ဆန်တီ ကာဇိုလာ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး သဘောတူညီလိုက်တဲ့ အာဆင်နယ်

စပိန်တောင်ပံ ကစားသမား ကာဇိုလာ ဟာ အာဆင်နယ် အသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီချက် ရရှိခဲ့တဲ့လို့ ဂါးဒီးယန်း သတင်း က ဖော်ပြခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးက ပေါင် ၁၅ ဒဿမ ၆ သန်း နီးပါး ခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ မာလာဂါ အနေနဲ့ ယူရို ၄၅ သန်းတန်ဖိုး သတ်မှတ်ထားသော်လည်း သူတို့ ရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် ယူရို သန်း ၂၀ လောက်နဲ့ လက်ခံလိုက်ရဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း မာလာဂါ အသင်းကနေ ထွက်ခွာမယ်လို့ လေသံပစ်ထားပြီး ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း ဒီအချိန်မှာ အသင်းမှ ဗန်ပါစီကိုလည်း အာဆင်နယ် အသင်းက ပေါင် သန်း ၂၀ လောက်နဲ့ ရောင်းချနိုင်ဖို့အရေး ကြိုးစားနေပါတယ်။ နောက်ပြီး အာရှာဗင် ကိုပါ ရောင်းချချင်နေပါတယ်။ အာဆင်နယ် အသင်း အနေနဲ့ လောလောဆယ် မှာ ပိုဒေါစကီး ၊ ဂျီရော့ တို့ကို ၀ယ်ယူထားပြီး ဖြစ်ပေမဲ့ လက်ရှိ ချန်ဘာလိန် ၊ ၀ဲကော့လ်၊ ဂါဗင်ဟို တို့ရဲ့ယိုယွင်းနေတဲ့ တောင်ပံကစားအားတွေကြောင့်ရော အသင်းရဲ့ တိုက်စစ်အားကို ကျမသွားစေဖို့အတွက် ပါ ကာဇိုလာကို အသင်းတိုက်စစ်အတွက် ၀ယ်ယူချင်နေတာဖြစ်ပါတယ်။
အသင်း နဲ့ နှစ်ရှည်စာချုပ် တစ်ရပ်ကို သဘောတူညီလိုက်တဲ့ အာဆင်နယ် နောက်ခံလူ ကော့စီယန်နီ
အာဆင်နယ် အသင်း နောက်ခံလူ ကော့စီယန်နီ ဟာ အာဆင်နယ် အသင်း နဲ့ နှစ်ရှည် စာချုပ်တစ်ရပ်ကို သဘောတူညီလိုက်ကြောင်း သိရပါတယ်။ဘယ်နှစ် နှစ် ဆိုတာကို အတိအကျ ကို တော့ ဖော်ပြထားခြင်း မရှိပါဘူး။ ကော့စီယန်နီကလည်း အာဆင်နယ် အသင်း မှာ သူ့အနေနှင့် ပျော်ရွှင်နေပါကြောင်း ဆက်လက်ပြီးလည်း အာဆင်နယ် အသင်း နဲ့အတူ ရင်ခုန်စရာ အနာဂတ်ကို ဆက်လက်ဖြတ်သန်းဖို့ စိတ်ကူးထားပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။၂၀၁၀ မှာ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ အဆိုပါ နောက်ခံလူဟာ အာဆင်နယ် အသင်းအတွက် ၈၅ ပွဲ ကစားထားပြီးဖြစ်ပါတယ်။ အာဆင်နယ် အသင်းအတွက် ချန်ပီယံလိဂ် ၀င်စေမည့် အဆုံးအဖြတ်ဂိုးကိုလည်း ၀က်စ်ဘရွန်းနဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။
Comments
http://www.youtube.com/watch?v=qLVXjMbaefY&feature=related
http://www.youtube.com/watch?v=qLVXjMbaefY&feature=related
http://www.youtube.com/watch?v=qLVXjMbaefY&feature=related
တော်တော်ကောင်းတဲ့ကောင်ပါ . စကေး နေရာယူ တာတွေ အမြင့်ဘောတင်တာေ တွ အ
ဖျက်တွေ ကောင်းတယ် ပြောစရာတောင်မရှိ့ တော့ဘူး
RSS feed for comments to this post.