You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar

AM Forum Lastest Topics

ဥရောပ ဘောလုံးဘုရင်ဘွဲ့ကို ရွေးချယ်မယ့် ယူရို၂၀၁၂ ပြိုင်ပွဲ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ဥရောပ ဘောလုံးဘုရင်ဘွဲ့ကို ရွေးချယ်မယ့် ယူရို၂၀၁၂ ပြိုင်ပွဲကြီးဟာ ယူကရိန်းနဲ့ ပိုလန်နှစ်နိုင်ငံမှာ ဒီနေ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီ ယူရိုပြိုင်ပွဲရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်နှင့် ပါဝင်ဆင်နွှဲကြမည့် ပြိုင်ပွဲဝင်အသင်းတို့၏ အုပ်စုတွင်းအနေအထားကို တင်ဆက်လိုက်ပါတယ်။


ယခုအခါ ယူရိုပြိုင်ပွဲဆိုပြီး ကစားနေတဲ့ ဥရောပချန်ပီယံလုပွဲဟာ ဟင်နရီဒယ်လာနေးဆိုတဲ့ ပြင်သစ် ပုဂ္ဂိုလ်တစ်ဦးရဲ့ နာမည်နဲ့ ၁၉၆၀ ပြည့်နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ငါးဆယ့်နှစ်နှစ် တိုင်ခဲ့ပါပြီ။ အကြိမ်အားဖြင့် ဆယ့်လေးကြိမ်မြောက်ကို ရောက်ရှိခဲ့ပါပြီ။


ပြီးခဲ့တဲ့ အကြိမ်တွေတုန်းက ချန်ပီယံတွေကို ပြန်ကြည့်မယ်ဆိုရင်


၁၉၆၀ ဆိုဗီယက် (ယခု ရုရှ)

၁၉၆၄ စပိန်
၁၉၆၈ အီတလီ
၁၉၇၂ အနောက်ဂျာမနီ (ယခု ဂျာမနီ)
၁၉၇၆ ချက်ကိုစလိုဗက်ကီးယား (ယခု ချက်)
၁၉၈၀ အနောက်ဂျာမနီ (ယခု ဂျာမနီ)
၁၉၈၄ ပြင်သစ်
၁၉၈၈ ဟော်လန်
၁၉၉၂ ဒိန်းမတ်
၁၉၉၆ ဂျာမနီ
၂၀၀၀ ပြင်သစ်
၂၀၀၄ ဂရိ
၂၀၀၈ စပိန်

ဆိုပြီး ဗိုလ်စွဲခဲ့ကြပါတယ်။ အကြိမ်အရေအတွက်အားဖြင့် ဂျာမနီအသင်းဟာ သုံးကြိမ်ဗိုလ်စွဲထားပြီး၊ ပြင်သစ်နဲ့ စပိန်ကတော့ နှစ်ကြိမ်စီ ဗိုလ်စွဲဖူးပါတယ်။ ကျန်အသင်းများကတော့ တကြိမ်စီသာ ဗိုလ်စွဲထားခဲ့ခြင်း ဖြစ်သည်။



သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ယူရိုပွဲတွေမှာ ဘယ်အသင်းမှ နှစ်ကြိမ်ဆက် ဗိုလ်မစွဲခဲ့ဖူးပါဘူး။ ပြီးခဲ့တဲ့ ယူရို ၂၀၀၈က လွဲလို့ ကျန်တဲ့ပွဲတိုင်းမှာ အိမ်ရှင်အသင်းဟာ အနိမ့်ဆုံး ဆီမီးဖိုင်နယ် ရောက်ခဲ့ကြတာချည်းပါပဲ။ အိမ်ရှင်သင်းတွေဟာ ဗိုလ်လုပွဲတက်တိုင်း ဗိုလ်စွဲလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ယူရို၂၀၀၄မှာတော့ အိမ်ရှင် ပေါ်တူဂီဟာ ခံစစ်ဦးစားပေး ကစားခဲ့တဲ့ ဂရိကိုလက်မြှောက်ခဲ့ရဖူးပါတယ်။



