You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar

AM Forum Lastest Topics

သူတို့ ဘယ်ရောက်နေသလဲ....

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

ဘောလုံးအသင်းတစ်သင်းမှာ senior အသင်း နဲ့ junior/youth အသင်းဆိုပြီး ရှိတတ်တာ သဘာဝပါပဲ။ Junior အသင်းဆိုတာက လူငယ်ကစားသမားလေးတွေအတွက် အခွင့်အရေးတံခါးပေါက်တစ်ခုပါပဲ။ ဒီလို junior အသင်းမှာ ကြိုးစားကြရင်း ထင်ပေါ်လို့ စင်တော်ကောက်ခံရပြီး ကမ္ဘာကျော်သွားတဲ့ ကစားသမားလေးတွေရှိသလို ကြိုးစားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အရာမထင်ဖြစ်ကာ တိမ်မြုပ်ပျောက်ကွယ်သွားရတဲ့ ကစားသမားတွေလည်း မရှားပါဘူး…

ကျွန်တော်တို့ အာဆင်နယ် အသင်းမှာရော…..

 

 

၁။ Owusu-Abieye


နာမည်ကျော် အေဂျက် အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ကစားသမားလေးပါ။ ဟော်လန် မှာမွေးခဲ့တဲ့ ဂါနာလူမျိုးတစ်ယောက်ပါ။ နောက်တော့ အသက် ၁၈ နှစ်အရွယ် ၂၀၀၂ မှာ အာဆင်နယ် အကယ်ဒမီကို ရောက်လာပါတယ်။ သူ့ရဲ့ပြောင်းရွှေ့မှုကြောင့် တရားမဝင် ချဉ်းကပ်တယ် ဆိုပြီး အာဆင်နယ် အသင်းတောင် ဒဏ်ရိုက်ခံခဲ့ရပါတယ်။

သွက်လက်တဲ့ ခြေနှုတ်ခြေသိမ်း ၊ လျင်မြန်တဲ့ ကစားပုံကြောင့် ဒုတိယ အွန်နရီများ ဖြစ်လာမလား ဆိုပြီး မျှော်လင့်ခဲ့ကြပေမယ့် အွန်နရီ ၊ ဘားကမ့် ၊ ဝီလ်တော့ တို့ရဲ့ အသင်းကြီးမှာ နေရာတစ်နေရာကို မဆုပ်ကိုင်နိုင်ခဲ့ပါဘူး။ စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပေမယ့် ၂၀၀၆ မှာ အဒီဘာယော နဲ့ လူငယ်ကြယ်ပွင့် ဝဲလ်ကော့ တို့ ရောက်လာအပြီးမှာတော့ သူဟာ အသင်းပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အသင်းကြီးမှာ လိဂ်ပွဲထွက် ၅ ပွဲကစားခဲ့ရပြီး တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ နောက်တော့ စပါးတပ်မော်စကို အသင်းကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း နေရာမရဖြစ်ကာ ဆဲတာ ဗီဂို ၊ ဘာမင်ဂမ် ၊ ပို့စ်မောက် ၊ ကာဒစ်ဖ် စတဲ့ အသင်းတွေကို အငှားနဲ့သွားခဲ့ရပါတယ်။ ကာတာကလပ် Al-Sadd ကိုတောင်သွားကစားခဲ့ရတဲ့ အထိ နိမ့်ကျခဲ့သလို ၊ နောက်ဆုံး လက်ရှိအချိန်မှာတော့ ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်ကာ ဂရိကလပ် Panathinaikos မှာ ကစားနေဆဲဖြစ်ပါတယ်…

၂။ Fransic Jeffers


Everton ကနေ ပေါင် ဂသန်းနဲ့ ၂၀၀၁ မှာ ပြောင်းလာခဲ့ပါတယ်။ အာဆင်ဝင်းဂါးကတောင် အဲဒီအချိန်မှာ ပေါင် ဂသန်း သုံးတယ်ဆိုတော့ တော်တော်လေးကို မျှော်လင့်ခဲ့ရပါတယ်။ အသက် ၂၀ အရွယ်မှာ Everton အတွက် ပွဲ ၆၀ ကစား ဂိုး ၂၀ သွင်းဆိုတဲ့ မှတ်တမ်းကလည်း အထင်ကြီးစရာပါပဲ။

