
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ဘာကလေ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ စတင်ပါပြီ။ စနေနေ့မှာ ကျင်းပမယ့် ၂၀၁၂ - ၂၀၁၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရင်ခုန်စွာနဲ့ ကြည့်ရှုရတော့မှာပါ။
ကျွန်တော်တို့ အားပေးတဲ့ အာဆင်နယ်အသင်းက တော့ မနက်ဖြန် (၈း ၃၀) နာရီမှာ ဆန်းဒါးလန်းအသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီမှာ အပြောင်းအရွှေ့ကို တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားတာကိုလည်း တွေ့မြင်ထားရတယ်ဗျာ။ ပိုဒေါစကီး၊ ဂျီရော့၊ ကာဇိုလာ အစရှိတဲ့ ကစား သမားတွေနဲ့ လူငယ်ကစားသမားအချို့ကို ခေါ်ယူထားပါတယ်။ ပြီးခဲ့တဲ့ ရာသီအစတုန်းက ကြုံတွေ့ခဲ့ရတဲ့ ရလဒ်ဆိုးတွေ ထပ်မံပြီးတော့ မကြုံစေဖို့အတွက် ကြိုတင်ပြင်ဆင်နေတာကိုလည်း တွေ့ရပါတယ်။ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဗန်ပါစီ မန်ယူအသင်းကို ပြောင်းရွေ့သွားခဲ့တာကြောင့် အာဆင်ဝင်းဂါးအနေနဲ့ ပိုဒေါစကီးကို ပွဲထုတ်လာဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီမှာ လူသစ်အင်အား အများအပြားဖြည့်ထားတာကြောင့် ဆန်းဒါးလန်းအသင်းအနေနဲ့ အခက်တွေ့နိုင်ပါတယ်။ ဆန်းဒါးလန်းအသင်းကလည်း ရာသီအစဆိုရင် ခြေစွမ်းမှန်ဖို့ ရုန်းကန်ရလေ့ရှိတာကြောင့် အာဆင်နယ်အသင်းကို အနိုင်ရရှိဖို့ မလွယ်ကူပါဘူး။ ဒါ့အပြင် ခြေစမ်းပွဲ (၃) ပွဲမှာလည်း တစ်ပွဲသာ အနိုင်ရရှိထားခဲ့တာသလို အာဆင်နယ်အသင်းကိုလည်း အမ်းမရိတ်ကွင်းမှာ အနိုင်မရရှိခဲ့တာ ၂၀၀၃ ခုနှစ်က စပြီး ယနေ့အချိန်အထိပဲ ဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ရရှိခဲ့တဲ့ မာကျောမှုကို ပြန်လည်ရရှိဖို့အတွက် ကြိုးစားပြီးတည်ဆောက်ရဦးမှာ ဖြစ်တာကြောင့် အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းကပဲ ဂိုးအနည်းနဲ့ အနိုင်ရရှိသွားနိုင်ပါလိမ့်မယ်။
နောက်ဆုံးငါးပွဲရလဒ် (ခြေစမ်းပွဲများ အပါအ၀င်)
အာဆင်နယ် နိုင် သရေ သရေ ရှုံး နိုင်
ဆန်းဒါးလန်း ရှုံး နိုင် ရှုံး ရှုံး ရှုံး
၂၀၀၈ ခုနှစ် နောက်ပိုင်း အာဆင်နယ်အသင်း အိမ်ကွင်း တွေ့ဆုံမှုရလဒ်
အာဆင်နယ် ၂ - ၁ ဆန်းဒါးလန်း
အာဆင်နယ် ၀ - ၀ ဆန်းဒါးလန်း
အာဆင်နယ် ၂ - ၀ ဆန်းဒါးလန်း
ဖြစ်နိုင်ဖွယ်ရလဒ်
အာဆင်နယ် ၂ - ၁ ဆန်းဒါးလန်း
ဖြစ်နိုင်ဖွယ် လူစာရင်း
ရှက်ဇနီ
ဂျိုရှုး……..ကိုစီရယ်နီ…….ဗာမေလန်…….ဂစ်ဘ်
ဆောင်း…….အာတီတာ
ဝဲလ်ကော့…….ရမ်ဆေး………ဂါဗင်ဟို
ပိုဒေါစကီး




Comments
အင်းဖြစ်နိုင်ပါ တယ် ။။ ကျွန်တော်ကတော့ ၁ ဂိုးကို မပေးချင်လို ခေါင်းမာပြီ ပြောတာပါ ။။ ခြေစစ်ပွဲတွေမှာ တောင်းပေးဂိုးတွေ ရှိ့ ခဲ့တယ်လေ ။။။း)
နောက်တန်းကိုအခု လိုပုံစံသိပ်မကြိုက်ဖူး..........
ကာဇိုလာလေးတောင် မထည့်ထားဘူး
ရမ်ဆေး ကို ကာဇိုလာ နဲ့ လဲ
ကိုစီရယ်နီက မသေချာ
ကိုကွီလင်နဲ့ ဂျန်ကင်ဆင် ၁ယောက်ယောက် ပွဲထွက်မယ်ထင်
ဝဲကော့ကြီးလည်း ပါနိုင်ပါ့မလား
ဂိုးရလဒ်ကလည်း နည်းနေတယ်
မနှစ်တုန်းက ဆန်းဒါးလန်းရဲ့ ဂိုးသွင်းဘုရင်ေ တာင် ပိုင်ဆိုင်ထားတာ နော်
RSS feed for comments to this post.