စတိဗ် ဘိုး နဲ့ နေးလ် ဘန်းဖီး တို့အနေနဲ့ အာဆင်နယ်အသင်းရဲ့ လုပ်ငန်းစဉ်တွေကို သိနေပြီးဖြစ်တဲ့အတွက် လုပ်ကိုင်ရာမှာ ဘာအခက်အခဲမှ ရှိမှာမဟုတ်ဘူးလို့ အာဆင်ဝင်းဂါး က ပြောကြားသွားပါတယ်။ပြီးခဲ့တဲ့ရာသီအကုန်မှာ အသင်းမှာ နှစ်ပေါင်းများစွာ ပေးဆပ်နေခဲ့တဲ့ လက်ထောက် နည်းပြ ပတ်ရိုက်စ် အနားယူသွားပြီးတဲ့နောက် လူငယ်အသင်းနည်းပြ ဘိုး ကိုလက်ထောက်နည်းပြအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပြီး အရံအသင်းနည်းပြ ဘန်းဖီး ကိုတော့ နည်းပြအဖွဲ့အတွင်းကို ခေါ်ဆောင်ခဲ့ပါတယ်။နည်းပြသစ် နှစ်ဦးစလုံး ရာသီ ကြို လေ့ကျင့်ရေးအစီအစဉ်တွေစကတည်းက လေ့ကျင့်ရေးကွင်းမှာ တက်ကြွစွာရှိနေခဲ့ကြပြီး အာဆင်ဝင်းဂါးအနေနဲ့ အဆိုပါ အခြေအနေတွေကို သဘောကျနေခဲ့ပါတယ်။

သူတို့က အသစ်တွေမဟုတ်တဲ့အတွက် ကောင်းမွန်လျင်မြန်စွာနဲ့ပဲ အခြေကျပါတယ်။ကျွန်တော်တို့အနေနဲ့ အသင်းမှာ တည်ငြိမ်မှုရှိတာကိုပဲလိုလားကြပြီး သူတို့က ကျွန်တော်တို့ လုပ်နေတဲ့အလုပ်နဲ့ အကျွမ်းတ၀င်ရှိပါတယ်။ သူတို့က အလွန့်အလွန်တော်တဲ့ နည်းပြတွေဖြစ်ပြီး သူတို့ အခုလို ရာထူးမတိုးခင်ကတည်းက နေ့စဉ်နေ့တိုင်း ကျွန်တော်နဲ့ထိတွေ့နေခဲ့ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်နေကျ အလုပ်ကို ဆက်လုပ်ကြရုံပဲပေါ့။ ကျွန်တော်တို့ အလုပ်တွေ သေချာ သတ်မှတ်တဲ့အခါမှာ စတိဗ် နဲ့ နေးလ် တို့က ခံစစ်နဲ့ ကွင်းလယ်ကိုပိုပြီး တာဝန်ယူကြမှာပါ။
လက်ရှိက ကောင်းမွန်နေတဲ့ အခိုက်အတန့်ဖြစ်ပြီးတော့ အနားယူသွားတဲ့ နည်းပြကြီး ပတ်ရိုက်စ်ကို ကျေးဇူးတင်ကြောင်းနဲ့ သူ့အတွက် ဆုမွန်ကောင်းတွေ ထပ်တောင်းပေးပါတယ်။ တချိန်တည်းမှာပဲ စတိဗ် နဲ့ နေးလ် တို့ကိုလည်း ကြိုဆိုကြောင်းပြောဆိုချင်ပါတယ်။ ပထမဆုံးတွေ့နေရတဲ့ အနေအထားတွေကတော့ အားလုံး အကောင်းတွေချည်းပါပဲ …
Comments
အာဆင်နယ်မြန်မာဆိုမှတော့ အကုန်လုံးက အမာခံပရိတ်သတ်တွေပါ
ဝါသနာတူတွေဆိုပါ တော့ ....ကျွန်တော်က အာဆင်နယ်ကလွဲရင် ဘယ်အသင်းမှ မကြိုက်ဘူး........ဒီဆိုဒ်လေးမှာလည်းပျော်ပါတယ်...အားလုံးပျော်ရွင်ကြပါစေ
ဝမ်းသာမိပါတယ်
အဖွဲ့ဝင်အဖြစ်ကြိုဆိုပေးကြပါလို့ ပြောချင်ပါတယ်
by - tmtllb786
RSS feed for comments to this post.