လူငယ်ကစားသမားများကို မွေးထုတ်ပေးနေသော အသင်းအဖြစ်မှ ငွေကြေးပုံအော သုံးစွဲသော အသင်းအဖြစ် အာဆင်နယ်အသင်းအား ပြောင်းလဲမည် မဟုတ်ကြောင်း အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

သို့သော်လည်း အာဆင်ဝင်းဂါးအနေဖြင့် သူ၏ ၁၉၉၀ခုနှစ်များဆီက ဂျိုဟန်ခရိုက် တည်ဆောက်ခဲ့သည့် လူငယ်အကယ်ဒမီမှ ကစားသမားများကိုသာ အခြေပြုသော အေဂျက်အသင်းကဲ့သို့ အသင်းမျိုး တည်ဆောက်နေမှုမှ သွေဖည်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အသင်းမှ ထွက်ခွာခဲ့သော ကစားသမားများအား အာဆင်ဝင်းဂါးက အပြစ်တင်စကား အနည်းအကျဉ်းဆိုခဲ့သည်။
ဝင်းဂါးက ``ကျွန်တော်အနေနဲ့ ခရိုက်နဲ့ တသဘောတည်းပါပဲ။ ကျွန်တော် ပြောင်းလဲမှာ မဟုတ်ပါဘူး။ စိတ်မကောင်းစရာက တခုပဲရှိပါတယ်။ အဲဒါကတော့ တခါတရံမှာ ကိုယ်လုပ်တဲ့အလုပ်တွေကို သူများဖျက်ဆီးတာ ခံရတတ်တာပါပဲ။ ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံးအချိန်တွေကို အသင်းအတွက် ကစားပေးတာပဲ မြင်ချင်မှာပါ။ ဒါပေမယ့် အဲ့ဒါက အမြဲမဖြစ်တတ်ဘူးလေ။ ကျွန်တော်ဟာ အဲ့လို ကိစ္စတွေအတွက် သားကောင် ဖြစ်ခဲ့ရတာပေါ့။ အာဆင်နယ်အသင်းအတွက် အကောင်းဆုံး ကစားပေးရမယ့် အချိန်တွေမှာ နာဆရီ၊ ကလစ်ချီ၊ ဖားဘရီးဂတ်စ် စတဲ့သူတွေကို ကျွန်တော်ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်ကတော့ အသင်းက ထွက်ခွာခွင့်ရှိခဲ့ပေမယ့် မထွက်သွားခဲ့ပါဘူး။ ဒီအသင်းကနေ တခြားအသင်းကို ပြောင်းသွားဖို့ ဆယ်ကြိမ်မက အခွင့်အရေးတွေ ရခဲ့တာပေါ့။ ဒါပေမယ့် မပြောင်းခဲ့ပါဘူး။ ဘာ့လို့လဲဆိုတော့ ကျွန်တော်ဟာ အာဆင်နယ်အသင်းမှာ ဒီအမြင်ဒီအတွေးတွေနဲ့ ဆယ့်ခြောက်နှစ် အလုပ်လုပ်လာခဲ့လို့ပါ။ ဒါဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ´´ ဟုပြောကြားလိုက်သည်။
ဆက်လက်ပြီး ``ကျွန်တော်ဟာ ပိုက်ဆံကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ အသင်း တစ်သင်းကို လူငယ်တွေနဲ့ တည်ဆောက်ခဲ့တာဟာ ပိုက်ဆံရဖို့အတွက် မဟုတ်ဘူးဆိုတဲ့ ခရိုက်လိုလူစားမျိုးပေါ့။ ကျွန်တော်တို့တတွေ ဒီလိုလုပ်နေတာဟာ ဘောလုံးလောကကို ပြန်ပေးဆပ်ချင်တာပါ။´´ ဟု The Sun သတင်းစာသို့ ပြောကြားလိုက်သည်။
Ref:www.soccernet.com
Comments
ကစားသမားတွေက ဟိုးအရင်တုန်းကက စားသမားတွေနဲ့ မတူတော့ဘူး
ဘောလုံးထက် ပိုက်ဆံမက်တဲ့ကစားသမားတွေ များများလာပြီလေ
အဲတော့အရင်လိုကြီးတော့လုပ်လို့မ ရဘူး အားလုံးမဟုတ်တောာင်နည်းနည်း လေးတော့ပြောင်းမှရမယ် ထင်တယ်......(ဘာပဲဖြစ်ဖြစ် အားပေးနေမှာပါပဲ ကွာ)
အားဆင်နယ်က
လူးမွေးပေးနေသလိုဖြစ်နေတယ်ဗျာ
သမင်မွေးလေ ကျားစားလေပေါ့ဗျာ
ပရိသတ်တွေ အတွက် ဖလားယူပေးဖို့ စိတ်ကူးရော ရှိရဲ့လား
RSS feed for comments to this post.