ဒါပေမယ့် အာဆင်နယ်မှာတော့ ဒဏ်ရာတွေနဲ့ပဲ နပန်းလုံးကာ ပွဲထွက်ကစားသမားနေရာ မရခဲ့ပါဘူး။ အရန်ကစားသမား အဖြစ်နဲ့ Jeffers ဖြတ်သန်းခဲ့တဲ့ ၃ နှစ်တာ အတွင်းမှာ အာဆင်နယ် ဖလား ၃ လုံးရခဲ့ပါတယ်။ ၂၀၀၂ ၊ ၂၀၀၃ FA ဖလားတွေမှာ ကစားသမားစာရင်းထဲမပါလို့ အသင်းဗိုလ်စွဲပေမယ့် ဆုတံဆိပ်မရခဲ့ပါဘူး။ ဒါတင်မက EPL ၂၀၀၂ ဗိုလ်စွဲတော့လည်း အသင်းအတွက် ၆ ပွဲပဲ ကစားခဲ့ရလို့ ဆုတံဆိပ်မရခဲ့ပြန်ပါဘူး။ ၂၀၀၃ Commuinty Shield မန်ယူနဲ့ ကစားတဲ့ ပွဲမှာ လူစားဝင် ကစားခွင့်ရခဲ့ပြီး နဗီးလ်နဲ့ ပြဿနာဖြစ်ကာ အထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက်တော့ အာဆင်နယ်ကစားသမားဘဝ အဆုံးသတ်သွားကာ အသင်းဟောင်း Everton ကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါတယ်။ အာဆင်နယ်အတွက် ၂၂ ပွဲကစား ၄ ဂိုးသွင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ချာတန်ကို ပေါင် ၂.၆ သန်းနဲ့ အပြီးပြောင်းသွားခဲ့ပါတယ်။ အင်္ဂလန် ၊ စကော့တလန် အလယ်အလတ်အသင်းတွေမှာ ကျင်လည်ခဲ့ရပြီး ယခု အချိန်မှာတော့ အသက် ၃၀ ကျော် Jeffers တစ်ယောက် သြစတြေးလျကလပ် Newcastle United Jets အသင်းမှာ ကစားနေပါကြောင်း…..

၃။ David Bentley


အာဆင်နယ် အကယ်ဒမီမှာ ကစားသမား ဘဝစခဲ့ပါတယ်။ တောက်ပလာမယ့် ကြယ်တစ်ပွင့်လို့လည်း ထင်ခဲ့ကြပါတယ်။ ဒီအင်္ဂလန် တောင်ပံကစားသမားလေးဟာ အသက် ၁၆နှစ် အရွယ်မှာပဲ အသင်းကြီး လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

၂၀၀၃ မှာ မစ်ဒယ်ဘရော့ကို ၄-၁ နဲ့နိုင်ခဲ့တဲ့ FA ပွဲမှာ သွင်းခဲ့တဲ့ ဂိုးဟာလှပခဲ့ပြီး ပရိသတ်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Pires, Ljungberg တို့ရှိနေတဲ့ ပထမပွဲထွက်နေရာကို အရမယူနိုင်ခဲ့ပဲ ၂၀၀၄ မှာ Norwich ၂၀၀၅ မှာ Blackburn တို့ကို အငှားသွားကစားခဲ့ပါတယ်။ အဲဒီနောက်မှာ Blackburn ကို အပြီးပြောင်းရွှေ့သွားခဲ့ပါတယ်။ Blackburn မှာ ကစားစဉ် မန်ယူကို ၄-၃ နဲ့နိုင်တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို အသင်းအတွက်လည်း ဖန်တီးမှုပေါင်းများစွာနဲ့ အထောက်အကူပေးခဲ့ကာ Blackburn’s player of the year ဆုကိုရခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၈ မှာတော့ စပါးအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီတစ်ခါတော့ စင်ပေါ်ရောက်ပြီ ထင်ခဲ့ရပေမယ့် Aaron Lennon ကို မကျော်နိုင်ခဲ့ပဲ နေရာပျောက်ခဲ့ရပါတယ်။ မနှစ်ကတော့ ဘာမင်ဂမ် ကိုတစ်ကြိမ် ၊ ပထမတန်းက ဝက်စ်ဟမ်းကို တစ်ကြိမ် အငှားသွားကစား ခဲ့ရပြန်ပါတယ်။ အခုအခါမှာတော့ စပါးအသင်းကို ပြန်ရောက်နေကာ မသေချာမရေရာတဲ့ အနာဂတ်ကို လှမ်းမျှော်ကြည့်နေကြောင်း…..

