You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar

AM Forum Lastest Topics

အာဆင်နယ်နှင့်နောက်တန်းဗျူဟာ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ကမ္ဘာ့ဘောလုံးလောကမှာ အာဆင်နယ်လို့ပြောလိုက်တာနဲ့ ဘာစီလိုနာအသင်းပြီးရင် အလှပဆုံးကစားကွက်၊ ညှက်ညောတဲ့ဟန်ပန်တွေနဲ့ ပရိသတ်တွေစွဲမက်လောက်အောင် လှလှပပ ကစားတတ်တဲ့ ပရီးမီးယားလိဂ်ထိပ်သီး အသင်းတစ်သင်းဆိုတာ ဘောလုံးချစ်ပရိသတ်တွေအားလုံးကို ပြောမပြရပဲ ကြည့်ဖူးတဲ့လူတိုင်းသိနေတဲ့ အဖြစ်အပျက်တစ်ခုပါ။ နည်းပြကြီး အာစင်ဝင်းဂါးဆိုရင်လည်း ငွေကိုစိစိစစ်စစ်သုံးတတ်တဲ့၊ တခြားပရိသတ်တွေအတွက် ကပ်စေးနည်းတဲ့ နည်းပြကြီးဖြစ်နေပေမယ့် သူခေါ်လိုက်တဲ့ကစားသမား အားလုံးနီးပါးဟာ နည်းပြကြီးရဲ့ လက်အောက်ရောက်ရင် ကမ္ဘာ့အဆင့်မှီကစားသမား ဖြစ်သွားတယ်ဆိုတာကို သိပြီးကြပြီးဖြစ်မှာပါ။

 

ထို့အတူပဲ ဖလားလက်မဲ့ရာသီတွေကြုံကြိုက်လာတာ များလာတာနဲ့ အတူ အာဆင်နယ်အသင်းကို အားပေးသူပရိသတ်တွေကြားမှာ မူဝါဒ ကွဲပြားပြီး တချို့ပရိသတ်တွေက နည်းပြကြီးအပေါ်ငြိုငြင်လာကြတာကိုလည်း ဘယ်သူမှ ငြင်းမရပါဘူး။ ဒါပေမယ့် အရင်နှစ်အပြောင်းအရွေ့ ကာလတွေနဲ့ မတူ တမူထူးခြားပြီး ဒီနှစ်မှာမှ အသင်းအတွက် အင်အားဖြည့်တင်းနေမှုတွေဟာ ပရိသတ်တွေအတွက် အားရစရာကောင်းနေပါတယ်။ အသင်းခေါင်ဆောင် ဗန်ပါစီ ထွက်ခွာခဲ့သည့်တိုင်အောင် ရှေ့တန်းအတွက် အင်အားဖြည့်တင်းထားမှုနဲ့အတူ ပူပင်စရာသိပ်မရှိပေမယ့် ပရိသတ်တွေအတွက် အဓိကစိုးရိမ်နေရတာကတော့ နောက်တန်းပြဿနာပါပဲ။

အရင်အတိတ်က အောင်မြင်ခဲ့မှု၊ ဖလားတွေတနင့်တပိုးရခဲ့မှု၊ ၄၉ ပွဲတိတိ ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့မှုတွေကို ခနဘေးဖယ်ပြီး လောလောလတ်လတ် အသင်းရဲ့ နောက်တန်းကစားသမားစုဖွဲ့မှုကို ဝေဖန်ပိုင်းခြားကြည့်ရအောင်။။။။

အသင်းရဲ့ နောက်တန်းလို့ဆိုလိုက်တာနဲ့ နောက်တန်းကစားသမားတွေ အပေါ်တာဝန်လုံးဝကျရောက်နေပြီလို့ ဝေဖန်လိုက်မယ်ဆိုရင် နည်းပြကြီး အာစင်ဝင်းဂါးအတွက် ရယ်စရာဟာသတစ်ပုဒ်ဖြစ်နေမှာ မြေကြီးလက်ခတ်မလွှဲပါဘူး။ နည်းပြကြီးရဲ့ မူဝါဒအရ အသင်းမှာရှိသမျှကစားသမားတိုင်းဟာ နေရာစုံမှာ လိုအပ်ရင် လိုအပ်သလို ဖြည့်ဆည်းကစားနိုင်စွမ်းရှိရပါမယ်။ သူ့ရဲ့ ယုံကြည်ချက်နဲ့ အတူ ဘယ်လောက်ကောင်းတဲ့ရှေ့တန်းကစားသမားဖြစ်ဖြစ် လိုအပ်ရင် အလယ်တန်း နောက်တန်း အထိ ကွက်လပ်တွေကို ဖြည့်ဆည်းကစားနိုင်ဖို့ လေ့ကျင့်ပေးလေ့ရှိပါတယ်။ အလယ်တန်းကစားသမားတွေလည်း ထို့အတူပါပဲ။


