ဒီရာသီမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှုး ဂီရော့ဟာ သူ့အသင်းဟောင်း montpellier နဲ့ ဒီညပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ montpellier အသင်းဟာ ပြင်သစ် ချန်ပီယံအဖြစ် ချန်ပီယံလိဂ် ပထမဆုံးအကြိမ် ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ်အသင်းနဲ့ montpellier အသင်းတို့ဟာ တကြိမ်မှ တွေ့ဆုံဖူးခြင်း မရှိခဲ့ပါ။ montpellier အသင်းဟာ အင်္ဂလိပ်ကလပ်သင်းတွေနဲ့ တကြိမ်သာတွေ့ဆုံခဲ့ဖူးသည်။ ၁၉၉၀/၉၁ ရာသီက မန်ချက်စတာယူနိုက်တက် အသင်းနှင့် Cup Winners Cup ကွာတားဖိုင်နယ်တွင် ဖြစ်ပြီး မန်ယူအသင်းက ပထမအကျော့ တဂိုးစီသရေ၊ ဒုတိယအကျော့ ၂-၀ အနိုင်ရလာဒ် ရရှိခဲ့သည်။အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်တွင် ပြင်သစ်အသင်းများနှင့် နှစ်နှစ်ဆက်တိုက် တွေ့ဆုံခြင်း ဖြစ်သည်။ ၂၀၁၁ ခုနစ် အောက်တိုဘာ ၁၉ရက်တွင် အိုလံပစ်မာဆေးလ် အသင်းကို အာရွန်ရမ်းဆေး၏ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ဥရောပပွဲစဉ်များတွင် ပြင်သစ်အသင်းများနှင့် ယှဉ်ပြိုင်ရာတွင် အဝေးကွင် ရှုံးပွဲမရှိ စံချိန်ကို ယူထားသည့် အသင်းလည်း ဖြစ်သည်။ ပြင်သစ်မြေပေါ်တွင် ရှစ်ပွဲကစားခဲ့ရာ ငါးပွဲနိုင်ပြီး သုံးပွဲသရေ ရလာဒ်ကို ပိုင်ဆိုင်ထားသည်။ ပြင်သစ်မြေတွင် နောက်ဆုံး ယှဉ်ပြိုင်ကစားသော ပွဲလေးပွဲကို အနိုင်ရရှိထားသည်။ သို့သော်လည်း အာဆင်နယ်အသင်း၏ ချန်ပီယံလိဂ် အဝေးကွင်းရလာဒ်များမှာ အကောင်းဆုံး အနေအထားတွင် ရှိမနေချေ။ အဆိုပါ မာဆေးလ်အသင်းအား အနိုင်ရရှိသော ပွဲသည် အာဆင်နယ် အတွက် နောက်ဆုံး အဝေးကွင်း ဆယ့်နှစ်ပွဲတွင် ဒုတိယအကြိမ် အနိုင်ရရှိခြင်း ဖြစ်သည်။ ကျန်သည့် ပွဲစဉ်များအနက် ရှစ်ပွဲ ရှုံးနိမ့်ထားသည်။
အာဆင်နယ်အသင်းသည် ပဲရစ်မြို့တွင် ဥရောပဖိုင်နယ်ပွဲစဉ် နှစ်ပွဲ ရှုံးနိမ့်ထားသည်။ ၂၀၀၆ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တွင် ဘာစီလိုနာအသင်းနှင့် ၁၉၉၅ခုနှစ်က Cup Winners’ Cup ဖိုင်နယ်တွင် ရီးရဲဇာရာဂိုဇာအသင်းကို ရှုံးနိမ့်ခဲ့ဖူးသည်။
အစဉ်အလာ
