင်နယ်ကြီးက လုပ်ပြတော့မယ်ဟေ့ ယို့ယို့ ဒချိ Laughing
  • soewinger : မနက်ဖြန်ကျရင်တော့ ချဲလ်ဆီးကို အရေခွံခွာတော့မယ်ဟေ့... ပွဲကလည်း စောစောကြည့်ရမယ် ပွဲချိန်က (၇)နာရီ၁၅မိနစ် ပျော်စရာကြီးဟေ့... မော်ရင်ဟိုကို မော်ရင်ငိုဖြစ်သွားအောင် နာတို့ အာဆင်နယ်ကြီး
  • kyaw.gyi : AM_HIT HEllo!!
  • saymin : Arsenal ညီအကိုများ မင်္ဂလာပါ ။ကျွန်တော်က တောင်ကြီးက Arsenal အမာခွပရိတ်သတ်တစ်ယောက်ပါ။
  • tunaung : နောက်ကို အိပ်ရေးမပျက်တော့ဘူး အာကြီး ချန်ပီယံလိဒ်က စောစောထွက်သွားတော့ အိပ်ရေး၀၀ အိပ်ရတာပေါ့ Laughing Rolling Eyes Rolling Eyes Rolling Eyes Rolling Eyes
  • soewinger : အာကြီးအခု fa cup ပြိုင်ပွဲဆီမီးဖိုင်နယ်မှာ ၀ီဂန်ကို ဖဲ့ပြီးတော့ ဖိုင်နယ်မှာအောင်ပွဲခံတော့မှာပါဗျာ .... ဒါကြောင့် အာကြီးကို စိတ်ချယုံကြည်လိုက်ပါဗျာ... Laughing Laughing Laughing
  • phonemyattmaung : အာကြီးကတော့အချိန်တန်ရင် ဒီအတိုင်းပဲ ယုံကြည်လို့ကို မရတော့ဘူး
  • tunaung : ဒီဆိုဒ်ကိုလာတိုင်း လူကခြောက်ကပ်နေတာပဲ သတင်းလဲ ဖတ်စရာ မရှိဘူး Confused Rolling Eyes Rolling Eyes Rolling Eyes
  • BoeAung : ARSENAL_FLAG
  • nyar : AM_GUNNER AM_HIT Laughing Laughing
  • Kha Yan Pyar : Mr. Green Mr. Green Mr. Green
  • Kha Yan Pyar : i m new user
  • Kha Yan Pyar : hello !
  • Gunner CoCo : Welcome back hee heee
  • ဘားကန့် : AM_HIT
  • ဘားကန့် : ARSENAL_FLAG

Only registered users are allowed to post

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

AM - EPL Fantasy League ပြိုင်ပွဲ

No.
Team
Manager..
Total
1
OnceIfoundU
Myo Min Thant
2272
2
Silent night
Vincent Tor
2085
3
ASTER FC
Minn Htun
2063
4
Rsenal
Rsenal
2057
5 Solo Gunner
Gunner CoCo
2053
EPL Match 34

Kyi Pyar Yaung - Online Store

Arsenal FC Original Jersey & accessories Shop (Yangon)


Email : kpy.store@arsenalmyanmar.com



Facebook : https://www.facebook.com/pages/Kyi-Pyar-Yaung/

Arsenal FC Original Jersey and accessories Shop

EPL အမှတ်ပေးဇယား

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles:

ဂိုး အများဆုံး သွင်းထားသူများ

၁၆.၀၄.၂၀၁၄ အထိ
ပွဲ ဂိုး
ဂျီရူး ၄၁+၅ ၂၀
ရမ်ဆေး ၂၆+၄ ၁၃
ဝဲကော့လ် ၁၃+၅
ကာဇိုလာ ၃၇+၅
ပိုဒေါ့စကီး ၁၅+၇ ၁၀
ဝီရှိုင်းယား ၂၈+၅
အိုဇေး ၃၂+၃
ဘန်တနာ ၄+၁၀
မာတီဆက်ကာ ၃၇+၁
အာတီတာ
၃၃+၅
ချိန်ဘာလိန် ၁၂+၇
ကီရန်ဂစ် ၃၂+၇
ဖလာမီနီ ၂၄+၉
ဘန်တနာ ၄+၁၀
ဂနာဘာရီ ၈+၇
ရိုဆစ်စကီး ၂၄+၁၁
ဆက်ဂနာ ၄၂+၁
ကိုစိရယ်နီ ၄၁

ဘန်တနာ