ပြီးခဲ့တဲ့ရာသီကိုပြန်ကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းအနေနဲ့ ပေးဂိုး ၄၉ ဂိုးရှိခဲ့ပြီး ပရီးမီးယားလိဂ်အဆင့် ၁၀ အတွင်းပေးဂိုးအများဆုံး နေရာအတွက် အဆင့် ၄ မှာရပ်တည်နေပါတယ်။ အာဆင်နယ်လို အသင်းကြီးအနေနဲ့ တစ်ရာသီအတွင်း ၄၉ ဂိုးဆိုတာဟာ မဖြစ်သင့်တဲ့ အရေအတွက်ဖြစ်လို့နေပါတယ်။ ဒါပေမယ့် ခေါင်းမာတဲ့ နည်းပြကြီးဟာ ယခုရာသီအတွက် အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ ခံစစ်ကစားသမားအင်အားကို ဖြည့်တင်းခြင်းမရှိသေးပဲ သူ့ရဲ့ ယုံကြည်မှုအတိုင်းရှေ့ဆက်နေတာကို တွေ့ရပါတယ်။

အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အတိုင်း အာဆင်နယ်အတွက် နောက်တန်းပြဿနာဆိုပေမယ့် နောက်တန်းကစားသမားတွေကို ပြန်ပြီး ဆန်းစစ်ကြည့်ရင် တခြားပရီးမီးယားလိဂ်အသင်းတွေနဲ့ သိပ်ပြီးကွာခြားတာကို မတွေ့ရပါဘူး။ နောက်တန်းအတွင်းလူတွေအနေနဲ့ ကိုစီယယ်နီ၊ ဗာမေလန်၊ မာတီဆက်ကာတို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အပြင် အသင်းအကယ်ဒမီက လူငယ်လေးတွေခြေစွမ်းကိုလည်း အထင်သေးလို့မရပါဘူး။ နောက်တန်း ဘယ်စွန် ညာစွန်ကို ကြည့်မယ်ဆိုရင်လည်း ဆက်ညာ၊ ဂျန်ကင်ဆင်၊ ဆန်းတို့စ် နဲ့ ကီရန်ဂစ်ဘ်တို့အရန်သင့်ရှိနေပါတယ်။ ဒါဆို ဘာကြောင့် နောက်တန်း ပြဿနာလို့ပြောရပါသလဲ။

အောက်မှာ ဆွေးနွေးထားတာတွေကတော့ ကျွန်တော့်အမြင်သက်သက်ပါ။ အာစင်ဝင်းဂါး ဘာတွေးနေလဲဆိုတာ ကျွန်တော့်အနေနဲ့ ဥာဏ်လိုက်မမှီသလို... မိတ်ဆွေတို့ အမြင်နဲ့လည်း တူချင်မှ တူပါလိမ့်မယ်။

ကျွန်တော်ဆွေးနွေးချင်တဲ့အဓိက အကြောင်းရင်းက အလယ်တန်းခံစစ်မှာကစားမယ့် ဆောင်းနေရာကိုပါ။