၎။ Jeremie Aliadiere


ပြင်သစ်နာမည်ကျော် ကလဲရင့်ဖောင်တိန် အကယ်ဒမီကနေ ၁၉၉၉-၂၀၀၀ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာ ပြောင်းရွှေ့လာခဲ့ပါတယ်။ FA Youth Cup မှာ ဂိုးသွင်း ခြေစွမ်းပြခဲ့ကာ ပထမအသင်းကြီးလူစာရင်းကို ၂၀၀၁မှာ ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လိဂ်ပွဲတွေထက် ဖလားပွဲတွေမှာသာ ကန်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ရှုံးပွဲမရှိဗိုလ်စွဲခဲ့တဲ့ ၂၀၀၄ ရာသီမှာ ၁၀ ပွဲ ဝင်ရောက်ကစားပေးခဲ့ပါတယ်။ ၂၀၀၄ နောက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ နပမ်းလုံးခဲ့ရကာ ပွဲထွက်ကစားခွင့်လည်း မရရှိခဲ့ပါဘူး။ ၂၀၀၅ ၊ ၂၀၀၆ ခုနှစ်တွေမှာ Celtic , Westham, Wolves အသင်းတို့ကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့ပြန်ပါတယ်။ အာဆင်နယ်ပြန်ရောက်ချိန်မှာ Carling cup ပွဲတွေ ဝင်ကန်ခဲ့ပြီး Chelsea ကို ၂-၁ နဲ့ ရှုံးတဲ့ Carling final မှာလည်း ပွဲထွက်ကစားခဲ့ပါတယ်။ ၂၀၀၇ မှာတော့ Middlesbrough ကို အပြီးပြောင်းသွားခဲ့ပါတယ်။ ၇နှစ်အတွင်း လိဂ်ပွဲ ၂၉ ပွဲကစားကာ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။ Middlesbrough မှာလည်း ဒဏ်ရာကြောင့် ခြေစွမ်းမပြနိုင်ခဲ့ပဲ ၂၀၁၀ မှာ အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားကို အသင်းဟောင်း အာဆင်နယ်က ပြန်ခေါ်ယူခဲ့ကာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။ အဲဒီနောက် Stoke အသင်းက ခေါ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းမှာ ဒဏ်ရာပြဿနာတွေကြောင့် အပြောင်းအရွှေ့ မဖြစ်ပေးခဲ့ပါဘူး။ ၂၀၁၁ မှာတော့ ပြင်သစ် Ligue ကလပ် Lorient ကခေါ်ယူခဲ့ပြီး ယခုချိန်ထိ အဆိုပါ အသင်းမှာ ကစားနေဆဲဖြစ်ပါတယ်။

၅။ Jermaine Pennant


၁၉၉၈ မှာ အသက် ၁၅ နှစ်သား Pennant ကို ပေါင် ၂ သန်းနဲ့ Notts County ကနေ ခေါ်ယူခဲ့တာပါ။ ၁၅ နှစ်သားအတွက် ပေါင် ၂ သန်းဟာ စံချိန်တင်ဈေးဖြစ်ခဲ့ပါတယ်။ ၉၉ မှာ အသင်းအတွက်ပွဲထွက်ခွင့်ရခဲ့ကာ Seniorအသင်းသမိုင်းတစ်လျှောက်  အသက်အငယ်ဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် seniorအသင်းကြီးမှာ မြုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့် ကျင်လည်ခဲ့ပြီး ၂၀၀၂-၀၃ မှာ Watford ကို အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ ၂၀၀၃-၀၄ မှာ Leeds ကို အငှားနဲ့သွားကစားခဲ့ပေမယ့် Leeds အသင်းကို တန်းဆင်းဇုန်ကနေ မကယ်တင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် ၂၀၀၄-၀၅ မှာ Birmingham အသင်းကို အငှားနဲ့ထွက်ခဲ့ပြန်ပါတယ်။ အသင်း training ကို ခဏခဏနောက်ကျကာ စည်းကမ်းမပြည့်ဝတဲ့ Pennant ကို နည်းပြဝင်းဂါးကတောင် စိတ်မတင်မကျဖြစ်ခဲ့ကာ ၂၀၀၅-၀၆ မှာတော့ Birmingham ကို အပြီးပြောင်းရွှေ့သွားခဲ့ပါတယ်။ အာဆင်နယ်အတွက် လိဂ်ပွဲ ၁၂ပွဲကစား ၃ ဂိုးသွင်းပေးခဲ့ပါတယ်။ Birmingham မှာကစားနေစဉ်မှာလည်း အရက်မူးပြီးကားမောင်းလို့ အရေးယူခံခဲ့ရပြန်ပါတယ်။ အဲဒီရာသီ အကုန်မှာပဲ Birmingham တန်းဆင်းခဲ့သလို Pennantလည်း အသင်းပြောင်းရွှေ့ခဲ့ပြန်ပါတယ်။  ဒီတစ်ခါပြောင်းသွားတာက အသင်းကြီးတစ်သင်းဖြစ်တဲ့ Liverpool ဖြစ်ပါတယ်။ ပေါင် ၈သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၀၆ ကနေ ၂၀၀၉ ထိ Liverpool မှာ ၅၅ ပွဲကစား ၃ ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် အသင်းက စာချုပ်သက်တမ်း မတိုးခဲ့တာကြောင့် Zaragoza အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခဲ့ပြန်ပါတယ်။ စည်းကမ်းဆိုတာ ချိုနဲ့လား လို့ မေးရလောက်တဲ့ Pennant တစ်ယောက် လေ့ကျင့်ရေးကွင်းကို ၂ ပတ်အတွင်း ၃ ကြိမ်တိုင်တိုင် နောက်ကျခဲ့အပြီးမှာ အသင်းကနေ ပွဲပယ် ဒဏ်ရိုက် ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အဲဒီနောက် Laliga မှာ ထပ်မံခြေချခွင့်မရတော့ပဲ Stoke ကို အငှားနဲ့ ပြန်ပြောင်းလာခဲ့ပါတယ်။ ၂၀၁၁ မှာတော့ Stokeကို ပေါင် ၁.၃ သန်းဝန်းကျင်နဲ့ အပြီးပြောင်းရွှေ့လာကာ လက်ရှိအချိန်ထိ ကစားနေဆဲဖြစ်ပါတယ်။ အရည်အချင်းရှိလျက်နဲ့ စည်းကမ်းမပြည့်ဝမှုကြောင့် အနာဂတ်ဝေဝါးခဲ့ရတဲ့ Pennant တစ်ယောက် နောင်တရနေမလားဆိုတာကိုတော့…..

