You are here: Home

Arsenal Myanmar | All of Arsenal fans from Myanmar.

Arsenal Myanmar

မောင့်ပယ်လီယာ ၁-၂ အာဆင်နယ် ပွဲအပြီး အတွေးများ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

မနေ့က ကစားသွားတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲစဉ်များထဲမှ အုပ်စု ဘီ ရဲ့  ပွဲစဉ်တစ်ခုဖြစ်တဲ့ အာဆင်နယ် နဲ့ ပြင်သစ် ကလပ် မောင့်ပယ်လီယာ တို့ပွဲစဉ်မှာ အာဆင် နယ် အသင်းက ပိုဒေါစကီး၊ဂါဗင်ဟို တို့သွင်း  ဂိုးတွေနဲ့   အနိုင်ရရှိသွားခဲ့ပါတယ်။ ပြီးကတော့ ပထမပိုင်း တစ်ပိုင်းလုံးနီးပါး စိတ်ကြိုက် ကစားနိုင်ခဲ့ပေမယ့်  ဒုတိယပိုင်း တစ်ပိုင်း လုံးနီးပါး ကစားပုံပျက်နေပါတယ်။ဒီပွဲအပြီးမှာ စဉ်းစားမိတဲ့ အတွေးစ တချို့  ကတော့ ....

၁။    ဆက်ဇနီ ရဲ့  နေရာကို မန်နိုး အမှန်တကယ်ပဲ ခြိမ်းခြောက်နေပြီ

ရာသီအစတွင် တတိယဦးစားပေးဂိုးသမားဖြစ်ခဲ့သော်လည်း   ဆက်ဇနီနဲ့ ဖာဘီယန်စကီး တို့ နာနေချိန်မှာ ကစားခွင့်ရလာတဲ့ မန်နိုးအနေနဲ့ ရရှိလာတဲ့အခွင့်အရေးကို အပြည့်အ၀ယူနိုင်ခဲ့ပါတယ်။လက်ရှိအချိန်မှာ သူ့ လက်စွမ်း၊ ယုံကြည်မှု နဲ့ နိုင်ပွဲအတွက် ဆာလောင်မှုတွေ  က နံပါတ် ၁ ဂျာစီ နဲ့ ထိုက်တန်နေလို့ ဦးဝင်းဂါး သူ့ကိုဆက်ဖမ်း ခိုင်းရင်လည်း ပရိတ်သတ်တွေ စောဒက တက်ကြမှာ မဟုတ်ပါဘူး။ တစ်ခုရှိတာက ဆက်ဇနီ ယုံကြည်မှုနဲ့   လက် စွမ်းပျောက် သွားပြီး ကြယ်တစ်ပွင့် မဆုံးရှုံးသွားဖို့ပါ။


၂။    ကိုစီရယ်နီ


မနှစ်က နောက်တန်းမှာ အကောင်းဆုံးနဲ့ အတိုးတက်ဆုံးက ကိုစီရယ်နီပါ။ ဒါ့ကြောင့် သူ့ကို ပြင်သစ် အသင်းမှာပါ နေရာပေးခဲ့ပြီး ယူရိုမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါပေမယ့် ရာသီအစ ခြေစမ်းပွဲမှာ ရသွားတဲ့ ဒဏ်ရာကြောင့် ရာသီအစ နှစ်ပွဲကိုလွဲချော်သွားပါတယ်။အဲအချိန်မှာပဲ ဗာမယ်လန်နဲ့ မာတီ အတွဲက ပရိတ်သတ်တွေ စိတ်ကြိုက်ဖြစ်အောင်   ခြေစွမ်းပြနိုင်တဲ့အတွက် ဦးဝင်းဂါးက အခုလို တည်ငြိမ်စွာ ခြေစမ်းပြနေတဲ့ အတွဲကို ဖျက်ပစ်မှာမဟုတ်ပါဘူး။ဒါကြောင့် ကိုစီ အနေနဲ့   မာတီ၊ဗာမယ်လန် တို့ကို အနားပေးဖို့ လိုအပ်လာမှသာ ၀င်ကစားရဖို့ဖြစ်နေပါတယ်။လက်ရှိအခြေအနေမှာ သူ့ရဲ့ ကြံ့ခိုင်မှု ပုံမှန်ပြန်ဖြစ်နေပေမယ့်ပွဲထွက်ကစားခွင့်ရဖို့တော့ စောင့်ရဦးမှာ  ပဲ ဖြစ်ပါတယ်။