အာဆင်နယ်အသင်းသည် ၂၀၁၁-၁၂ ပရီးမီးယားလိဂ်တွင် တတိယနေရာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ကို ဆယ့်ငါးနှစ် ဆက်တိုက်ဝင်ခွင့်ရခြင်း ဖြစ်သည်။ နောက်ဆုံး ခုနစ်ကြိမ်တွင် ယခုအကြိမ် အုပ်စုအဆင့် တိုက်ရိုက်ဝင်ခွင့်ရခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။
အာဆင်နယ် အသင်းသည် ပြီးခဲ့သော ရာသီက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသည်။ ထို့အတူ ရှုံးထွက်အဆင့်မှ နှစ်နှစ်ဆက်တိုက် ထွက်ခဲ့ရခြင်းလည်း ဖြစ်သည်။ ၂၀၀၆/၀၇ ရာသီမှာစ၍ ထိုနှစ်ကြိမ်သာ ကွာတားအဆင့်သို့ မရောက်ခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သော ရာသီက အဖွင့်ပွဲစဉ်တွင် ဒေါ့မွန်အသင်းနှင့် ၁ဂိုးစီ သရေကျခဲ့သည်။ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် မရှုံးနိမ့်ခဲ့သည်မှာ ရှစ်ကြိမ်ရှိပြီ ဖြစ်သည်။ အဆိုပါ ရှစ်ပွဲတွင် ခြောက်ပွဲနိုင်ပြီး နှစ်ပွဲ သရေကျခဲ့သည်။ အဖွင့်ပွဲစဉ်တွင် နောက်ဆုံးရှုံးနိမ့်ခဲ့ခြင်းမှာ ၂၀၀၃ခုနှစ်က အင်တာအသင်းကို အိမ်ကွင်းတွင် ၃ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
Team ties
အာဆင်ဝင်းဂါးသည် ရေနီးဂျီယာဒ်နှင့် လိဂ်ဝမ်းတွင် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည်။ အာဆင်ဝင်းဂါး RC Strasbourg အသင်းတွင် နောက်ခံလူအဖြစ် ကစားခဲ့စဉ်က ဂျီယာဒ်သည် Nimes Olympique အသင်းတွင် ကစားခဲ့ပြီး ၁၉၇၉ခုနှစ်တွင် တွေ့ဆုံခဲ့ရာ ဂိုးမရှိ သရေကျခဲ့သည်။ ဂီယာဒ် ဘော့ဒိုးအသင်းတွင် ကစားခဲ့စဉ် ၁၉၈၀တွင် တွေ့ဆုံခဲ့ရာ ဘော့ဒိုးအသင်းသည် ၂-၁ ဖြင့် အနိုင်ရရှိခဲ့သည်။
အာဆင်နယ် တိုက်စစ်မှုး ဂီရော့ဒ်သည် montpellier အသင်းတွင် နှစ်နှစ်ကစားခဲ့သည်။ ၇၃ပွဲ ကစားခဲ့ပြီး ၃၃ဂိုး သွင်းယူပေးခဲ့သည်။
ဆက်ဂ်ညာ၊ ကွန်စီရယ်လ်နီ၊ စကွီလာဆီ၊ ဒိုင်ယာဘီ၊ ဂျာဗင်ဟို၊ ချာမက်၊ အာတေတာ အစရှိသော အာဆင်နယ် ကစားသမားများသည် ပြင်သစ်လိဂ်ဝမ်းတွင် ကစားဖူးသူများဖြစ်သည်။
ပို့စ်မောက်အသင်းတွင် ကစားခဲ့သော ဂျွန်အူတကာသည် အာဆင်နယ်အသင်းနှင့် လေးကြိမ် တွေ့ဆုံခဲ့ဖူးသည်။ ၎င်းကစားခဲ့သော ၂၀၀၇မှ ၂၀၁၁ အထိ ပွဲများတွင် အာဆင်နယ်အသင်းအား အနိုင်ရရှိခြင်း မရှိခဲ့ပေ။
ချာမက်နှင့် ဘဲလ်ဟန်ဒါတို့သည် မော်ရိုကိုအသင်းတွင် ကစားဖော်များ ဖြစ်ကြသည်။
Ref: uefa.com
Comments
RSS feed for comments to this post.