အထက်ဖော်ပြပါ ကစားသမားတွေဟာ တစ်ချိန်က အာဆင်နယ် အသင်းရဲ့ အနာဂတ်လေးတွေလို့ တင်စားခဲ့ရတဲ့ ကြယ်ပွင့်လောင်းလေးတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မှန်းချက်နဲ့ နှမ်းထွက်လွဲခဲ့ရကာ မထင်မရှားကစားသမားဘဝနဲ့ လက်ရှိအချိန်ထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ သူတို့တွေကို ပရိသတ်တွေလည်း မှတ်မိမယ်ထင်သလို လက်ရှိအချိန်မှာ သူတို့ ကစားနေတဲ့ အသင်းများမှာလည်း ကံကောင်းပါစေကြောင်း ဆုတောင်းပေးရပါတယ် ခင်ဗျာ…..


  JP-Bookmark

Comments  

 
0 #3 arsenal 2012-07-15 21:08
သူတို့လေးတွေရဲ့ မနက်ဖြန် လှပပါစေကွာ.............
 
 
+1 #2 oke soe 2012-06-29 18:23
ဒီနှစ်လည်း ကျနော် မျှော်လင့်ထားတဲ့  Alban Bunjaku တို့ Ozyakupတို့ ထွက်သွားကြပြန်ပီ pro စာချုပ် မချုပ်လို့ထင်တယ် ဘာပဲဖြစ်ဖြစ် bunjakuကတော့ အရန်အသင်းမှာပဲ ဖြစ်ဖြစ် အငှားချတာပဲ ဖြစ်ဖြစ် လုပ်သင့်တယ်ထင်ထားတာ Sad
 
 
+4 #1 kyaw 2012-06-25 20:50
ကျွန်တော်နှမျေားမိဆုံးကစားသမာက အလီယာဒီရာရေးပါ
 

Next Match:

ကျူပီအာ  vs အာဆင်နယ်

ပရီးမီးယား လိဂ်

၎၊ မေလ  ၊ ၂၀၁၃ - စနေနေ့

မြန်မာစံတော်ချိန် ည ၂၃း၀၀ နာရီ


Last Match:

အာဆင်နယ် ၁ : ၁ မန်ယူ

ပရီးမီးယား လိဂ်

၂၈ ဧပြီလ  ၊ ၂၀၁၃ - တနင်္ဂနွေနေ့

မြန်မာစံတော်ချိန် ည ၂၁း၃၀ နာရီ

AM ဧည့်ခန်း

AM ဧည့်ခန်းထဲ ရောက်လာကြတဲ့ အာဆင်နယ် ညီအစ်ကိုများ အားလုံး မင်္ဂလာပါ။

Latest Message: 2 days, 5 hours ago
  • gipsyfighter : AM_GUNNER
  • Mr.Yan Naing : Smile
  • chanmon :့ hi ko moe han khant
  • MoeHan Khant : hi
  • Mr.Yan Naing : Smile
  • Mr.Yan Naing : Shocked
  • rlin009 : ရန်ကုန်မှာကော မလုပ်ဘူးလား
  • rlin009 : မန္တလေးမှာ အာဆင်နယ်ဖန်တွေ ကို ဘော်ကန်းခိုင်းတယ်
  • Mr.Yan Naing : Rolling Eyes Neutral
  • pioneer : ဖလာမိနိ လိုချင်တယ်.......
  • Gunner KoKo : မင်္ဂလာပါ AM_GUNNER
  • arsenal aunglay : အာလုံးပဲ မင်္ဂလာပါ
  • Mr.Yan Naing : Smile
  • sagna sithu : ပျင်းလို.ခေါါ်ကြည်.တာ
  • sagna sithu : ဘာမှဖြစ်ပါဝူး
  • Mr.Yan Naing : ရှိနေပါတယ် ဘာဖြစ်လို့လဲ
  • sagna sithu : Laughing Laughing Laughing Laughing Laughing Laughing
  • sagna sithu : ကို ဂုရဂျီးရှိသဟေ.
  • ayechannyinyizaw : hi
  • Mr.Yan Naing : hi , mingalar par Smile
  • skyhein : min ga lar per
  • Mr.Yan Naing : ARSENAL_FLAG
  • skyhein : hi
  • ko htite : ဟိုင်း
  • arsene htoo : hi
  • ayechannyinyizaw : hi
  • ayechannyinyizaw : hi
  • Kyaw Zin Thet : ဟိတ်လူတွေ VIAM ထဲ ၀င်လို့ရတဲ့သူတွေ ၀င်ကြည့်ပြီး ဆွေးနွေးကြပါဦးဗျ ဗြဲ
  • phovan11 : မနက်ဖြန် ဂန်းနားတွေ ချိန်းပွဲရှိတယ်လေ အေအမ်ထဲကဘယ်သူမှ မလာကြဘူးလား
  • Mr.Yan Naing : ARSENAL_FLAG အာဆင်နယ်မြန်မာ ဆိုဒ်လည်း Rolling Eyes

Only registered users are allowed to post

ဧည့်ခန်း ထဲက လူစာရင်း

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

အမှတ်ပေးဇယား

စဉ်

2012/2013 ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား
ပွဲ ရမှတ်
မန်ယူ ၃၈ ၈၉
မန်စီးတီး ၃၈ ၇၈
ချယ်လ်ဆီး ၃၈ ၇၅
အာဆင်နယ် ၃၈ ၇၃
စပါး ၃၈ ၇၂
အဲဗာတန်
၃၈
၆၃
လီဗာပူး ၃၈
၆၁
ဝက်စ်ဘရွန်း ၃၈ ၄၉
ဆွမ်ဆီး ၃၈ ၄၆
၁၀ ဝက်စ်ဟမ်း ၃၈ ၄၆
၁၁ နော်ဝှခ်ျ ၃၈ ၄၄
၁၂ ဖူဟမ် ၃၈ ၄၃
၁၃ စတုတ် ၃၈
၄၂
၁၄ ဆောက်တန်သမ် ၃၈ ၄၁
၁၅ ဗီလာ ၃၈ ၄၁
၁၆ နယူးကာဆယ် ၃၈ ၄၁
၁၇ ဆန်းဒါးလန်း ၃၈ ၃၉
၁၈ ဝီဂန် ၃၈ ၃၆
၁၉ ရီးဒင်း ၃၈ ၂၈
၂၀ ကျူပီအာ ၃၈ ၂၅
updated on May 20th, 2013

၃၈

ဂိုး အများဆုံး သွင်းထားသူများ

၂၀.၀၅.၂၀၁၃ အထိ
ပွဲ ဂိုး
ဝေါကော့ ၄၃
၂၁
ဂျီရူး ၄၇ ၁၇
ပိုဒေါ့စကီး
၄၂ ၁၆
ကာဇိုလာ ၄၉ ၁၂
ဂျာဗင်ဟို
၂၆
အာတီတာ ၄၃
ကိုစီယယ်နီ ၃၄
ရိုဆစ်စကီး ၁၆

ချာမက်
ဝီရှိုင်းယား ၃၃
မာတီဆက်ကာ ၄၄
ချိန်ဘာလိန် ၃၃
ရမ်ဆေး ၄၇

ဗာမေလန် ၃၉
အာရှာဗင်
ဂစ် ၃၄
မီကွယ်
မွန်ရီရယ် ၁၁
ဘန်တနာ

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles: