You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar

ပရီး​မီး​ယား​လိဂ်အ​ကြောင်း​ သိ​ကောင်း​စရာများ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ပရီးမီး​ယား​လိဂ်သည် ​ဘောလုံး​​ကလပ်အသင်း​များ​ ပါဝင် ယှဉ်ပြိုင်သည့်​ အင်္ဂလန်​ကြေး​စား​ ​အမှတ်​ပေး​ပြိုင်ပွဲတစ်ခုဖြစ်သည်။ အင်္ဂလန် ​ဘောလုံး​လိဂ်ပြိုင်ပွဲများ​၏ ပုံစံအရ အဆင့်​အမြင့်​ဆုံး​ ပြိုင်ပွဲတစ်ရပ်လည်း​ ဖြစ်သည်။


အသင်း​ ၂ဝ ပါဝင်ပြီး​ ပရီး​မီး​ယား​လိဂ်​အောက် တစ်ဆင့်​နိမ့်​​သော လိဂ်ချန်ပီယံရှစ်နှင့်​ တန်း​တက်တန်း​ဆင်း​ ဆက်သွယ်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ပြိုင်ပွဲကို ဩဂုတ်လတွင်စတင်ပြီး​ ​မေလတွင် အဆုံး​သတ်သည်။

တစ်သင်း ​လျှင် ၃ဂ ပွဲစီ ယှဉ်ပြိုင်ကစား​ရခြင်း​​ကြောင့်​ တစ်ရာသီတွင် စုစု​ပေါင်း​ပွဲ ၃ဂဝ ရှိသည်။ ပွဲအများ​စုကို စ​နေ၊ တနင်္ဂ​နွေ​နေ့​များ​ တွင်ယှဉ်ပြိုင်ပြီး​ ပွဲစဉ် အချို့​ကိုမူ ကြား​ရက်များ​တွင် ယှဉ်ပြိုင်​လေ့​ရှိသည်။

 

ပရီး ​မီး​ယား​လိဂ်တွင် ပါဝင်ယှဉ်ပြိုင်သည့် ​ အသင်း​​ပေါင်း​ ၂ဝ ရှိသည်။ ဩဂုတ်လမှ ​မေလအထိ ကျင်း​ပမည့်​ပြိုင်ပွဲရာသီအတွင်း​ အသင်း​များ​သည် အိမ်ကွင်း​အ​ဝေး​ကွင်း​ ပုံစံဖြင့်​ စုစု​ပေါင်း​ ၃ဂ ပွဲကစား​ရသည်။

နိုင်သည့် ​အသင်း​သည် ၃မှတ်ရပြီး​ သ​ရေကျပါက ၁မှတ်စီခွဲယူရသည်။ ရှုံး​​သောအသင်း​သည် အမှတ်ရခြင်း​မရှိ​ပေ။ အသင်း​များ​၏ အဆင့်​ကို စုစု​ပေါင်း​ရမှတ်ဖြင့်​ အထက်​အောက်စဉ်ထား​ပြီး​၊ ရမှတ်တူပါက ဂိုး​ကွာခြား​ချက်များ​၊ ရဂိုး​များ​ကိုလည်း​ ထည့်​သွင်း​တွက်ချက်သည်။

ရာသီချိန်အပြီး ​တွင် အမှတ်အများ​ဆုံး​ရ​သော အသင်း​သည် ထိုနှစ်ရာသီ၏ ချန်ပီယံဖြစ်သည်။ အကယ်၍ အမှတ်တူ​နေပါက ဂိုး​ကွာခြား​ချက်နှင့်​ ရဂိုး​ကို တွက်ချက်ပြီး​ ချန်ပီယံအဖြစ် သတ်မှတ်​ပေး​သည်။

ထိုအချက်များ​တွင်လည်း​ ဆက်လက်တူ​နေပါက တူညီ​နေသည့်​အသင်း​များ​ကို ထိုနှစ်အတွက် ပူး​တွဲချန်ပီယံအဖြစ် ရယူရန်သတ်မှတ်ထား​သည်။

အကယ်၍ ချန်ပီယံဆုအတွက် ​နေရာလုရန်လိုခြင်း​၊ တန်း​ဆင်း​အသင်း​ဆုံး​ဖြတ်ခြင်း​၊ အခြား​ပြိုင်ပွဲများ​အတွက် သွား​​ရောက်ယှဉ်ပြိုင်ရန် အဆင့်​အတွက် ဆုံး​ဖြတ်ရာတွင် ကြား​ကွင်း​တစ်ကွင်း​၌ ရှုံး​ထွက်ပုံစံဖြင့်​ ယှဉ်ပြိုင်​စေသည်။

တန်း ​ဆင်း​ဇုန်သို့​ ​ရောက်ရှိသွား​သည့်​ ​အောက်ဆုံး​အသင်း​ ၃ သင်း​မှာ ချန်ပီယံရှစ်ပြိုင်ပွဲသို့​ ဝင်​ရောက်ယှဉ်ပြိုင်ရသည်။ ချန်ပီယံရှစ်ပြိုင်ပွဲမှ ထိပ်ဆုံး​အသင်း​ ၂ သင်း​သည့်​ ပရီမီး​ယား​လိဂ်မှ တန်း​ဆင်း​သွား​သည့်​ အသင်း​များ​​နေရာသို့​ တိုက်ရိုက်ဝင်​ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့်​ ၃ မှ အဆင့်​ ၆ အထိ အသင်း​များ​မှာ ​ခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ရပြီး​ ပထမ​နေရာရသည့်​ အသင်း​ ၁ သင်း​က ပရီး​မီး​ယား​လိဂ်သို့​ တက်​ရောက်ခွင့်​ရမည် ဖြစ်သည်။ ​ဘောလုံး​ရာသီ တစ်ရာသီစီတွင် ပရီး​မီး​ယား​လိဂ်မှ ၃ သင်း​ တန်း​ဆင်း​ရပြီး​ ချန်ပီယံရှစ်မှ ၃ သင်း​ ပရီမီး​ယား​လိဂ်သို့​ တန်း​တက်ယှဉ်ပြိုင် ရသည်။

ဘာကလေ ပရီးမီးယားလိဂ် ဟု ခေါ်ဆိုရခြင်းမှာ ဘာက​လေဘဏ် (Barclays Bank) မှ စပွန်ဆာ​ပေး​ထား​ခြင်း​​ကြောင့်​ ဘာက​လေ ပရီး​မီး​ယား​လိဂ်(Barclays Premier League) ခေါ်ဆိုခြင်းဖြစ်ပါသည်။


၁ဂဂဂခုနှစ်တွင်ဖွဲ့ ​စည်း​ခဲ့​သည့်​ Football League ကို ဖျက်သိမ်း​ပြီး​ Football League First Division မှ ကလပ်အသင်း​များ​၏ ဆုံး​ဖြတ်ချက်အရ ၁၉၉၂ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ ၂ဝ ရက်​နေ့​တွင် First Division ပြိုင်ပွဲအဖြစ်မှ ပရီး​မီး​ယား​လိဂ် (Premier League)ပြိုင်ပွဲများ​ဟူ၍ ​ပြောင်း​လဲသတ်မှတ်ခဲ့​သည်။

ထို့​​နောက်ပိုင်း​ တွင် ရုပ်သံထုတ်လွှင့်​ခွင့်​ စာချုပ်များ​ ချုပ်ဆိုနိုင်ခဲ့​သည်။ ထိုအချိန်မှစပြီး​ ပရီး​မီး​ယား​လိဂ်သည် ကမ္ဘာ​ပေါ်တွင် ကြည့်​ရှုသူအများ​ဆုံး​ ​ဘောလုံး​ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့​သည်။ ဘဏ္ဍာ​ရေး​အရ ကမ္ဘာ​ပေါ်တွင် အမြတ်အစွန်း​အများ​ဆုံး​ ​ဘောလုံး​ပြိုင်ပွဲတစ်ရပ် ဖြစ်လာခဲ့​သည်။

ထို့​​ကြောင့်​ ပရီး​မီး​ယား​လိဂ်ဟူ၍ စတင်​ပြောင်း​လဲခဲ့​သည့်​ ၁၉၉၂-၁၉၉၃ မှ ၂၀၁၁-၂၀၁၂ ​ဘောလုံး​ရာသီအထိ ပါဝင်ယှဉ်ပြိုင်ဖူး​သည့်​ အသင်း​​ပေါင်း​ ၄၅ သင်း​ ဖြစ်လာခဲ့​သည်။

၁၉၇ဝခုနှစ် ​နောက်ပိုင်း​နှင့်​ ၁၉ဂဝခုနှစ် ​ရှေ့​ပိုင်း​နှစ်များ​တွင် အင်္ဂလိပ်​ဘောလုံး​​လောက အ​နေဖြင့်​ ဥ​ရောပတိုက်တွင်​အောင်မြင်မှုများ​ ရရှိခဲ့​​သော်လည်း​ ၁၉ဂဝခုနှစ်​နောက်ပိုင်း​တွင် အဆင့်​ကျဆင်း​သွား​ခဲ့​သည်။

ဘောလုံး​ ကွင်း​များ​ပျက်စီး​ပြီး​ ပရိတ်သတ်များ​မှာ ကစား​ကွင်း​အညံ့​များ​တွင် ကြည့်​ရှုခဲ့​ကြရသည်။ ကစား​ပွဲများ​တွင် ဆူပူ​သောင်း​ကျန်း​သည့်​ပရိတ်သတ်များ​ပြား​ခဲ့​သည်။ ၁၉၈၅ခုနှစ်တွင် ​ဟေဆယ်လ်၌ ​ဘောလုံး​ပရိတ်သတ်များ​ ဆူပူမှုဖြစ်ပွား​ပြီး​​နောက် အင်္ဂလိပ် ​ဘောလုံး​ကလပ်များ​ကို ဥ​ရောပပြိုင်ပွဲများ​တွင် ဝင်​ရောက်ယှဉ်ပြိုင်ခြင်း​မှ ၅ နှစ် ပိတ်ပင်ခဲ့​သည်။

၁ဂဂဂခုနှစ်မှစတင်၍ ပထမတန်း​ အဆင့်​မြင့်​ပြိုင်ပွဲတွင် ရှိခဲ့​​သော အင်္ဂလိပ်​ဘောလုံး​​လောကသည် ပွဲကြည့်​သူအ​ရေအတွက်၊ ကွင်း​အရည်အ​သွေး​များ​တွင် အီတလီစီး​ရီး​​အေနှင့်​ စပိန် လာလီဂါပြိုင်ပွဲများ​ထက် များ​စွာ ​နောက်ကျကျန်ခဲ့​ရာ အင်္ဂလိပ်​ဘောလုံး​သမား​များ​သည်လည်း​ ပြည်ပနိုင်ငံများ​သို့​ သွား​​ရောက်ကစား​ခဲ့​ကြသည်။

သို့ ​​သော် ၁၉၉ဝ ခုနှစ်ဝန်း​ကျင်သို့​ ​ရောက်ရှိလာ​သောအခါ အ​ခြေအ​နေမှာ ပြန်လည်ဦး​​မော့​လာခဲ့​သည်။ UEFA ပြိုင်ပွဲများ​၏ ဆီး​မီး​ဖိုင်နယ်ပွဲစဉ်များ​သို့​ တက်​ရောက်နိုင်ခဲ့​သည်အထိ ​အောင်မြင်မှု ပြန်လည်ရရှိလာခဲ့​သည်။

အင်္ဂလိပ်​ ဘောလုံး​အသင်း​များ​ကို ဥ​ရောပပြိုင်ပွဲများ​၌ ဝင်​ရောက်ယှဉ်ပြိုင်ခွင့်​ကို ၁၉၉ဝခုနှစ်တွင် ပြန်လည်ခွင့်​ပြုခဲ့​သည်။ ၁၉၉၁ခုနှစ်တွင် မန်ချက်စတာ ယူနိုက်တက်အသင်း​ UEFA Cup Winner’s Cup ကို ရရှိခဲ့​သည်။

ကစား​ကွင်း​များ​၏ လုံခြုံစိတ်ချရမှု အဆင့်​အတန်း​ကို အသိအမှတ်ပြုသည့်​ Taylor Report ကိုလည်း​ ရရှိခဲ့​သည်။ ရုပ်သံမှရရှိသည့်​ ဝင်​ငွေမှာလည်း​ အင်္ဂလန်​ဘောလုံး​အသင်း​များ​အတွက် ပိုမိုအ​ရေး​ပါလာခဲ့​သည်။

ပရီး ​မီး​ယား​လိဂ်ကလပ်များ​၏ ရုပ်သံလိုင်း​များ​မှ ရရှိသည့်​ ၂ နှစ်စာချုပ်ချုပ်ဆိုမှုမှ ဝင်​ငွေစုစု​ပေါင်း​မှာ ၁၉၈၆ ခုနှစ်တွင် ​ပေါင်စတာလင် ၆ ဒသမ ၃ သန်း​အထိရှိခဲ့​သည်။ ၁၉ဂဂ ခုနှစ်အတွင်း​ စာချုပ်အသစ် ထပ်မံချုပ်ဆိုချိန်မှုတွင် ၄ နှစ်စာချုပ်အတွက် စုစု​ပေါင်း​ ​ပေါင်စတာလင် ၄၄ သန်း​အထိ မြင့်​တက်လာခဲ့​သည်။

ကစား​ ကွင်း​အဆင့်​အတန်း​များ​တိုး​တက်လာသကဲ့​သို့​ ကြည့်​ရှုသူပရိတ်သတ်နှင့်​ ဝင်​ငွေလည်း​ တိုး​တက်လာချိန်တွင် အင်္ဂလန်နိုင်ငံ၏ ထိပ်တန်း​အသင်း​များ​က ဝင်​ငွေပိုမို​ကောင်း​ရန် အစီအစဉ်များ​ ထပ်မံလုပ်​ဆောင်ခဲ့​ကြသည်။

ဆုဖလား

လက်ရှိချီး ​မြင့်​​နေသည့်​ ပရီး​မီး​ယား​လိဂ် ဆုဖလား​ကို Royal Jewellers Asprey of London မှ ပုံစံထုတ်ခဲ့​ခြင်း​ဖြစ်ပြီး​ အ​လေး​ချိန် ၂၅ ကီလိုဂရမ် (၅၆ ​ပေါင်)၊ အမြင့်​ ၃ဝစင် တီမီတာ (လက်မ ၃၀)၊ အကျယ် ၄၃ စင်တီမီတာ (၁၇ လက်မ)နှင့်​ ဖလား​အတွင်း​ပိုင်း​အနက် ၂၅ စင်တီမီတာ (၉.၈ လက်မ) ရှိသည်။

ဆုဖလား​၏ကိုယ်ထည်ကို​ငွေအစစ်ဖြင့်​ ပြုလုပ်ထား​သည်။ ​အောက်​ခြေကိုမူ မယ်လမိုက်သတ္ထု၊ အဖိုး​တန်​ကျောက်များ​ဖြင့်​ ပြုလုပ်ထား​သည်။

အောက်​ခြေခုံကို ​ငွေဖြင့်​အနား​ကွပ်ထား​ပြီး​ ယင်း​အနား​ကွပ်​ပေါ်တွင် ဆုဖလား​ရရှိခဲ့​ပြီး​သည့်​ အသင်း​များ​ကို ​ဖော်ပြထား​သည်။

မယ်လခိုက်သတ္ထု၏ အစိမ်း​​ရောင်မှာ ​ဘောလုံး​ကွင်း​၏ အစိမ်း​​ရောင်ကို ကိုယ်စား​ပြုသည်။ ဆုဖလား​ဒီဇိုင်း​ကို အင်္ဂလိပ်​ဘောလုံး​​လောကကို ကိုယ်စား​ပြုသည့်​ ခြ​င်္သေ့​သုံး​​ကောင်ပုံကို အ​ခြေခံကာ ပုံစံပြုလုပ်ထား​သည်။

ခြ ​င်္သေ့​နှစ်​ကောင်ကို ဆုဖလား​လက်ကိုင် တစ်ဖက်စီ၏အထက်တွင်ထား​ရှိပြီး​ တတိယခြ​င်္သေ့​မှာ ထိုနှစ်ပြိုင်ပွဲတွင် ဆုဖလား​ရရှိသည့်​ အသင်း​​ခေါင်း​​ဆောင်ကို ကိုယ်စား​ပြုထား​သည်။

၂၀၀၄ ခုနှစ်တွင် ထိုနှစ်ရာသီအတွင်း​ လုံး​ဝရှုံး​ပွဲမရှိခဲ့​သည့်​ အာဆင်နယ်အသင်း​ကို ဂုဏ်ပြုသည့်​အ​နေဖြင့်​ ဆုဖလား​ကို ​ရွှေဖြင့်​ပြုလုပ်ခဲ့​သည်။

ပရီး ​မီး​ယား​လိဂ်တွင် ဆုဖလား​ အများ​ဆုံး​ရထား​သည့်​အသင်း​မှာ မန်ချက်စတာ ယူနိုက်တက်ဖြစ်သည်။ ပရီး​မီး​ယား​လိဂ်အမည်ဖြင့်​ ဆုဖလား​ ၁၂ ကြိမ်၊ ယခင် First Division အမည်ဖြင့်​ ၇ ကြိမ် စုစု​ပေါင်း​ ၁၉ ကြိမ် ရရှိထား​သည်။

ပရီး ​မီး​ယား​လိဂ် အသင်း​များ​၏ မန်​နေဂျာများ​အနက် မန်ချက်စတာယူနိုက်တက်နည်းပြ မန်​နေဂျာ ဆာအဲလက်စ် ဖာဂူဆန်မှာ မန်​နေဂျာသက်တမ်း​အရှည်ဆုံး​နှင့်​ ​အောင်မြင်မှုအရှိဆုံး​ ဖြစ်သည်။

အင်္ဂလန် ပရီး​မီး​ယား​လိဂ် ဆုဖလား​ကို အင်္ဂလိပ်လူမျိုး​ ​ဘောလုံး​အသင်း​မန်​နေဂျာ တစ်ဦး​တစ်​ယောက်မျှ ရရှိထား​ခြင်း​ မရှိပါ။

ယနေ့ညမှာတော့ ပရိတ်သတ်တွေ အကြိုက် ဘာကလေပရီးမီးလိဂ်ဟာ ၂၀၁၂ - ၂၀၁၃ ရာသီအဖြစ် စတင်ပြိုင်တော့မှာ ဖြစ်ပါတယ်။


 


  JP-Bookmark

Comments  

 
+1 #2 kyaw 2012-08-18 11:27
ဆုဖလားတန်ကြေးကဘ ယ်လောက်လဲခင်ဗျ?
 
 
+2 #1 notear 2012-08-18 09:10
ကျေးဇူးတင်းပါတယ် ။။။ ခုမှပဲ စုံစုံစိစိ သိရတော့တယ် ။။။
 

Next Match:

New York Red Bulls  Vs  Arsenal

Friendly Match

27th July 2014  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် နံနက် ၃း၀၀ နာရီ

 

 

Last Match:

Arsenal 3 : 2 Hull City

FA Cup Final ( Wembley Stadium )

17th May 2014 -့ စနေနေ့ 

မြန်မာစံတော်ချိန်ည ၁၀း၃၀ နာရီ


စပါး vs အာဆင်နယ်

Barclays Premier League

၁၆ မတ်လ ၊ ၂၀၁၄ - တနင်္ဂနွေ

မြန်မာစံတော်ချိန် ည ၁၀း ၃၀ နာရီ

ဧည့်ခန်း ထဲက လူစာရင်း

AM ဧည့်ခန်း

AM ဧည့်ခန်းထဲ ရောက်လာကြတဲ့ အာဆင်နယ် ညီအစ်ကိုများ အားလုံး မင်္ဂလာပါ။

Latest Message: 1 week, 2 days ago
  • phovan11 : AM_HIT AM_HIT
  • phovan11 : ကိုင်း ရွာထဲမရောက်တာလဲ ကြာပေါ့ အပ်ပထိပ်လေး ဘာလေးလုပ်ပါဦး အက်ဒမင် ကိုကိုတို့ရေ ...........
  • Rsenal : ကို day light ကို ဘယ်လိုဆက်သွယ်ရမလဲဗျ။
  • Rsenal : ဆုပေးတော့မှာလား
  • Rsenal :့ hello
  • BoeAung : ARSENAL_FLAG
  • Jack Chan : Laughing Laughing Laughing
  • BoeAung : ARSENAL_FLAG
  • Yuulay : Laughing
  • Yuulay : မင်္ဂလာပါ
  • sagna sithu : Mad
  • sagna sithu : AM_HIT
  • North Dagon Gunner : ဟဟဟဟ AM_GUNNER AM_HIT ARSENAL_FLAG AM_HIT AM_HIT AM_GUNNER AM_GUNNER AM_GUNNER AM_GUNNER
  • BoeAung : ARSENAL_FLAG
  • notear : hi
  • kokhine : အဲလောက်ကို ကြိုက်နှစ်သက်တာပါ..
  • kokhine : တစ်ခါတစ်လေ အာဆင်နယ် ဆုံးရင် ထမင်းတောင်မစားပါဘူး
  • kokhine : အား လုံး ပဲ မင်္ဂလာပါဗျာ...ကျန်တော် နံမည်ကတော့ ကိုခိုင်ပါ..အာဆင်နယ် ကို အားပေးလာတာ ဘောလုံပွဲ စကြည့်တတ်တဲ့အချိန်ထဲကပါ..
  • thurasoe : ပွဲချိန် ဘယ်တော့လဲ..မိုနာကိုနဲ့
  • zeus824 : Arsenal have signed France defender Debuchy from New Castle for fee around 12 millions
  • Soe Naing : «link» - centre/ Rolling Eyes Rolling Eyes Rolling Eyes
  • soewinger : Khedira ရောက်ရှိလာဖို့အတွက်ကတော့ ချဲလ်ဆီးအသင်းနဲ့ အားပြိုင်နေရပါတယ်ခင်ဗျာ ယခုလက်ရှိအချိန်မှာတော့ ဘာလောတယ်လီ ကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်ခင်ဗျာ Smile
  • rj : ARSENAL_FLAG ARSENAL_FLAG
  • rj : မျှော်လင့်ခြင်းများစွာဖြင့် အာဆင်နယ် fan
  • ဇော်ဇော် : Khedira က ရောက်ပြီလား ဘယ်လိုလဲ........ရောက်မှာလားသိချင်ပါတယ် ညီကိုတို့
  • Gunner CoCo : ကိုင်း....ဘယ်သူတွေ ရောက်လာမလဲ ရင်ခုန်ရအောင်ဗျား Rolling Eyes Rolling Eyes
  • xozwdgspjviu : KKJJJGOOODOD
  • soewinger : အဆင်မပြေဘူးခလေးရေ... ခလေးထားသွားတဲ့ဘ၀လေးထဲ... တကယ်ကိုအဆင်မပြေဘူးခလေးရေ... ခလေပစ်ချခဲ့တဲ့ဘ၀လေးထဲ... Gunner CoCo Crying or Very Sad Crying or Very Sad
  • Kha Yan Pyar : Shocked
  • Gunner CoCo : AM_HIT

Only registered users are allowed to post

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

Kyi Pyar Yaung - Online Store

Arsenal FC Original Jersey & accessories Shop (Yangon)


Email : kpy.store@arsenalmyanmar.com



Facebook : https://www.facebook.com/pages/Kyi-Pyar-Yaung/

Arsenal FC Original Jersey and accessories Shop

EPL အမှတ်ပေးဇယား

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles:

ဂိုး အများဆုံး သွင်းထားသူများ

၂၉.၀၄.၂၀၁၄ အထိ
ပွဲ ဂိုး
ဂျီရူး ၄၃+၅ ၂၁
ရမ်ဆေး ၂၈+၄ ၁၄
ဝဲကော့လ် ၁၃+၅
ကာဇိုလာ ၃၉+၅
ပိုဒေါ့စကီး ၁၇+၇ ၁၂
ဝီရှိုင်းယား ၂၈+၅
အိုဇေး ၃၄+၃
ဘန်တနာ ၄+၁၀
မာတီဆက်ကာ ၃၉+၁
အာတီတာ
၃၅+၅
ချိန်ဘာလိန် ၁၂+၈
ကီရန်ဂစ် ၃၂+၇
ဖလာမီနီ ၂၄+၁၀
ဘန်တနာ ၄+၁၀
ဂနာဘာရီ ၈+၇
ရိုဆစ်စကီး ၂၄+၁၁
ဆက်ဂနာ ၄၄+၁
ကိုစိရယ်နီ ၄၃

ဘန်တနာ