(၁) လိုင်ယွန်အသင်းရဲ့ ဂိုးသမား Hugo Lloris ကိုကမ်းလှမ်းဖို့ အသင့်ဖြစ်နေတဲ့ အာဆင်နယ်အသင်း။

အာဆင်နယ်အသင်းဟာ ယူရို 15 သန်း( ပေါင် 12 သန်း) တန် လိုင်ယွန်အသင်းရဲ့ ဂိုးသမား Hugo Lloris ကို အဆိုပါအသင်းရဲ့ ဥက္ကဌ ကသူဒီလ အတွင်းမှာ ထွက်ခွာမယ်လို့ ပြောကြားပြီးတဲ့နောက်မှာ ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
July 2 ရက်နေ့မှာ ထွက်ပေါ်လာတဲ့ ပြင်သစ်သတင်းတွေအရ ဂန်းနားတို့ဟာ အဆိုပါ အသက် 25 နှစ်အရွယ်ဂိုးသမားကို ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ယနေ့ထုတ်ပြင်သစ်သတင်းစာ L’Equipe ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ မန်နေဂျာ အာစင်ဝင်းဂါးဟာ ဒီနွေရာသီမှာ Lloris ကိုသူရဲ့ လိုအပ်နေတဲ့ ဂိုးသမားနေရာအတွက့်  ဦးစားပေးဂိုးသမား အဖြစ် လာမဲ့တစ်ပတ်အတွင်း ကမ်းလှမ်းဖွယ် ရှိနေပါတယ်။
သတင်းတွေအရ ပြီးခဲ့တဲ့ တစ်ပတ်က လိုင်ယွန် ဥက္ကဌက သူ့ရဲ့ကစားသမားတွေထဲက အချို့ကို ဒီနွေရာသီမှာ ရောင်းထုတ်သွားမယ်လို့ ပြောကြားခဲ့ တယ်လို့သိရပါတယ်။ “ကျွန်တော် Hugo နဲ့ ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်း တကယ်လို့ သူ့အတွက်လက်ခံနိုင်တဲ့ ကမ်းလှမ်းမှု့နဲ့ ကမ်းလှမ်းတဲ့ ကလပ်အသင်း ရှိလာခဲ့မယ်ဆိုရင် သူ့ကိုထွက်ခွာခွင့် ပြုမယ်လို့ ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Hugo ကလဲ အဲ့ကလပ်ကို နှစ်သက်ပြီး အသင်းအတွက်လဲ သင့်တော်တဲ့ တန်ဖိုးဖြစ်ရမဲ့ အခြေအနေနှစ်ခုတော့ ချွင်းချက်ရှိပါတယ်” လို့ပြီးခဲ့တဲ့စနေနေ့က ပြင်သစ်တီဗီ TF1 မှာပြောကြားခဲ့ပါတယ်။
နောက်ထပ်သတင်းတွေအရ စပါးလ်အသင်းကလဲ ဂန်းနားတို့နဲ့ အပြိုင်ဈေးပြိုင်ပေးပြီး ကမ်းလှမ်းဖို့စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ Lloris ဟာ လိုင်ယွန်အသင်းမှာ 2008 ခုနှစ်က Niceအသင်းကနေ ပြောင်းရွှေ့ လာပြီး လေးနှစ်ကြာကစားခဲ့တာဖြစ်ပါတယ်။ သူဟာ ကလပ်အသင်းအတွက် 171 ပွဲကစားပေးခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာ 34 ပွဲကစားပေးခဲ့ ပါတယ်။
(၂) Walcott ကို PSG အသင်း နှင့် ချဲလ်ဆီးအသင်းတို့က ခေါ်ယူဖို့ ချိတ်ဆက်နေ။
နောက်ထပ်သိရတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား Walcott ကို PSG အသင်းကခေါ်ယူဖို့ ချိတ်ဆက်နေပြီး ယခုအခါ ချဲလ်ဆီးအသင်းကလဲ အသက် 23 နှစ်အရွယ်ရှိ ထိုကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ Daily Mail သတင်းစာရဲ့ ပြောကြားချက်အရ ဂန်းနားတို့နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တဲ့ Walcott ကိုခေါ်ယူဖို့ အတွက် ပါဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။
Walcott ဟာ PSG အသင်း ကိုပြောင်းရွှေ့နိုင်မဲ့ အခွင့်အရေးကို ငြင်းပယ်ထားခဲ့ပြီးလန်ဒန်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Walcott ဟာ သူရဲ့စာချုပ်အသစ်အတွက်အာဆင်နယ်အသင်းကို သူရဲ့တစ်ပတ်လစာ ပေါင် 60000 သောင်းကနေ ပေါင် 100000 တိုးမြှင့်ပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်။
(၃) အာဆင်နယ်အသင်းက ခေါ်ယူရန်ပြင်ဆင်နေသော Alan Dzagoev ကို စပါးအသင်းကပါ အပြိုင်ခေါ်ယူရန်ပြင်ဆင်လာခဲ့။
နောက်ထပ်သတင်းတွေအရ အာဆင်နယ် အသင်းရဲ့ ပြစ်မှတ်ကစားသမားတိုင်းကို လိုက်လံချိတ်ဆက်နေတဲ့ စပါးလ်အသင်းကလဲ ယခုတစ်ခါ ဂန်းနားတို့ရဲ့ပြစ်မှတ် Alan Dzagoev ကိုခေါ်ယူဖို့ ချိတ် ဆက်နေတယ်လို့ ကစားသမားရဲ့ဖခင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါရုရှားလက်ရွေးစင်ဟာ ယူရို 2012 မှာခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် သူရဲ့ကလပ် CSKA Moscow အသင်းကနေ ခေါ်ယူဖို့ အခြားအသင်းတွေကချိတ်ဆက်နေခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီအစောပိုင်း ထဲက ခေါ်ယူဖို့ ချိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Tariel Dzagoev ရဲ့ပြောကြားချက်အရ သူ့သားကို စပါးလ်အသင်းအပါအ၀င် အခြားအသင်းတွေကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
(၄) ပြင်သစ်အသင်းရဲ့ ရာထူးကို စိတ်မဝင်စားဘူးလို့ ပြောကြားခဲ့တဲ့ အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါး။

