အာဆင်နယ်အသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်အတွင်း ငွေကြေးအလုံးအရင်း သုံးစွဲနေသော ပြိုင်ဘက်အသင်းများနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်း ဥက္ကဌ ပီတာဟေးလ်ဝုဒ်က ထုတ်ဖော် ပြောကြားလိုက်သည်။

ထိုကဲ့သို့ ပြောကြားခဲ့သော်လည်း အာဆင်နယ်အသင်းအနေဖြင့် အာဆင်ဝင်းဂါး၏ ထိန်းကြောင်းမှု အောက်တွင် ဆုဖလားများကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီဖြစ်သည်ဟုလည်း ဆိုလိုက်သည်။ ထို့အတူ အာဆင်ဝင်းဂါးသည် အီမရိတ်အတွက် အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ပရိသတ်များအနေဖြင့် သူ့ကို အထင်အမြင် လွဲမှားစွာဖြင့် မလေးမစား မဆက်ဆံသင့်ကြောင်းလည်း ပြောကြားလိုက်သည်။
သူက ``အာဆင်ဝင်းဂါး အနေနဲ့ သုံးဖို့ ပိုက်ဆံရှိပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ပါ။ ကျွန်တော်တို့ အနေနဲ့ ကစားသမားတစ်ယောက် အတွက် ပေါင်သန်းငါးဆယ်တော့ မသုံးနိုင်ပါဘူး။ အနေအထား တစ်ခုမှာတော့ ကျွန်တော်တို့ဟာ ကျန်တဲ့အသင်းတွေကို မယှဉ်နိုင်ပါဘူး။ စတန်ကရွန်ကီ အနေနဲ့လည်း အေဗရာမိုဗစ်နဲ့ ရှိတ်မန်ဆာတို့ ချယ်လ်ဆီးနဲ့ မန်စီးတီးမှာ သုံးသလိုမျိုး ငွေလုံးငွေရင်း မြှပ်နှုံမယ် မထင်ပါဘူး။ ဒီလိုပုံစံမျိုးနဲ့ အသင်းကို မတည်ဆောက်သင့်ဘူးလို့လည်း သူထင်ပါတယ်။ ´´ ဟုပြောကြားခဲ့သည်။
ဆက်လက်ပြီး ``ကံကောင်းထောက်မစွာပဲ အာဆင်းဟာ ဒီကိစ္စကို နားလည်သဘောပေါက်တဲ့သူ ဖြစ်နေပါတယ်။ သူဟာ စထရာဘောက်တက္ကသိုလ်က စီးပွားရေးဘွဲ့ရထားတဲ့သူ တစ်ယောက်ပါ။ ဒီတော့ သူနားလည်ပါတယ်။ အသင်းတစ်သင်းဟာ ဘယ်လိုမျိုး ရပ်တည်ရမယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ လူတော်တော်များများကိုတော့ စိတ်ပျက်စေနိုင်ပါတယ်။ သို့သော်လည်း အသင်းဟာ တည်တည်ငြိမ်ငြိမ် အနေအထားတစ်ခုမှာ ရှိနေရမှာပါ။ ကျွန်တော်တို့အနေနဲ့ ဟိုးအရင်က နာမည်ကြီးအသင်းတချို့ ဒေ၀ါလီခံခဲ့ရသလိုမျိုး အဖြစ်မခံနိုင်ပါဘူး။ ´´ ဟု ဆိုသည်။
``ဂလပ်စ်ကိုရိန်းဂျားလို ပုံစံမျိုးမဖြစ်အောင် ကျွန်တော်တို့ ကာကွယ်ရမှာပါ။ သူတို့ဟာ သူတို့ တတ်နိုင်တာထက် ပိုပြီး သုံးခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းဟာလည်း ရည်ရွယ်ချက် ကြီးကြီးမားမား ထားတဲ့အသင်းပါ။ ဒါပေမယ့် ရိန်းဂျားလို အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပါဘူး။ ဒါမျိုးဟာ ဘ၀မှာ ဖြစ်တတ်ပါတယ်။ ကျွန်တော်အနေနဲ့ အကြံပေးချင်တာကတော့ ဒီကိစ္စ(ငွေမသုံးစွဲမှု) အတွက် စိတ်ဆင်းရဲ မခံပါနဲ့လို့။ ´´ ဟု ပြောကြားလိုက်သည်။
အာဆင်နယ်အသင်း ပရိသတ်များသည် အသင်း၏ အပြောင်းအရွှေ့ ပေါ်လစီနှင့် ဆုဖလားများ ရယူနိုင်စွမ်း မရှိမှုတို့အပေါ် အလွန်စိတ်ပျက်နေပြီ ဖြစ်သည်။ ထို့အတူ အာဆင်ဝင်းဂါးသည်လည်း အာဆင်နယ် သစ္စာရှိပရိသတ်များ၏ ဖိအားပေးခြင်းကို ခံနေရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဟေးလ်ဝုဒ်က ``အော်ဟစ်လှောင်ပြောင်နေတဲ့ ပရိသတ်တချို့အတွက် ကျွန်တော် ဘယ်လိုမှ မခံစားရပါဘူး။ အာဆင်ဝင်းဂါးဟာ လူတော်တစ်ယောက်ဖြစ်လို့ သူတို့ရဲ့ အော်ဟစ်သံတွေ ကြားရတာ စိတ်တော့ ညစ်မိပါတယ်။ ´´ ဟုဆိုသည်။
ယခုရာသီတွင် အဓိကကစားသမား တစ်ဦးဖြစ်သော အသင်းခေါင်းဆောင် ဗန်ပါစီ အသင်းမှ ပြောင်းရွှေ့သွားသော်လည်း အာဆင်နယ်အနေဖြင့် ပြည့်စုံကောင်းမွန်သော ကစားသမားစုဖွဲ့မှု ရှိနေသေးသည်ဟု ပီတာဟေးလ်ဝုဒ်က ဆိုသည်။
``ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါပြီ။ ဘာကြောင့်များ ဒီနှစ်ဖလားမရနိုင်ရမှာလဲ´´
အာဆင်နယ်အသင်း အောင်မြင်မှုများ ဝေးကွာနေရခြင်းမှာ အသင်းမှ ထွက်ခွာသွားသော ဒေးဗစ်ဒိန်းနှင့်လည်း ပတ်သက်နေသည်ဟု အချို့က ဆိုကြသော်လည်း ပီတာဟေးလ်ဝုဒ်က အဆိုပါ ဒုတိယ အမှုဆောင်အရာရှိချုပ်ဟောင်းကို အီမရိတ်သို့ ပြန်ခေါ်ရန် စဉ်းစားမည်မဟုတ် ဆိုလိုက်သည်။
Ref: www.soccernet.com
Comments
အာဆင်နယ်နဲ့ သင့်တော်တဲ့ quality player ကမ္ဘာပေါ်မှာမရှိေ တာ့ဘူးလား
လူထပ်ဝယ်မယ်ပြော ပြီး မဝယ်ဘူး
Premiere league အသင်းတွေထဲမှာ ကွင်းဝင်ကြေးအများဆုံးက အာဆင်နယ်ပါ
ဒီလိုသာ ဖလားလက်မဲ့ရာသီေ တွ များလာရင် Emirates stadium မှာပီတာဟေးဝုဒ် နဲ့ အာဆင်ဝင်းဂါးပဲ ထိုင်ကြည့်နေရလိ မ့်မယ်
ပိုက်ဆံမသုံးချင်ဘူး လူငယ်တွေနဲ့ပဲ အောင်မြင်လိုချင်ရင် Myanmar national team မှာနည်းပြလာလုပ် ပေးပါ
ကျေးဇူးအရမ်းတင် မိမှာပါ
အမြင်ကတ်ကြပေမယ့် လည်း သည်းခံဖတ်ကြည့်ေ ပးကြပါဗျာ
ကိုဂု ... သူပြောတာ ပြောင်းရွှေ့  ကြေးကိုပြောတာမဟုတ်ဘူး ... အားလုံးအတွက်ကို ပြောတာ ... ဥပမာ ... မန်ယူ ဗန်ပါစီ ကိုဝယ်လိုက်တာ
ပြောင်းရွှေ့  ကြေး ၂၄ သန်း၊ လစာက တပါတ် ၂ သိန်းခွဲနဲ့ တနှစ်ကို ၁၂ သန်း၊ အခု လေးနှစ်ဆိုတော့ ၄၈ သန်း၊ စုစုပေါင်း သန်း ၇၀ လောက် သုံးလိုက်ရတယ်၊ အကြမ်းပြောတာနော် ... သူက အဲဒါကို ဆိုလိုတာ နေမယ် ။ ပြီးတော့ ဆောင်း ကိစ္စ၊ စာချုပ် ၃ နှစ် ကျန်သေးတဲ့ ကစားသမားကို ဘယ်အသင်းမှ အလောတကြီး သက်တမ်းတိုးမှာ မဟုတ်ပါဘူး၊ နှစ် နှစ်လောက်ဆိုရင် တော့ တမျိုးပေါ့။သြူေ ပာတဲ့ စကားထဲမှာ ဘာကာ လည်း ၀င်လာရောဆိုတာကို အကြိုက်ဆုံးပဲ။ အဲဒါက အဖြေပဲလေ၊ အဲလို ၀င်လာတိုင်းသာ ပြောင်းရမယ်ဆိုရ င် တော့တီ၊ ဂျာရတ်၊ တို့ရှိမှာမဟုတ် ဘူး၊ဒါတောင် သူတို့က အစတည်းက ခြေစွမ်းထက်တွေေ နာ်၊ သူ့ကို လူအဆဲခံ ခြေစွမ်းနဲ့ မဟုတ်ဘူး
RSS feed for comments to this post.