အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီသည် အသင်း၏ အမှုဆောင် အရာရှိချုပ် ဂါဇီဒစ်ဇ်နှင့် တွေ့ဆုံမှု ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် သူတို့အနေဖြင့် အသင်း၏ ရှေ့ဆက်သွားမည့် လမ်းစဉ်များအတွက် မတူညီသော အမြင်များ ရှိခဲ့သည်ဟုလည်း ဆိုသည်။ ထို့အတူ သူ့အနေဖြင့် အသင်းနှင့် စာချုပ် သက်တမ်း မတိုးဖြစ်တော့ကြောင်းလည်း ပြောကြားခဲ့သည်။

သူက ``ကျွန်တော်ဟာ ဒီကိစ္စ (အသင်း၏ ရှေ့ဆက်မည့် လမ်းစဉ်အတွက်) အများကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ စာချုပ် သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။´´ ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ဗန်ပါစီအနေဖြင့် ကျန်ရှိသော စာချုပ်သက်တမ်းအတိုင်း အာဆင်နယ် အသင်းတွင် ဆက်ရှိနေမနေကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ ထို့အတူ အသင်း၏ အမှုဆောင် အရာရှိချုပ် ဂါဇီဒစ်ဇ်၏ နှစ်ပတ်ကြာ အားလပ်ရက် ရယူပြီး အမေရိကားမှ ပြန်လာချိန်တွင် အသင်းအတွက် တစုံတရာ တိုးတက်မှုနှင့် ပြောင်းလဲမှုများ ရှိခဲ့ပါက ထပ်မံပြီး ဆွေးနွေးမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။
မေလ ၁၆ရက်နေ့က အာဆင်ဝင်းဂါး၊ ဂါဇီဒစ်ဇ်တို့နှင့် တွေ့ဆုံခဲ့သည့် အပေါ် ဗန်ပါစီက
``ကျွန်တော်တို့ တွေ့ခဲ့တာဟာ အသင်းရဲ့ အနာဂါတ်လမ်းကြောင်းနဲ့ ပတ်သက်ပြီး တွေ့ခဲ့တာပါ။ ကျွန်တော့်စာချုပ်နဲ့လည်း မပတ်သက်သလို၊ ငွေရေးကြေးရေးနဲ့လည်း မဆိုင်ပါဘူး။ အဲ့ဒါတွေကို ကျွန်တော်စိတ်လည်း မ၀င်စားပါဘူး။ ပြီးခဲ့တဲ့ ရာသီဟာ (ဂိုးတွေသွင်းနိုင်ခဲ့လို့) ကျွန်တော့်အတွက်တော့ တကယ်ကိုပဲ ကောင်းမွန်လှပါတယ်။ ဒါပေမယ့် ကျွန်တော့် ဂိုးတွေဟာ အသင်းအတွက် အောင်မြင်မှုတွေ ယူလာပေးတဲ့ ဂိုးတွေပဲ ဖြစ်စေချင်ပါတယ်။ ဆရာဝင်းဂါးကို လေးစားတာရော၊ ကျန်တဲ့ ကစားသမားတွေ၊ ပရိသတ်တွေကြောင့် ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုကို အသေးစိတ် မပြောနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက အသင်းရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ကံမကောင်းအကြောင်းမလှစွာပဲ ကျွန်တော်တို့ အမြင်တွေ ကွဲလွဲခဲ့ကြပါတယ်။ ´´ ဟုပြောကြားခဲ့သည်။
ဆက်လက်ပြီး ``ဘာတွေပဲ ဖြစ်နေနေပါ ကျွန်တော် ဒီအသင်းနဲ့ ဒီပရိသတ်ကို အရမ်းချစ်ပါတယ်။ ကျွန်တော် ဒီအသင်းမှာ လူလားမြောက်ခဲ့တာပါ။ ကျွန်တော် ဒီမှာ ရှိနေသမျှ ကာလပတ်လုံး ပရိသတ်တွေ ကျွန်တော့်ကို အားပေးခဲ့ကြပါတယ်။ ကျွန်တော်ကလည်း ကွင်းတွင်းကွင်းပြင်မှာ အစွမ်းကုန် ပြန်လည် ပေးဆပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်းမှာ ဒီလို ကြီးကျယ် ခမ်းနားတဲ့ အသင်းရဲ့ တစိတ်တပိုင်းဖြစ်ခွင့်ရခဲ့တာကို ဂုဏ်ယူလို့ မဆုံးပါဘူး´´ ဟု ပြောကြားလိုက်သည်။
Ref: BBC
Comments
http://www.tribalfootball.com/articles/van-persie-back-london-bitter-arsenal-showdown-3335071
ငဗန်တစ်ယောက်ဘာလုပ်မလဲ ....မနစ်ကခြေစွမ်းအတိုင်းရောက်လေရာတ သင်းမှာအောင်မြင်ပါစေ တစ်ကယ်လို့ မပြောင်းချင်ဘဲစိတ်ပြောင်းသွားရ င်လည်း ဒို့က welcome ပါဘဲ
ဖလားမလိုချင်ဘူး လို့ ပြောလိုက်မှာလဲ မဟုတ်ဘူး ။
လူတွေထပ်ဝယ်နေတာ လဲ အားလုံးအမြင် ။ဒါကိုမှပြောင်း တာ
ကတော့  ။မပြောလဲသိကြတဲ့ အ၇ာကြောင့် ပါ ။ မင်းပြေင်းမဲ့ 
အသင်းအာဆင်နယ်ထက် ဘယ်လောက်ကောင်းလဲ
ကြည့် ကြသေးတာ ပေါ့ 
အာဆင်နယ်တစ်သင်း ထည်းကိုပဲ စွဲစွဲမြဲမြဲ အားပေးလာခဲ့တာပါ ။
ဒါပေမဲ့ တစ်ခါတစ်လေမှာ ပြိုင်ဘက်အသင်းေ တွကို အားကျမိတယ် ။
ကျွန်တော်တို့မှာ ပေါလ်စခိုး ၊ ဂစ်စ် မရှိဘူး ၊ ဂျာရတ် မရှိဘူး။ ဇာဗီ ၊ အင်နီယက်စတာ ၊ ပူယိုး မရှိဘူး ။
ကျွန်တော်လိုချင်တာ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ကစားသမား တွေ မဟုတ်ပါဘူး ။
အသင်းအပေါ်သစ္စာရှိစွာ နဲ့ အသင်းအတွက်ပေးဆပ်ချင်တဲ့ ကစားသမားတွေပဲလိုချင်တာပါ ။
ဒါပေမယ့် ကျွန်တော်တို့အသ င်းရဲ့ကစားသမားေ တွက နာမည်တစ်ခုရလာတာ နဲ့ အာဆင်ဝင်းဂါးရဲ့ ပျိုးထောင်မှုတွေ ကို ၊ အသင်းပရိတ်သတ်တွေရဲ့ ဆန္ဒတွေကို လစ်လျူရှုသွားတဲ့ လူတွေချည်းပဲ။
နောက်ဆုံးမှာ အာဆင်ဝင်းဂါး နဲ့ ကျွန်တော်တို့ပဲ ကျန်ခဲ့တယ်။
ဗန်ပါစီ ရှေ့ဆက်အနာဂတ် အောင်မြင်ပါစေ.......
သူဆွေးနွေးတယ်ဆိုရင် အသင်းအနာဂတ်ဘယ်လိုလဲသူမေးမှာပါ။
ငွေဘယ်လိုသုံးမှာလဲ။ ရည်မှန်းချက်ဘယ် လောက်မြင့်မြင့် ထားမှာလဲ။ သူမေးမှာပါ။
အဆင်မပြေလို့၊ ရည်မှန်းချက်ရှိ တဲ့အတိုင်းမဖြစ် လို့ သူပြောင်းတယ်ထင် ပါတယ်။
သူအသင်းကိုချစ်မှာပါ။ ဒါပေမဲ့ဖလားလဲလိုချင်မှာပါ။
သူ့ဆုံးဖြတ်ချက် မှန်ကန်ပါစေလို့ ပဲဆုတောင်းပေးရုံပါ။
ထာဝရအာဆင်နယ်ပရိ သတ်ကျနော်တို့အလုပ်ကတော့ ရင်နာနာနဲ့ပဲ အကောင်းဆုံးကစား သမားတွေထွက်သွား ကြတာကိုထိုင်ကြည့်နေရင်း
တစ်နှစ်ပြီးတစ်နှစ်ဖလားလက်မဲ့ဖြ စ်၊ နောက်နှစ်အတွက် မျှော်လင့်ချက်နဲ့အသက်ရှင် .... ဒီလိုနဲ့ပဲ သေသည်အထိဖြစ်သွားမှာပါပဲ။
---
အာဆင်နယ် အောင်မြင်ပါစေ။
!_!
ကျုပ်ကတော့ ရမ်းဆေးကို အသင်းခေါင်းဆောင်ပေးစေချင်တယ်.. ဘာလို့လဲဆိုတော့ အသင်းခေါင်းဆောင်ဖြစ်ပြီးနောက်နှစ်ဆို ကစားသမားတွေက အသင်းပြောင်းပြောင်းကုန်လို့...
ဗန်ပါစီနေရာမှာ ပိုဒေါစကီးနဲ့ ဂျာရော့တို့ နှစ်ယောက်က အနည်းနဲ့အများ အစားထိုးနိုင်မှာပါ။ လိုအပ်နေတဲ့ ကွင်းလယ်လူ တစ်ယောက်လောက်နဲ့  နောက်တန်း သမား တစ်ယောက်သာ ထပ်ဖြည့်ရင် အာဆင်နယ်ရဲ့  ဖလားလက်မဲ့ကာလတွေကို ဇာတ်သိမ်းနိုင်ေ လာက်ပါတယ်။
ဘာစီလိုနာကလည်း တမှောင့် ဗာမယ်လန်ကို ၀ယ်ချင်တယ် လုပ်နေပါတယ်။ ဗာမယ်လန်ကတော့ ဒီနှစ် အသင်းမပြောင်းတာ သေချာတယ်။ ဗန်ပါစီ တကယ်လို့ ပြောင်းသွားရင် ဗာမယ်လန်က အသင်းခေါင်းဆောင်ဖြစ်လာမှာဆိုတော့ အသင်းခေါင်းဆောင်သစ်နေရာအတွက်ကေ တာ့ စိတ်ချရပါပြီ။
RSS feed for comments to this post.