နောက်ထပ်သတင်းတစ်ခုအရ အာဆင်နယ်အသင်းရဲ့မန်နေဂျာ အာစင်ဝင်းဂါးက ပြင်သစ်အသင်းရဲ့ ယူရိုပြိုင်ပွဲမှာ ကျရှုံးမှု့ကြောင့် ထွက်ခွာသွားရတဲ့ Laurent Blanc ရဲ့မန်နေဂျာရာထူးကို ဆက်ခံဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေပေမဲ့ Blanc ထွက်ခွာသွားပြီးနောက်ပြင်သစ် တီဗီ TF1 ကို အာစင်ဝင်းဂါးက သူ့အနေနဲ့ ဒီရာထူးကိုစိတ်ဝင်စားမှု့မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။ “ဒီရာထူးအတွက် သင့်တော်တဲ့သူတွေအများကြီးရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော်အနေနဲ့ကတော့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးပြီး အသင်းအတွက်အလုပ်တွေအရမ်းများနေပါတယ်” လို့ဖြေကြားခဲ့ပါတယ်။
source - http://www.footballgossip.org.uk/index.php/2012/07/02/arsenal-transfer-news-and-rumours-monday-2-july/


Comments
ဟုတ်ပါတယ် ...၈ လပိုင်းကျော်ေ
လာက်မှပြန်ကစားနိုင်မယ်လို့ကြား ပါတယ် ။
ပလိုင်းပေါက်နဲ့ ဖါးကောက်နေရဦးမ ယ်
ဒါနဲ့ စကားမစပ်.. ဘေဘီဂျက် က ရာသီအစပွဲ တွေ လွဲမယ်ဆိုတာ.. ဟုတ်သလားဗျ.. သိသူများ ရှိရင်.. ပြောပြပါဦး...
Ramsey and release by squillaci.
RSS feed for comments to this post.