
အာဆင်နယ် တိုက်စစ်မှူး သစ် ဂျာရော့ က ပရီမီးယားလိဂ် မှာ လိုအပ်နေတဲ့ အရည်အချင်းတွေ အားလုံး သူ့မှာရှိနေတဲ့အတွက် ပရီမီးယားလိဂ်မှာ အမြန်ဆုံး အထိုင်ကျလာဖြစ်တယ် လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ၂နှစ်တိုင် အောင်မြင်မှုတွေ ကြီးကြီးမားမား ရထားတဲ့ မော့ဖီလာ အသင်းကနေ တရားဝင်ပြောင်းလာတဲ့နေမှာ ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
ဒီ ၂၅ နှစ်သားဟာ သူ့ကစားသမား ဘ၀ အစကို ပြင်သစ်မြေဖြစ်တဲ့ သူ့ရဲ့ မွေးရပ်မြေမှာ စတင်ခဲ့တာဖြစ်ပြီး .. အင်္ဂလန် ပရီမီးယားလိဂ်မှာ အမြန်ဆုံး အခြေကျလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျွန်တော့်မှာ အကောင်းဆုံး အရည်အသွေးတွေရှိတဲ့အတွက် အကောင်းဆုံးလုပ်ပြနိုင်မှာပါ။ နောက်ပြီး တစ်ခါတစ်ရံ အသင်းနဲ့အသားကျအောင် အချိန် အနည်းငယ် လိုအပ်မှာ ဖြစ်ပေမဲ့လည်း ဒါတွေကို ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ အမြန်ဆုံး အသားကျလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ကျွန်တော်က ကစားပွဲကို ချစ်မြတ်နိုးပြီး အသင်း နဲ့ ပူးပေါင်း ပါဝင်မှုတွေကိုလည်း ကြိုက်နှစ်သက်တဲ့အတွက်ကြောင့် အသင်းမှာ အမြန်ဆုံး အသားကျလာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီမှာ တိုက်စစ်မှူး ကောင်း တွေ အများကြီး ရှိမှာပါ။ နောက်ပြီး အာဆင်နယ်က ကလပ် အသင်းကြီး ဖြစ်တာကြောင့် ပြိုင်ဆိုင်မှုတွေ ဆိုတာ ကလည်း ရှိနေမှာပါ။ နေရာရဖို့ဆိုတာက ကျွန်တော့်အပေါ် မူတည်နေတာပါ။ ကျွန်တော်က ပရီမီးယားလိဂ်ရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်ပြီး အာဆင်နယ် အသင်းနဲ့အတူ အမြန်ဆုံး ကျွန်တော့်ရဲ့ သမိုင်းသစ်ကို အမြန်ဆုံး ရေးထိုးချင်နေပါပြီ။ ဒီ ပရီမီးယားလိဂ် ကလပ်က ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း လိဂ် ၅ ခုထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့အတွက် အာဆင်နယ် အသင်း နဲ့အတူ ဒီမှာ ကစားဖို့ ကျွန်တော်ရွေးချယ်ခဲ့တာပါ။ နောက်ပြီး ဒီက အားပေးသူ ပရိသတ်တွေက အရမ်းကို နွေးထွေးကြပြီး သူတို့ဟာလည်း ဘောလုံးနဲ့ သာအိပ်၊စား၊အသက်ရှင်နေထိုင်ကြတဲ့အချက်က ပြင်သစ် နဲ့ ထူးခြားတဲ့ ကွဲပြားခြားနားချက်ပါပဲ။ သူတို့တွေ က အသွေးအသားထဲက ပါ ဘောလုံးကို အားပေးကြတာပါ။ ကျွန်တော် အာဆင်နယ် ပရိသတ်တွေ ပျော်ရွှင်အောင် အကောင်းဆုံး ကြိုးစားသွားပြီး အသင်းနဲ့ သမိုင်းသစ် ကို အမြန်ဆုံး ရေးထိုးသွားနိုင်ဖို့ပါ ကြိုးစားသွားပါ့မယ် "