ယူရိုပွဲစဉ်တွေမှာ ဂိုးအများဆုံး သွင်းထားသူကတော့ အခု ယူအီးအက်ဖ်အေ ဥက္ကဌရာထူးရယူထားတဲ့ ပြင်သစ် လူမျိုး ပလာတီနီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုးဟာ ၉ ဂိုးပါ။ ပလာတီနီရဲ့ နောက်မှာတော့ အင်္ဂလန်တိုက်စစ်မှုး အလန်ရှီးယားက ခုနစ်ဂိုးနှင့် ရပ်တည်နေသည်။ ပြင်သစ်မှ အွန်နရီ၊ ဟော်လန်မှ ကလိုင်ဗက်နှင့် နစ္စတယ်ရွိုင်း၊ ပေါ်တူဂီမှ နူနိုဂိုးမက်ဇ်တို့က ခြောက်ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေကြသည်။



ယူရိုပွဲတွေမှာ ပွဲစဉ်အများဆုံး ကစားဖူးသူကတော့ ပြင်သစ်အသင်းမှ လီလီယမ်သူရမ် ဖြစ်သည်။ သူသည် ပွဲစဉ်ပေါင်း ၁၆ပွဲကစားထားသည်။ ထို့အတူ ဟော်လန်အသင်း၏ ဂန္တ၀င်ဂိုးသမားကြီး ဗန်ဒါးဆားသည်လည်း ယူရိုပွဲစဉ် ဆယ့်ခြောက်ပွဲ ကစားဖူးသူဖြစ်သည်။ ပေါ်တူဂီက လူးဝစ်စ်ဖီဂိုနဲ့ နူနိုဂိုးမက်ဇ်၊ ပြင်သစ်ဂန္တ၀င် ကစားသမားကြီး ဇီဒန်း၊ ချက်မှ ပိုလ်ဘောစကီး တို့မှာ ပွဲစဉ်ပေါင်း ဆယ့်လေးပွဲ ကစားခဲ့ကြသည်။ ဟော်လန်မှ ဒင်းနစ်ဘားကင့်မှာ ဆယ့်သုံးပွဲ ကစားထားပြီး တတိယနေရာတွင် ရှိနေသည်။



ယူရိုပြိုင်ပွဲ အများဆုံး ကစားဖူးတဲ့ (ကစားမယ့်) ကစားသမားများကတော့ လိုသာမားသီးယပ်စ် (ဂျာမနီ)၊ ပီတာရှမိုက်ကယ် (ဒိန်းမတ်)၊ အာရွန်ဝင်းတား (ဟော်လန်)၊ အလက်ဇန်ဒရိုဒယ်လ်ပီယာရို (အီတလီ)၊ ဗန်ဒါးဆား (ဟော်လန်)၊ လီလီယမ်သူရမ် (ပြင်သစ်)၊ မာလ်ဘတ်ဂ် (ဆွီဒင်)၊ ကားဆီးလတ်စ် (စပိန်) တို့ ဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ ပြိုင်ပွဲလေးကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သူများဖြစ်သည်။ ကားဆီးလတ်စ်နှင့် မာလ်ဘတ်ဂ်တို့မှာ ယခု ၂၀၁၂ပြိုင်ပွဲသည် လေးကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။


ယူရိုပြိုင်ပွဲတွေ ပြန်ကြည့်မယ်ဆိုရင် ရေပန်းစားတဲ့အသင်း၊ အိမ်ရှင်အသင်းတိုင်း ဗိုလ်စွဲခဲ့တာ မဟုတ်ပါဘူး။ ၁၉၉၂မှာ ဒိန်းမတ်နဲ့၊ ၂၀၀၄မှာ ဂရိတို့ဟာ အိမ်ဖြည့်သာသာအသင်းတွေ အဖြစ်ကနေပြီး ဗိုလ်စွဲခဲ့တာ တွေ့ရပါတယ်။ ယူရိုပြိုင်ပွဲမှာ ဖေးဘရိတ်မရှိလို့ သတ်မှတ်ရင်တောင် ဖြစ်တဲ့အနေအထားပါ။



ဒီနှစ်ပြိုင်ပွဲဝင်အသင်းများ အုပ်စုခွဲထားမှုကို ကြည့်မယ်ဆိုရင်


အုပ်စု (A)

အိမ်ရှင်ပိုလန်၊ ချန်ပီယံဟောင်းတွေ ဖြစ်တဲ့ ချက်၊ ဂရိ၊ ရုရှတို့ ပါဝင်နေပါတယ်။ ယူရိုပြိုင်ပွဲတွေမှာ အိမ်ရှင်တွေ အားသာလေ့ရှိတဲ့ အတိုင်း အိမ်ရှင်ပိုလန်အသင်းဟာ လျော့တွက်လို့ ရတဲ့အသင်း မဟုတ်ပါဘူး။ ဂရိအသင်းကတော့ ၂၀၀၄တုန်းက ချန်ပီယံဖြစ်ခဲ့ပြီး အခု ခြေစစ်ပွဲစဉ်တွေမှာလည်း ရှုံးပွဲမရှိ ကစားခဲ့တဲ့ အသင်းဖြစ်နေပါတယ်။ အာရှာဗင် ဦးဆောင်တဲ့ ရုရှအသင်းဟာ ခြေစစ်ပွဲတလျောက်မှာ တစ်ပွဲသာ အရေးနိမ့်ထား ခဲ့ပါတယ်။ ဒါကြောင့် ရိုဆစ်စကီး ဦးဆောင်လာမယ့် ချက်အသင်း၊ အာရှာဗင်ရဲ့ ရုရှအသင်းတို့လည်း ပါဝင်နေတဲ့ အုပ်စု (A) ဟာ ကြည့်ကောင်းမယ့် အုပ်စုတစ်ခု ဖြစ်နေပါတယ်။



အုပ်စု (B)

တကယ်ကိုပဲ ကျပ်လွန်းတဲ့ အုပ်စုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ချန်ပီယံဟောင်း သုံးသင်း ပါဝင်နေပါတယ်။ ဒိန်းမတ်၊ ဟော်လန်၊ ဂျာမနီ တို့ဖြစ်ပါတယ်။ အဲ့ဒီ သုံးသင်းအပြင် ရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီအသင်းလည်း ပါဝင်နေပါတယ်။ ပေါ်တူဂီနဲ့ ဒိန်းမတ်ဟာ ခြေစစ်ပွဲတုန်းက တွေ့ဆုံခဲ့ကြဖူးပြီး တကြိမ်စီ အနိုင်ရယူနိုင်ခဲ့သည်။ ဂျာမနီအသင်းသည် ခြေစစ်ပွဲစဉ် တလျောက် ခြေစွမ်းပြခဲ့ပြီး ရှုံးပွဲမရှိ၊ သရေပွဲမရှိ၊ ပွဲစဉ်တိုင်း အနိုင်ကစားနိုင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။ ဒီလိုပဲ ဗန်ပါစီဦးဆောင်မယ့် တိုက်စစ်နဲ့ ဟော်လန်အသင်းဟာ ခြေစစ်ပွဲစဉ်တွေမှာ တစ်ပွဲသာ အရေးနိမ့်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ တိုက်စစ်ပိုင်းကို ကြည့်မယ်ဆိုရင် ဟော်လန်အသင်းဟာ ခြေစစ်ပွဲစဉ် တလျောက် ဂိုးပေါင်း သုံးဆယ်ခုနစ်ဂိုး သွင်းယူခဲ့တဲ့ ဂိုးသွင်းအများဆုံး အသင်းဖြစ်သည်။ ဂျာမနီ သွင်းဂိုး သုံးဆယ့်လေးဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီအုပ်စု အလွန်ပဲ အကြိတ်အနယ် ရှိမယ့် အုပ်စုအဖြစ် သတ်မှတ်ရပါလိမ့်မယ်။



အုပ်စု (C)

လက်ရှိချန်ပီယံ စပိန်၊ လုပ်ပွဲအရှုပ်တော်ပုံတွေ ပေါ်နေပေမယ့် ခြေစွမ်းအရ လျော့တွက်လို့မရတဲ့ အစဉ်အလာရှိတဲ့ ချန်ပီယံဟောင်း အီတလီတို့နဲ့ အတူ ခရိုအေးရှားနဲ့ အိုင်ယာလန်တို့ ပါဝင်နေပါတယ်။ အစဉ်အလာနဲ့ ခြေစွမ်းအရ စပိန်နဲ့ အီတလီတို့ အုပ်စုအဆင့်က တက်ဖို့ရှိပေမယ့် ယူရိုပွဲစဉ်တွေမှာ ဘာကိုမှ ပုံသေတွက်လို့ မရနိုင်ပါဘူး။ အိုင်ယာလန်အသင်းဟာ ခြေစစ်ပွဲမှာ ရှုံးပွဲတစ်ပွဲသာတွေ့ခဲ့ပြီး၊ ခရိုအေးရှား အသင်းကတော့ နှစ်ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အိုင်ယာလန်အသင်းကို ကိုင်တွယ်တဲ့ နည်းပြ ထရက်ပက်တရိုနီဟာ အီတလီလူမျိုး ဖြစ်တဲ့အပြင် အရင်ကလည်း အီတလီအသင်းကို ကိုင်တွယ်ဖူးတဲ့ နည်းပြတစ်ယောက် ဖြစ်နေပါတယ်။



အုပ်စု (D)

အကြိတ်အနယ် ရှိမယ့် အုပ်စုတစ်စုပါပဲ။ မြန်မာပရိသတ်အကြိုက် အင်္ဂလန်၊ နည်းပြ ဘလန့်ရဲ့ လက်အောက်မှာ သစ်လွင်နေတဲ့ ချန်ပီယံဟောင်း ပြင်သစ်၊ ခြေစွမ်းမသေးတဲ့ ဆွီဒင်တို့နဲ့အတူ အိမ်ရှင် ယူကရိန်းအသင်းလည်း ပါဝင်နေပါတယ်။ ဆွီဒင်အသင်းဟာ ခြေစစ်ပွဲစဉ်တွေမှာ ဟော်လန်အသင်းနဲ့ တအုပ်စုတည်း ကျခဲ့ပြီး ဟော်လန်အသင်းကို တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ကစားနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းကတော့ ခြေစစ်ပွဲတွေမှာ ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ပြင်သစ်အသင်းကတော့ ခြေစစ်ပွဲစဉ်တွေမှာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပြီး၊ ပေးဂိုး လေးဂိုးသာပေးခဲ့ရလို့ ခံစစ်တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။



ယူရို၂၀၁၂ ပြိုင်ပွဲဝင်အသင်းများရဲ့ သတင်းများ၊ ရလာဒ်များကိုလည်း အချိန်နဲ့ တပြေးညီ တင်ပြသွားနိုင်အောင် အာဆင်နယ်မြန်မာ အဖွဲ့သားများက ကြိုးစားသွားပါ့မယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ…….။

 


  JP-Bookmark

Comments  

 
-1 #1 Assassin 2012-06-12 13:54
ဂျာမနီ
 

Next Match:

ကျူပီအာ  vs အာဆင်နယ်

ပရီးမီးယား လိဂ်

၎၊ မေလ  ၊ ၂၀၁၃ - စနေနေ့

မြန်မာစံတော်ချိန် ည ၂၃း၀၀ နာရီ


Last Match:

အာဆင်နယ် ၁ : ၁ မန်ယူ

ပရီးမီးယား လိဂ်

၂၈ ဧပြီလ  ၊ ၂၀၁၃ - တနင်္ဂနွေနေ့

မြန်မာစံတော်ချိန် ည ၂၁း၃၀ နာရီ

AM ဧည့်ခန်း

AM ဧည့်ခန်းထဲ ရောက်လာကြတဲ့ အာဆင်နယ် ညီအစ်ကိုများ အားလုံး မင်္ဂလာပါ။

Latest Message: 3 minutes ago
  • ခရမ်းပြာ : မင်္ဂလာပါ
  • ခရမ်းပြာ : အပေါ်က greeting က အာဂျိကိုကို လက်ချက်ပဲ ဖစ်ရမယ်
  • ayechannyinyizaw : hi
  • Argyi Koko : AM ဧည့်ခန်းထဲ ရောက်လာကြတဲ့ အာဆင်နယ် ညီအစ်ကိုများ အားလုံး မင်္ဂလာပါ။
  • guru : hi
  • rain : မင်္ဂလာပါ......
  • rain : ARSENAL_FLAG Very Happy Very Happy Very Happy Laughing Laughing Laughing AM_GUNNER
  • ayechannyinyizaw : hi
  • Mr.Yan Naing : ARSENAL_FLAG Smile
  • BigR : ဒီ နေ့ အာကြီး က ဖိစီးမှုတွေနဲ့ လုံးဝ မကောင်းဘူး
  • BigR : နှလုံးရောဂါ ရလောက်တယ်နော်
  • MgEverArsenal : yEs we win
  • BigR : ဘယ်သူတွေ ရှိကြလဲ
  • BigR : ဟိုင်း
  • aikoo : ARSENAL_FLAG
  • MrArsenalCrazy : ကဲဘူမှမရှိဘူး နာတစ်ယောက်ထဲ မွှေလို့ရပီ Mr. Green
  • MrArsenalCrazy : တက်မလာကျသေးတာ
  • MrArsenalCrazy : ဘာလို့ပါလိမ့်ဒီနေ့လူ မရှိကျပါလား စုရပ်ကိုမရောက်ကျသေး လို့လား
  • MgEverArsenal : hi hi
  • chanmon : ဟိုင်း
  • ayechannyinyizaw : hi
  • zephyr19sai : AM_HIT
  • sayonarya : နယူးကာဆယ်ပွဲကြိုခန့် မှန်းခုထိတက်လာသေးဘူးနော်
  • sayonarya : ဟိုင်းမင်္ဂလာပါ..မန်ဘာအသစ်လေးပါ..
  • ခရမ်းပြာ : ARSENAL_FLAG
  • ခရမ်းပြာ : Mr. Green
  • ခရမ်းပြာ : Mr. Green
  • Mr.Yan Naing : hello par Smile
  • ခရမ်းပြာ : hello
  • ayechannyinyizaw : hi

Only registered users are allowed to post

ဧည့်ခန်း ထဲက လူစာရင်း

  • Kyaw Kyaw Min
  • ခရမ်းပြာ

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

အမှတ်ပေးဇယား

စဉ်

2012/2013 ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား
ပွဲ ရမှတ်
မန်ယူ ၃၈ ၈၉
မန်စီးတီး ၃၈ ၇၈
ချယ်လ်ဆီး ၃၈ ၇၅
အာဆင်နယ် ၃၈ ၇၃
စပါး ၃၈ ၇၂
အဲဗာတန်
၃၈
၆၃
လီဗာပူး ၃၈
၆၁
ဝက်စ်ဘရွန်း ၃၈ ၄၉
ဆွမ်ဆီး ၃၈ ၄၆
၁၀ ဝက်စ်ဟမ်း ၃၈ ၄၆
၁၁ နော်ဝှခ်ျ ၃၈ ၄၄
၁၂ ဖူဟမ် ၃၈ ၄၃
၁၃ စတုတ် ၃၈
၄၂
၁၄ ဆောက်တန်သမ် ၃၈ ၄၁
၁၅ ဗီလာ ၃၈ ၄၁
၁၆ နယူးကာဆယ် ၃၈ ၄၁
၁၇ ဆန်းဒါးလန်း ၃၈ ၃၉
၁၈ ဝီဂန် ၃၈ ၃၆
၁၉ ရီးဒင်း ၃၈ ၂၈
၂၀ ကျူပီအာ ၃၈ ၂၅
updated on May 20th, 2013

၃၈

ဂိုး အများဆုံး သွင်းထားသူများ

၂၀.၀၅.၂၀၁၃ အထိ
ပွဲ ဂိုး
ဝေါကော့ ၄၃
၂၁
ဂျီရူး ၄၇ ၁၇
ပိုဒေါ့စကီး
၄၂ ၁၆
ကာဇိုလာ ၄၉ ၁၂
ဂျာဗင်ဟို
၂၆
အာတီတာ ၄၃
ကိုစီယယ်နီ ၃၄
ရိုဆစ်စကီး ၁၆

ချာမက်
ဝီရှိုင်းယား ၃၃
မာတီဆက်ကာ ၄၄
ချိန်ဘာလိန် ၃၃
ရမ်ဆေး ၄၇

ဗာမေလန် ၃၉
အာရှာဗင်
ဂစ် ၃၄
မီကွယ်
မွန်ရီရယ် ၁၁
ဘန်တနာ

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles: