You are here: Home သတင်းနှင့်အင်တာဗျူးများ သတင်းများ အာဆင်နယ် သတင်းများ ၁၆.၇.၂၀၁၂

Arsenal Myanmar | All of Arsenal fans from Myanmar.

အာဆင်နယ် သတင်းများ ၁၆.၇.၂၀၁၂

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

နောက် ၄၈ နာရီ အတွင်း အာဆင်နယ် ကို ရောက်မယ်လို့ သတင်းထွက်နေတဲ့ ဘရာဇီး ကစားသမား ဂန်ဆို


ဒီ ၂၂ နှစ်သားကို ဘရာဇီးကလပ်အသင်းဖြစ်တဲ့  ဆန်းတို့စ် ကလပ်က ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီကစားသမားကို ပရီမီးယားလိဂ် ထိပ်သီး အသင်းတွေကလည်း လိုချင်နေပါတယ်။ ဒုတိယ ဥက္ကဌ ဖြစ်သူ Rodrigues က ဆန်းတို့စ်အသင်းအတွက် ဂန်ဆိုအနေနဲ့ ဆက်ကစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါကြောင်း သူဟာ အသင်းအပေါ်မှာ စိတ်ဝင်စားမှု အာရုံစိုက်မှုတွေ နည်းလာတဲ့အတွက်ကြောင့် အသင်းမှာလည်း ဆက်လက် ထားရှိတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

 

ပါစီကို ဒီဇက်ကို နဲ့ အလှဲအထပ် လုပ်သင့်ကြောင်း အကြံပေးလိုက်တဲ့ ရေးပါလာ

အာဆင်နယ် ကွင်းလယ်ကစားသမား ဟောင်း ရေးပါလာက မန်စီးတီးအသင်းသည် ဗန်ပါစီ ကို လိုချင်ပါက ပြောင်းရွှေ့ကြေး နှင့် ဒီဇက်ကို ပါ အလိုက်ပေးကမ်းလှမ်းဖို့ အာဆင်နယ် အသင်းအနေဖြင့် တောင်းဆိုသင့်ကြောင်း အကြံပြုလိုက်ပါတယ်။ မန်စီးတီး အသင်မှာ ပေါင် ၂၇ သန်းနဲ့ ရောက်လာပြီး နေရာမရ ဖြစ်နေတဲ့ ဒီဇက်ကို ဟာ မနှစ်က ဂျာမနီ ကလပ် ၀ုဖ်ဗက် အသင်းကနေ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့လုပ်ခလစာ ကအနည်းငယ် ပြဿနာ ရှိနိုင်ပါတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကစားသမားကောင်းဆိုတာ ပိုက်ဆံတော့ အကုန်ခံနိုင်မှ ရမှာ ဖြစ်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။


  JP-Bookmark

Comments  

 
0 #8 ၀င်းသိန်းထွန်း 2012-07-24 13:20
ဂန်ဆိုကိုရရင်လည်းကောင်းတာပဲ ဒီဇစ်ကိုကို ပါစီနဲ့လည်းနိုင်ရင်လည်းကောင်းတာပဲ အကောင်းဆုံးကတော့  ပါစီကို ဆက်ထိန်းထားနိုင်ရင်ကောင်းဆုံးပါ မကောင်းတာကတော့ ပိုက်ပိုက်ကပ်စည်းနဲတာပဲ ယုံကြည်အားကိုးရ လောက်မယ့်ကစားသမားတွေလိုအပ်နေပါ သည်။ချန်ပီယံဖလားအတွက်လက်ရှိလူစာရင်း လက်ရှိနောက်တန်း နဲ့ကတော့ အင်းးးးးးးးးးးးးးးးးးးးးးးးးးး အားပေးလျှက်ပါ အာဆင်နယ်
 
 
+3 #7 arsenal 2012-07-17 21:06
ဖြစ်နိုင်မယ်မထင်ပါဘူးဗျာ ဖြစ်လာခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ ........
 
 
+3 #6 crixalis 2012-07-16 22:33
ဒီသတင်း အမှန် ဖြစ်ပါ့မလား
ဂန်ဆို ကို ရရင်တော့ အတိုင်းထက်အလွန် ပါပဲ
အာဆင်ဝင်းဂါး ပိုက်ဆံသုံးမယ်လို့ မထင်ပါဘူး
အနည်းဆုံး £20m သုံးမှရလောက်မှာ
 
 
+6 #5 notear 2012-07-16 10:59
http://www.youtube.com/watch?v=N0SRJWxHNwk&feature=related စကေးကော ကစ်ကော ဘာမှ ပြောစရာမရှိ့ ဘူး ။။။မိုက်တယ် ..
 
 
+5 #4 AungPhyo 2012-07-16 10:42
ကျေးဇူးအထူးပင်တ င်ရှိလျက်ရှိနေပါကြောင်: ကို notear ရေ
 
 
+7 #3 notear 2012-07-16 10:35
ဟုတ်တယ် ဗျို ကိုကျော်ရေ ။။။ ဂန်ဆို သာရလို့ ကတော့ ရှယ်ပဲ ဗျို့ ။။။ သူ့ စကေး လင့်ပါ ။။ http://www.youtube.com/watch?v=qEBlFaplM5w ၁၀၀ % ကြိုက်တယ်ဗျာ ။။။
 
 
+5 #2 AungPhyo 2012-07-16 10:31
ဂန်ဆိုက ကောင်းသလား အကိုတို့ .......ဒီကောင့်အကြောင်းသိရင် နဲနဲ ပြော ပြကြပါဦး
 
 
+19 #1 kyaw 2012-07-16 01:55
ဂန်းဆိုသာရလို့က တော့ကွာရှယ်ပဲဒီ သီတင်းသေချာပါစေ ဘုရား