ပရိသတ်တွေက ပြောကြပါလိမ့်မယ်။ ဆောင်းကစားတာ ကောင်းပါတယ်… ခြေစွမ်းပြနိုင်တယ်ပေါ့။ ကျွန်တော် မငြင်းပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီကို ပြန်ကြည့် မယ်ဆိုရင် ဆောင်းအနေနဲ့ ကွင်းလယ်ခံစစ် ဆိုတာထက် ကစားကွက်ပုံဖော်ပေးတဲ့ အလယ်တန်းကစားသမားနေရာမှာ လိုက်ကစားနေတာကိုတွေ့ရပါလိမ့်မယ်။ အရင်နှစ်က အသစ်ခေါ်ယူထားတဲ့ အလယ်တန်းကစားသမား အာတီတာရှိနေတဲ့အချိန်မှာ မသိသာပေမယ့် အာတီတာ ဒဏ်ရာရသွားတဲ့အချိန်မှာ သိသိသာသာကြီးကို ဆောင်းက အစားထိုးနေတာကို တွေ့ရပါလိမ့်မယ်။ သူ့ကြောင့်ရခဲ့တဲ့ ဂိုးတွေလည်း မနည်းပါဘူး။ ဒါပေမယ့် သူကစားကွက်ပုံဖော်ဖို့ ရှေ့ကိုတက်သွားတဲ့အချိန်မှာ ကွင်းလယ်ပိုင်းနဲ့ ခံစစ်ပိုင်းကို ဆက်သွယ်ပေးမယ့်သူမရှိတော့တာ အားလုံးအမြင်ပါ။ အဲဒီဟာကွက်တွေကနေ ပေးလိုက်ရတဲ့ ဂိုးတွေကလည်းမနည်းပါဘူး။ ဒါပေမယ့် ဆောင်းကိုချည်း အပြစ်ပုံချမယ်ဆိုရင်တော့ လွန်ပါလိမ့်မယ်။ သူကလည်းလိုအပ်ချက်အတွက် ကစားပေးရတာကိုး။


ဒီရာသီမှာတော့ အာတီတာနဲ့ အပြိုင်နေရာလုမယ့် ကာဇိုလာရောက်လာခြင်း၊ ဝီရှဲလ် အနေနဲ့လည်း ဒဏ်ရာက သက်သာလာခြင်းနဲ့အတူ ဆောင်းလည်း ဘာစီလိုနာကို မပြောင်းဖြစ်ဘူးဆိုရင် ကွင်းလယ်ခံစစ်အတွက် စိတ်ပူစရာမရှိပေမယ့် မပြောကောင်း ပြောကောင်း ဆောင်းဒဏ်ရာရခဲ့ရင်…..။ သူ့နေရာကို အစားထိုးဖို့လိုအပ်လာပါပြီ။ ဘယ်သူနဲ့ အစားထိုးမလဲ။ ကိုကွီလင်???

ဟုတ်ပါတယ်။ ကိုကွီလင်နဲ့ အစားထိုးလို့ရနိုင်ပေမယ့် သူ့အနေနဲ့က ပြိုင်ပွဲအတွေ့အကြုံလုံလုံလောက်လောက်မရှိသေးပါဘူး။ တကယ်ရေကုန်ရေခန်း ကစားရမယ့်ပွဲတွေမှာဆိုရင် ခြေစွမ်းမပြနိုင်ပါဘူး။ နောင်တစ်ချိန်မှာ ခြေစွမ်းတက်လာနိုင်ပေမယ့် အသင့်သုံးအနေအထားမှာ ရှိတာကို မတွေ့ရပါဘူး။

ဒါဆို ဖရင်းပေါင်?? ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာစင်ဝင်းဂါးအနေနဲ့ သူ့ကို ဒီနှစ်မှာလည်း အငှားချထားဖို့က များနေပါတယ်။ အနာဂတ်မှာ ဆောင်းနေရာကို အပြည့်အဝတာဝန်ယူမယ့် လူငယ်လေးပါ။ ကိုကွီလင်နဲ့ ဖရင်းပေါင်တို့လို လူငယ်တွေအတွက်တော့ တစ်နှစ်၊ နှစ်နှစ် လောက် အချိန်ပေးပြီး အသားကျအောင် လေ့ကျင့်ပေးဖို့ လိုနေပါသေးတယ်။

ဒါကြောင့် ကွင်းလယ်ခံစစ်ကို ဖြည့်တင်းဖို့ Yan M’vila လို ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ အသင်းအနေနဲ့ လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာ သူ့ကို ခေါ်ယူဖို့ ဆက်သွယ်နေတယ်ဆိုတဲ့ တစုံတရာသတင်းကို မကြားရပေမယ့် ပရိသတ်တွေ မထင်တာကို လုပ်ပြတတ်တဲ့ နည်းပြကြီးက မခေါ်ယူဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ ကျွန်တော်တို့ပရိသတ်တွေအနေနဲ့ ပုံမှန်နှစ်တွေကအတိုင်း အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားတာက နေသားကျနေလောက်ပါပြီ။

ဘာပဲပြောပြော… ဖလားလက်မဲ့နှစ်တွေ တစ်ခု ကြုံလာတိုင်း နည်းပြကြီးကို ဝေဖန်ကြ။ အသင်းကနေ နှုတ်ထွက်ခိုင်းကြ။ အပြစ်ပြောကြနဲ့… နောက်ဆုံးတော့လည်း အာဆင်နယ်၊ အာဆင်ဝင်းဂါး နဲ့ ကျွန်တော်တို့လို လူမသိ သူမသိ ပရိသတ်တွေက ဘောလုံးရာသီတစ်ခုကုန်တိုင်း တစ်သားထဲကျနေကြတာကိုတော့ မိတ်ဆွေလက်ခံနိုင်မယ်ထင်ပါတယ်။

 


  JP-Bookmark

Comments  

 
+3 #9 babycrazyarsenal 2012-08-19 20:33
ကျေးဇူးတင်တယ်ဗျာ ဒီဆောင်းပါးက ကြက်သီးမွေးညှင်းထလောက်အောသ်မှန်တယ်ဗျာ။ ဒါပေမယ် ဂါးဂါးက သူ့ကိုသူ ပရော်ဖက်ဆာလို့ ကြေငြာထားတာလေ သူအတေါးနဲ့သူတော့  ဟုတ်နေတာပဲလေ ဒီနှစ်မ၇လည်း နောက်နှစ်ပေါ့။ ခံနိုင်ရည်တောင် တော်တော်ရှိနေပြီ ဖလားမ၇တဲ့နှစ်တွေတော်တော်ကြာလေေ လ ခ့နိုင်ရည်တောင် တော်တော်ရှိနေပြိ အပေါ်အသင်းတွေ ကြားမှာ တော့ မျက်နှာငယ်တယ်ဗျာ။
 
 
+1 #8 tmtllb 2012-08-17 01:25
မှန်ကန်တဲ့ တင်ပြမှုလို့ မြင်ပါတယ်
 
 
+2 #7 myanmargunner 2012-08-16 11:41
ကျွန်တော့်အမြင် ပြောရရင် အလယ်တန်းခံစစ် နေရာမှာ တစ်ယောက်လိုပါတယ် .. အာတီတာ က အာတီတာ နေရာမှာ ပဲ ရှိနေမှာပါ .. ကာဇိုလာက ရမ်ဆေးနေရာကို ယူမယ်လို့ ထင်မြင်မိပါတယ်။
 
 
+4 #6 notear 2012-08-16 10:53
ငါသေလို့ ရတယ် ကွာာ ။ ဒီဆောင်းပါးကြို က်လွန်လွန်းလို့  ။။ တကယ်ပါ ဗျားး ဘာပဲပြောပြော… ဖလားလက်မဲ့နှစ်ေ တွ တစ်ခု ကြုံလာတိုင်း နည်းပြကြီးကို ဝေဖန်ကြ။ အသင်းကနေ နှုတ်ထွက်ခိုင်ြး က။ အပြစ်ပြောကြနဲ့… နောက်ဆုံးတော့လည်း အာဆင်နယ်၊ အာဆင်ဝင်းဂါး နဲ့ ကျွန်တော်တို့လို လူမသိ သူမသိ ပရိသတ်တွေက ဘောလုံးရာသီတစ်ခုကုန်တိုင်း တစ်သားထဲကျနေကြတာကိုတော့ မိတ်ဆွေလက်ခံနို င်မယ်ထင်ပါတယ်။
အကြိုက်ဆုံးပဲ။။ ။ ကျေးဇူးပါ ကိုဂန်ဖိုင်းယာားးးးး
 
 
+4 #5 kyaw 2012-08-16 02:59
ကျွန်တော်အထင်ြေ ပားရရင်အာဆင်ဝင်းဂါးရဲ့အတွေးအခေါ်မမှာပါဘူတိုက်စ စ်အားပေးကစာချင် ရင်ဘယ်ကစားသမားမှာခံစစ်ကိုအားပြုပေးတာမျိုးမဖြစ်သင့်ပါဘူတစ်ခုေ တာ့ရှိတယ်ခံစစ်မ တောင့်တင်းတဲ့အသ င်းအတွက်ဆိုကွင် လယ်မှာကစားတဲ့ကစားသမာတွေဟာတိုက် စစ်ဆင်နေတဲ့အချိ န်မှာဘော့လုံးမဆုံးရှူံးမိစေဖို့ လိုအပ်ပါမယ်အြာ ကီးရဲ့အလယ်ကအဲဒီ လောက်မကောင်းလို့ နောက်တန်းမှာပြ သနာဖြစ်နေတာပါဂိုးပေးလိုက်ရပြီး ဆိုလဲတိုက်စစ်ကိုကောင်းကောင်းထိ ရောက်အောင်ပုံဖေါ်ပေးနိုင်တဲ့ကစားသမားမရှိပြန်ဘူ ဖြစ်နေတယ်
 
