အာဆင်နယ် တိုက်စစ်မှူး လူးကက်စ် ပိုဒေါ့စကီးက မိမိ အနေဖြင့် အာဆင်နယ်ကို ချန်ပီယံ ဆုအတွက် စိန်ခေါ်နိုင်သော အသင်း ဖြစ်လာအောင် ကြိုးစား ကူညီ သွားမည်ဟု ကတိပြု ပြောဆိုလိုက်သည်။
ပြီးခဲ့တဲ့လီဗာပူလ်းနဲ့ပွဲစဉ်တွင် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့သော ပိုဒေါ့စကီးက ပွဲအပြီးအင်တာဗျူးတစ်ခုတွင် ပြောကြားသွားခဲ့သည်။ ကျွန်တော်အာဆင်နယ်အသင်းကို ရောက်ရှိလာခြင်းဟာ ကျွန်တော်အတွက်စိန်ခေါ်မှုတစ်ခု အတွက ပြောင်းရွေ့လာခဲ့ခြင်းဖြစ်ပါတယ် ဒီအတွက်ကြောင့် ကျွန်တော်အာဆင်နယ်အသင်းအတွက် အစွမ်းကုန်ကြိုးစားမှုတွေနဲ့ လာမယ့်ပွဲစဉ်တွေတိုင်းကို ယှဉ်ပြိုင်သွားမယ်ဆိုတာကို ဒီနေကနေပြီးတော့ ပရိသတ်တွေအားလုံးကို ကတိပြုပြောကြားလိုပါတယ်ခင်ဗျာ အသင်းကို ကျွန်တော်စရောက်ခါစအချိန်ပိုင်းမှာတော့ ကျွန်တော်အတွက်အခက်အခဲတချို့တချို့တွေ့ရှိခဲ့ရပါတယ် ဒါပေမယ့် အခုကျွန်တော်အတွက်အားလုံးဟာအဆင်ပြေမှုတွေ ရရှိနေပါပြီ ဒီအတွက်အသင်းမှာရှိတဲ့ကစားဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ် အင်္ဂလန်မှာ ရှိတဲ့သူတွေကော အသင်းကိုအားပေးတဲ့ ပရိသတ်တွေကော အားလုံးလေးစားချစ်ခင်မှုတွေ ကောင်းလှပါတယ် အခုအာဆင်နယ်အသင်းကိုရောက်ရှိချိန်ကစပြီးတော့ ကျွန်တော်အတွက် အတွေ့အကြုံအသစ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း တော်တော်များများရရှိနေပါတယ်ကျွန်တော်အတွက်ရှေ့ဆက်ပြီးတော့ အသင်းအတွက်အကောင်းဆုံးသောရလဒ်တွေကို ရရှိနိုင်ဖို့အတွက် အဓိကကြိုးမှုတွေကို အသင်းမှာရှိတဲ့ ကစားဖော်တွေနဲ့အတူ ကြိုးစား
နေပါတယ် ကျွန်တော်အနေနဲ့အသင်းရဲ့ပရိသတ်တွေကိုပြောချင်တဲ့စကားလေးကတော့ ရှေ့ဆက်မယ့် ပွဲစဉ်တွေတိုင်းကို ပရိသတ်တွေအနေနဲ့ အစွမ်းကုန်အားပေးမှုတွေဆက်လတ်
ပြီးတော့အားပေးကြပါအုံးလို့ကျွန်တော်အနေနဲ့ပြောကြားလိုက်ပါရစေ ဘာကြောင့်လည်းဆို တော့ပရိသတ်တွေရဲ့အားပေးမှုတွေဟာကျွန်တော်တို့ကစားသမားတွေအတွက်ရောအသင်း
အတွက်ပါရှေ့ဆတ်ရမယ့်အနာဂတ်အတွက်ခွန်အားတွေဖြစ်လို့ပါပဲ.......။
Comments
စိတ်ဓါတ်နဲ့လာတာ ဘယ်သူ့မှဂရုစိုက်စရာမလိုဘူး
RSS feed for comments to this post.