လို့ အရပ် ၆ ပေ ၃ လက်မ တိုက်စစ်မှူး က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
Comments
ကွင်းလယ်မှာဆောင်း.ရိုဆစ်စကီး.ရမ်ဆေးနဲ့ဝေါကော့ လ်တို့ကိုအထိုင်ထားပြီးစုဖွဲ့ေ စချင်တယ်ဗျာ...သူတို့အတွက်လည်း အရံတွေအဆင်သင့်ရှိနေစေချင်တယ်ဝီ လ်ရှီးယားကမျော် လင့်လို့မှမရသေး တာ..အာဆင်နယ်မှာလက်ရှိကြုံနေရတာကအရံ အင်အားမတောင့်တင်းလို့ပြသနာတက်ေ နတာ..ပွဲကြပ်ကာလရောက် ရင်နာသူနာ..နိုင်ငံအတွက်ပြန်သူပြန်နဲ့...တော်တော်စိတ်ညစ် ဖို့ကောင်းတယ်..နောက်တစ်ခုက..ချာမက်ကိုမရောင်းစေချင်သေးဘူး..သူဘော်ဒိုးမှာတု န်းကကစားတာကြည့် ဖူးတယ်..တော်တော်ကောင်းတ ယ်..သူ့ကိုအခွင့်အရေးပေးသင့်တယ်ထင်တ ယ်ဗျာ...ငဗန်တောင်မှ..တောင်ကန်မြောက်က န်ကနေဒီအခြေအနေအ ထိမြေတောင်မြောက်ခဲ့ပေးတာဘဲ...ကျွန်တော့်အမြင် တစ်ခုတည်းကိုပြောတာနော်...ကျွန်တော်ကပရိုဖ က်ရှင်နယ်မဟုတ်ေ တာ့ဝင်းဂါးလောက် တော့မသိဘူးပေါ့ဗျာ.....................................မှားတာရှိရင်တော့ တောင်းပန်ပါတယ် ...အာဆင်နယ်ဆုဖလားေ ပါင်းမြောက်မြား စွာရရှိနိုင်ပါေ စ...။
ထက် နောက်တန်းကို အားဖြည့်သင့်တယ် လို့ထင်တယ်
ပိုကောင်းအောင် အလယ်တန်း ကတစ်ယောက်လောက်
နောက်တန်း နှစ်ယောက်လောက် ထပ် ဖြည့်လိုက်ရင်တော့
ဖလား လက်မဲ့ ဖြစ်မှာ မဟုတ်ဘူး
်
စိတ်ဓါတ် မကောင်းဘူးလို့  ပြောရတာ ကတော့.. အထူးသဖြင့်  အသင်းရှူံး နေချိန် မှာ သိပ်သိရတယ်.. အတိတ်ကို ပြန်မလွမ်းတတ် ပေမဲ့ .. အရင်က အာစင်နယ် တဂိုး ပေးလိုက်ရပြီဆို ရင်.. တိုက်စစ် ဆင် တာက.. တကယ့်ကို လှိုင်းလုံးကြီး တွေလိုပဲဗျာ.. အွန်နရီ.. ပီရက်စ်.. ယွန်းဘတ်.. ဗီယာရာ တို့ ရဲ့ တွဲလုံးတွေ.. wing back တွေရဲ့  overlap တွေ ... နဲ့ .. တဖက်အသင်း.. က နှစ်ဂိုး ပြန်ပေးဖို့ .. အသင့်ပြင် နေသလား လို့ တောင် ထင်ရတယ်... အခုတော့လဲ .. လူလေး ခွေးမခန့်  အသင်းကို ဖြစ်လို့ ... ၀င်းဂါးရေ.. ယိုနေတာတွေကို ပြင်ပါတော့....
In Arsene We Trust
RSS feed for comments to this post.