 
+5 #4 LuvRobinVPersie 2012-08-16 01:08
ံအလယ်တန်းခံစစ်ေ နရာကို ထောက်ပြနိုင်တဲ့ စာရေးသူရဲ့အမြင် ကိုတော့ မချီးကျူးပဲ မနေနိုင်ပါခင်ဗျာ.. တကယ်ကို မြင်တတ်ပါပေတယ်..

ကျွန်တော့်အတွက် ကတော့ အဲ့ဒီနေရာကို ပေးကစားဖို့  မမေ့မလျော့ ရှိနေတဲ့ ကစားသမားတစ်ယောက်ရှိပါတယ်..

တခြားသူမဟုတ်ပါဘူး.. “ဒီယာဘီ”ပါ.. မာမာထန်ထန်ကစားတဲ့အတွက် ဒဏ်ရာတွေနဲ့ လုံးပမ်းရသူဆို ပေမဲ့ နောက်တန်းနဲ့  ကွင်းလယ်ကို ချိတ်ဆက်ပေးနိုင်ခဲ့သလို အဖျက်ပိုင်းပါ စိတ်ချရတဲ့အပြင် အတွေ့ အကြုံလည်းများတဲ့ ကစားသမားတစ်ယောက်ပါ..

ကျွန်တော်ကတော့ ဒီယာဘီရဲ့ ကစားဟန်ကို သဘောကျတဲ့ခင်ဗျ.. အကယ်၍ အာဆင်ဝင်းဂါးသာ ထည့်သုံးမယ်ဆိုရ င်ပေါ့လေ..

နောက်တစ်ခုအနေနဲ့ က .. နောက်ထပ် ဆောင်းပါးတွေ အများကြီး ဖတ်ချင်ပါသေးတယ် ဗျို့ ........
 
 
+11 #3 lady arsenal 2012-08-15 22:11
စိတ်မပူပါနဲ့ မောင်လေးရယ် .. အာစင်ဝင်းဂါးကို သာ ယုံကြည်ထားလိုက် ပါ .. “ခုနှစ်ခါလဲရင် .. ရှစ်ခါပြန်ထမယ်” လေ .. ဟုတ်ဘူးလား .... Razz
 
 
+14 #2 tharnga 2012-08-15 21:37
အကောင်းဆုံးကိုမှန်းထားတယ်....အဆိုးဆုံးလဲကြုံ ဖူးတယ်..စိတ်လည်းတို
ဖူးတယ်.....၀မ်းမြောက်ဝမ်းသာလဲအားပေးဖူးတယ် စိတ်ညစ်အောင်လဲ
ခံစားဖူးတယ်..သူများပြောတာလဲခံဖူးတယ်.. ဒါပေမယ့်ဘောလုံး ပွဲဆို
အာဆင်နယ်ပဲကြည့် ခြင်နေမိတယ်...ဟုတ်တယ်ဘယ်သူဘာေ ပြာပြော
အချိန်တန်ရင်တော့ အာဆင်နယ်ပဲဖြစ် နေမိတယ်..ရှုံးမလား ကြေကွဲတယ်
သူများပြောမလားခံတယ်...အဲ့လိုပဲနိုင်ရင်လဲထကပစ်တယ်... တစ်ခုပဲ
ရှိတယ်.ဖလားမရလဲရင်ထဲမှာတော့ အာဆင်နယ်ကအမြဲရှိတယ်...
 
 
+11 #1 Argyi Koko 2012-08-15 19:55
စာရေးဆရာရဲ့ အာဘော်ကိုတော့ ကြိုက်သွားပြီဟေ့ ...တော်လိုက်တာ...
 

Next Match:

ကျူပီအာ  vs အာဆင်နယ်

ပရီးမီးယား လိဂ်

၎၊ မေလ  ၊ ၂၀၁၃ - စနေနေ့

မြန်မာစံတော်ချိန် ည ၂၃း၀၀ နာရီ


Last Match:

အာဆင်နယ် ၁ : ၁ မန်ယူ

ပရီးမီးယား လိဂ်

၂၈ ဧပြီလ  ၊ ၂၀၁၃ - တနင်္ဂနွေနေ့

မြန်မာစံတော်ချိန် ည ၂၁း၃၀ နာရီ

AM ဧည့်ခန်း

AM ဧည့်ခန်းထဲ ရောက်လာကြတဲ့ အာဆင်နယ် ညီအစ်ကိုများ အားလုံး မင်္ဂလာပါ။

Latest Message: 6 hours, 5 minutes ago
  • ခရမ်းပြာ : ARSENAL_FLAG
  • ခရမ်းပြာ : Mr. Green
  • ခရမ်းပြာ : Mr. Green
  • Mr.Yan Naing : hello par Smile
  • ခရမ်းပြာ : hello
  • ayechannyinyizaw : hi
  • chanmon : ကျွန်တော့ အကောင့် က occultman007 @gmail.com
  • chanmon : အကို ရန်နိုင်ရေ အကို့အကောင့်က ဘာနာမည်နဲ့လဗျြ
  • Mr.Yan Naing : ပြောစရာလေးရှိလို့ပါ Smile
  • Mr.Yan Naing : ကို Chanmon ရေ «email» add ပေးပါ.. ပြီးရင် gtalk ကိုလာပါအုံး
  • Mr.Yan Naing : ကို Chanmon ရေ «email» add ပေးပါ.. ပြီးရင် gtalk ကိုလာပါအုံး
  • chanmon : ဟိုင်း
  • chanmon : ဟိုင်း
  • ခရမ်းပြာ : warmly welcome to all of u Smile
  • ခရမ်းပြာ : firstly, u must register in AM. secondly, u need to post under the topic 'Fan Club နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြမယ်'
  • Mr.Yan Naing : hi ပါ
  • ayechannyinyizaw : hi
  • Wendy phyo : how can i register to arsenal official fans club.... Very Happy
  • Wendy phyo : hi
  • ခရမ်းပြာ : capital one - 1 FA - 0 EPL - 1 UEFA - 1
  • Han Minn Thu : ဒီနှစ်ထဲမှာ ကိုစီယဲလ်နီ ဘယ်နှစ်ဂိုးသွင်းပြီးပြီလဲ သိချင်လို့
  • Han Minn Thu : မင်္ဂလာပါ နယူးကာဆယ်ကို နိုင်ပြီးရင် အောင်ပွဲခံမယ်
  • Mr.Yan Naing : ARSENAL_FLAG Smile
  • chanmon : ဟိုင်း
  • ခရမ်းပြာ : Mr. Green
  • kophyo693 : ကျေးဇူး
  • ခရမ်းပြာ : ဟိ
  • ခရမ်းပြာ : Capital 1 > 5
  • ခရမ်းပြာ : Capital One 5England - FA Cup 2 England - EPL 14 UEFA Champion League 1
  • kophyo693 : ပြောပြပါ

Only registered users are allowed to post

ဧည့်ခန်း ထဲက လူစာရင်း

  • Moe Waiyan

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

အမှတ်ပေးဇယား

စဉ်

2012/2013 ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား
ပွဲ ရမှတ်
မန်ယူ ၃၅ ၈၅
မန်စီးတီး ၃၄ ၇၁
ချယ်လ်ဆီး ၃၄ ၆၅
အာဆင်နယ် ၃၅ ၆၄
စပါး ၃၄ ၆၂
အဲဗာတန်
၃၅
၅၉
လီဗာပူး ၃၅
၅၄
ဝက်စ်ဘရွန်း ၃၄ ၄၈
ဆွမ်ဆီး ၃၄ ၄၂
၁၀ ဝက်စ်ဟမ်း ၃၅ ၄၂
၁၁ ဖူဟမ် ၃၅ ၄၀
၁၂ စတုတ် ၃၅ ၄၀
၁၃ ဆောက်တန်သမ် ၃၅
၃၉
၁၄ နော်ဝှခ်ျ ၃၅ ၃၈
၁၅ ဆန်းဒါးလန်း ၃၅ ၃၇
၁၆ ဗီလာ ၃၅ ၃၇
၁၇ နယူးကာဆယ် ၃၅ ၃၇
၁၈ ဝီဂန် ၃၄ ၃၂
၁၉ ကျူပီအာ ၃၅ ၂၅
၂၀ ရီးဒင်း ၃၅ ၂၅
updated on April 28th, 2013

၃၈

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles: