
ပရိတ်သတ်တွေ ရင်ခုန်စွာ မျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ အချိန်တွေ ကျော်လွန်လာခဲ့တဲ့နောက် အာဆင်နယ် ပရိတ်သတ်တွေအတွက် နောက်ထပ်ရင်ခုန်ဖွယ်ကောင်းသော ပြိုင်ပွဲ ပွဲစဉ်တစ်ရပ်အနေနဲ့ ဒီပွဲကစောင့်စားနေပါပြီ။ တနင်္ဂနွေနေ့ရဲ့ အစောဆုံးပွဲအဖြစ် ညနေ ၇ နာရီမှာ လီဗာပူးလ်ရဲ့ အန်ဖီးမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ အာဆင်နယ် အသင်းဟာ အဖွင့်ပွဲနှစ်ပွဲမှာ ရလဒ်ကောင်းမွန်ခဲ့ခြင်းမရှိတာဟာ ဒီပွဲကို ပိုမို ပြီး စိတ်ဝင်စားစရာအဖြစ် အသင်းနှစ်သင်းစလုံးရဲ့ ပရိတ်သတ်တွေက စောင့်ကြည့်ကြမှာပါ။ လီဗာပူးလ်ရဲ့နည်းပြ ဘရန်ဒန်ရော်ဂျာအနေဖြင့် သူသုံးနေကျ ပုံစံကစားကွက်ဖြစ်တဲ့ ၄ - ၃ -၃ နဲ့ပဲ ပွဲထွက်လာဖွယ်ရှိပါတယ်။ သူတို့ကတော့ အဓိကအနေဖြင့် နောက်တန်းက အတော်ကို အားနည်းနေတာကိုတွေ့ရပါတယ်။ အဖွင့်ပွဲမှာ ၀က်စ်ဘရွန်းကို ၃ဂိုးပေးခဲ့ရပြီး၊ ပြီးခဲ့တဲ့ အပတ် မန်စီးတီးနဲ့ပွဲမှာလည်း နောက်တန်းအမှားတွေနဲ့ ၂ဂိုးပြန်ပေးခဲ့ရပါတယ်။ သူတို့အတွက် ပိုဆိုးသွားတာကတော့ ကွင်းလယ်ကစားသမား လူးကပ်စ်လိုင်ဗာ ဒဏ်ရာကြောင့်အနားယူရတော့မှာကြောင့် သူတို့နောက်တန်းအတွက်တော့ ပိုစိုးရိမ်ရဖွယ်ရှိပါတယ်။ ဒါပေမယ့် နောက်တန်းမှာ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်လာတဲ့ အက်ဂါ ပြန်လည်ပါဝင်လာမှာပါ။ ကွင်းလယ်မှာတော့ အသစ်ခေါ်ယူထားတဲ့ ဆာဟင် နဲ့ ဂျိုးအလန် တို့ကို ပွဲထုတ်လာဖွယ်ရှိပါတယ်။ အဲဒီနှစ်ယောက်ရှေ့ကနေမှ အသင်းခေါင်းဆောင် ဂျာရတ်က ကွင်းလယ် တိုက်စစ်ကို တာဝန်ယူဖွယ်ရှိပါတယ်။ ရှေ့တန်းမှာတော့ မန်စီးတီးနှင့်ပွဲက ခြေစွမ်းပြနိုင်တဲ့ စတားလင်းနဲ့အတူ ဘိုရီနီ ၊ အဓိကတိုက်စစ်မှူး ဆွာရက်တို့ ပါဝင်လာဖွယ်ရှိပါတယ်။ လီဗာပူးလ်နဲ့ဆန့်ကျင်ဘက်အာဆင်နယ်ကတော့ နောက်တန်းကပေးဂိုးမရှိ ရှေ့နှစ်ပွဲမှာ စွမ်းဆောင်နိုင်ခဲ့ပေမယ့်
တိုက်စစ်မှာ အသစ်ခေါ်ယူထားတဲ့ ပိုဒေါစကီး၊ ဂျီရူး ၊ ကာဇိုလာတို့ ခြေစွမ်းပြနိုင်ပေမယ့် အချိတ်အဆက်မမိနေတာကြောင့် ဂိုးပေါက်ရှာမတွေ့နိုင်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အာဆင်ဝင်းဂါးကြီး ဆင်ခြေပေးထားခဲ့တဲ့အတိုင်း နောက်တန်းကစားပုံကောင်းလွန်းတဲ့ အသင်းနှစ်သင်းရဲ့ဂိုးပေါက်ကို မကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ ပရိတ်သတ်တွေမျှော်လင့်ထားခဲ့တဲ့ ဂိုးတွေကိုသွင်းပြနိုင်မလားစောင့်ကြည့်ရမှာပါ။ အာဆင်နယ်အသင်းရဲ့နောက်တန်းမှာတော့ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ကိုစီရယ်နီရှိနေသလို ၊ ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းက ပွဲထွက်ကစားသမားများလည်း ကြံခိုင်မှုအပြည့်အ၀ရှိနေလို့ နောက်တန်းတော့ အာနည်းမနေပါဘူးလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဒီပွဲဟာ အာဆင်နယ်နောက်တန်း တကယ်တိုးတက်လာတာလား ဆိုတာကို စမ်းသပ်မယ့်ပွဲဖြစ်သလို ကွင်းလယ်နဲ့တိုက်စစ်လည်း အနာတရထပ်ဖြစ်ခဲ့တဲ့ ကစားသမား မရှိဆိုတော့ တိုက်စစ်ရဲ့လိုအပ်ချက်ကိုလည်း ထပ်မံစမ်းသပ်မယ့်ပွဲတစ်ပွဲ ဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းကတော့
လီဗာပူးလ် --- ဂိုး - ရေနာ ၊ နောက်တန်း - ကယ်လီ ၊ စကာတယ် ၊ အက်ဂါ ၊ အန်နရစ် ၊ ကွင်းလယ် - ဆာဟင် ၊ ဂျိုးအလန် ၊ ဂျာရတ် ၊ ရှေ့တန်း - စတာလင်း ၊ ဘိုရီနီ ၊ ဆွာရက်
အာဆင်နယ် --- ဂိုး - မန်နိုနီ ၊ နောက်တန်း - ဂျန်ကန်ဆန် ၊ မာတီဆက်ကာ ၊ ဗာမေလန် ၊ ဂစ်ဘ် ၊ ကွင်းလယ် - အာတီတာ ၊ ဒီယာဘီ ၊ ကာဇိုလာ ၊ ရှေ့တန်း - ပိုဒေါစကီး ၊ ဂျီရူး ၊ ၀ဲကော့
လီဗာပူးလ်ကွင်း၌ နောက်ဆုံးငါးကြိမ်တွေ့ဆုံမှု
March 03, 2012 liverpool Vs Arsenal 1 – 2
August 15, 2010 liverpool Vs Arsenal 1 - 1
December 13, 2009 liverpool Vs Arsenal 1 - 2
April 21, 2009 liverpool Vs Arsenal 4 - 4
October 28, 2007 liverpool Vs Arsenal 1 – 1
နောက်ဆုံးငါးပွဲရလဒ်
လီဗာပူးလ် - ရှုံး ၊ နိုင် ၊ ရှုံး ၊ ရှုံး ၊ သရေ အာဆင်နယ် - သရေ ၊ သရေ ၊ နိုင် ၊ သရေ ၊ သရေ
ဖြစ်နိုင်ဖွယ်ရလဒ်
နည်းပြနှစ်ဦးစလုံး ထိပ်တိုက်တွေ့ဆုံမှုမှာတော့ မနှစ်က အာဆင်နယ်ကွင်းမှာတုန်းကတော့ ၁ဂိုးနဲ့ ကပ်နိုင်ခဲ့ပေမယ့် အဝေးကွင်းမှာတော့ တိုက်စစ်ဖွင့်ကစားတဲ့ နှစ်ဦးစလုံးရဲ့ ဗျူဟာကြောင့် ၃ - ၂ ဆိုတဲ့ ရလဒ်ထွက်ခဲ့တာကြောင့် ဒီတစ်ကြိမ် အာဆင်နယ် အဝေးကွင်းမှာလည်း ဂိုးတွေအများအပြားတွေ့ရဖွယ်ရှိတယ်လို့ သုံးသပ်မိပါတယ်။ ရလဒ်ကတော့ ၂ - ၃ သို့မဟုတ် ၃ - ၂ ဖြစ်သွားနိုင်ပါတယ်လို့ သုံးသပ်ပါရစေ။
Comments
RSS feed for comments to this post.