၃။    ဂျာကင် နဲ့ ဂဘ်


ပြီးခဲ့တဲ့ ရာသီမှာ ဆန်းတို့စ်ရောက်လာလာချင်း ပရိတ်သတ်အကြိုက်ခြေစွမ်းပြခဲ့ပါတယ်။ဒါကြောင့် ဂဘ်အနေနဲ့ ဆန်းတို့စ် နာနေချိန်မှသာ ပွဲထွက်ခွင့်ရခဲ့တာပါ။ထို့အတူ ဂျာကင်လည်း ဆဂ်နာ ကောင်းနေသမျှ လိုင်းအပ်ကနေ ဝေးနေခဲ့ပါတယ်။လက်ရှိအချိန် ၅ ပွဲကစားပြီးချိန်မှာတော့ ပရိတ်သတ်တွေအနေနဲ့ ဆန်းတို့စ်ကို မေ့နေကြသလို ဆဂ်နာ မြန်မြန်ပြန်ကောင်းလာဖို့လည်း ဆုမတောင်းကြတော့ပါဘူး။ဘာလို့လည်းဆိုတော့ ဂျာကင်နဲ့ ဂဘ် တို့ကြောင့်ပါပဲ။လက်ရှိမှာ အသားကျနေတဲ့   ပိုဒီ-ဂဘ် အတွဲကို ဆက်သုံးနေဦးမှာဖြစ်သလို တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတဲ့ ဂျာကင်ကြောင့်လည်း ညာနောက်ခံနေရာအတွက် ဦးဝင်းဂါးမှာ ရွေးချယ်စရာတွေ ပိုများလာနေပါတယ်။

၎။   ၀ီလ်ရှဲလ် ပြန်လာရင် ...


ဘေဘီဂျက်အနေနဲ့ ဘောလုံးနဲ့အတူလေ့ကျင့်နေပြီဖြစ်ပြီး နောက်လကုန် လောက်ဆို ပြန်ကစားနိုင်တော့မှာပါ။ဒီအခါကျရင် ကွင်းလယ် ၃ ယောက်မှာ ဘယ်သူ့ကို ထားကစားကြမလား။အာတီတာ၊ဆန်တီ၊ဘေဘီဂျက် ဆိုရင်တော့ နောက်က ဗာမယ်လန်း တို့ တာဝန်ပိုကြီးသွားပြီး ဘာကာ လို ခွန်အားထက် ကျွမ်းကျင်မှုကိုသုံးတဲ့ ကွင်းလယ် ခံစစ်ဖြစ်လာပါလိမ့်မယ်။ပရီးမီးယားလိဂ်က ခပ်ကြမ်းကြမ်းကစားကြတာနဲ့ဆိုရင်တော့ ဒဏ်ရာပြဿနာတွေရှိလာနိုင်ပါတယ်။

၅။   We must Rotate


ပြီးခဲ့တဲ့ ပွဲမှာ ဒုတိယပိုင်းအစမှာတင် ရှေ့ တန်းနဲ့ ကွင်းလယ် ကစားသမားတွေ ပွဲပန်းနေတဲ့ပုံဖြစ်သွားပါတယ်။ဒါကြောင့် ကစားပြီးခဲ့တဲ့ ၅ ပွဲမှာ အဆိုးရွားဆုံးအဖြစ် ကွင်းလယ် နဲ့   နောက်တန်းကြားမှာနေရာလွတ်တွေပေးခဲ့ရပါတယ်။ဒါကြောင့် နောက်တန်းအနေနဲ့ ဖိအားတွေပိုမိုများပြားခဲ့ရပြီး မန်နိုးကိုလည်း ခြိမ်းခြောက် ခွင့်ပေးခဲ့ရ ပါတယ်။ဒါဟာ ရှေ့  က ကစားတဲ့ ဂါဗင်ဟို၊ဂီးရော့ဒ် ၊ဆန်တီ၊ဒီယာဘီ တို့ ဘောလုံးအလွယ်တကူ ဆုံးရှုံးရတာနဲ့ နောက်ကို ပြန်မ ဆင်းနိုင် တာကြောင့်ပါ။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အသင်းရဲ့  အထိုင်ကို မပျက်စေပဲ အနည်းငယ် အလှည့်ကျ ကစားပေးဖို့လိုအပ်ပါမယ်။

၆။   တန်ပြန်တိုက်စစ်တွေကို ပိုမိုထိရောက်အောင် လေ့ကျင့်ရဦးမယ်

ပြီးခဲ့တဲ့ပွဲမှာ ၂-၁ နဲ့ပြန်လည်ဦးဆောင်ပြီးနောက် ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ တော်တော်လေးပိုင်နိုင်တဲ့ တန်ပြန်တိုက်စစ်တွေဆင်ရပါတယ်။တကယ်ဆို တန်ပြန်တိုက်စစ်က ရတဲ့ အခွင့်အရေးကို အပိုင်သုံးပြီးကွင်းလယ်မှာကိုင်ကစားရင် ပိုမို အဆင်ပြေနိုင်ပါတယ်။ဒါပေမယ့် မနေ့ကရတဲ့ တန်ပြန်တိုက်စစ်တွေ ကို အသုံးမချနိုင်ခဲ့တဲ့အတွက် ဒုတိယပိုင်း ကိုယ် ကစားအားကျနေချိန်မှာ ဖိအားပေးတာကို ခံခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ် ဂိုးများများနဲ့ဦးဆောင်ထားတာ အကောင်းဆုံးပါ။

၇။    ၂-၁ နဲ့ အနိုင်ကိုထိန်းကစားတာထက် ၃-၁ နဲ့ထိန်းတာက ပိုသက်သောင့်သက်သာ ရှိပါတယ် ....


ဒုတိယပိုင်းပြန်စပြီးနောက် အသင်းအနေနဲ့ ရထားတဲ့ အနိုင်ကိုပဲထိန်းကစားတော့မယ်ဆိုတာ သိသာလွန်းပါတယ်။ဒါကြောင့် မောင့်ပယ်လီယာအနေနဲ့ တိုက်စစ် ကိုအလွန်အကျွံကစားပြီး အသင်းကိုဖိအားပေးခဲ့သလို အချိန်မရွေး အမှတ်ခွဲယူသွားနိုင်တဲ့အနေအထားမျိုးဖြစ်ခဲ့ပါတယ်။အာဆင်နယ်အနေနဲ့ ကောင်တာရရင်တောင် အမြန် တိုက်စစ် မဆင်၊ ရှေ့ ကိုပေးမကစားပဲ နောက်မှာပဲ လူပေးပြီးထိန်းနေတဲ့အတွက် ဂိုးရမယ့်အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရသလို မောင့်ပယ်လီယာအနေနဲ့ ကွင်းလယ်လောက် မှာ ဘောလုံးပျက်ရင်တောင် အသည်းအသန်နောက်ပြန်ဆင်းတာမလုပ်တော့ပဲ အေးအေးဆေးဆေး ကွင်းလယ်ကနေပဲ တိုက်စစ်ပြန်ဆင်ဖို့ ပြင်ပါတော့တယ်။တကယ်လို့ အာဆင်နယ်အနေနဲ့ တန်ပြန်တိုက်စစ်ကိုသာ ထိရောက်အောင် ကစားပြလိုက်ရင် တဘက်အသင်းက တိုက်စစ်အလွန်အကျွံ ဆင်ရဲမှာမဟုတ်တော့လို့ ခံစစ်မှုးတွေ ပိုမို   သက်သာ မှာပါ။အခုတော့ ခံစစ်မှုးတွေ ပွဲပိုပန်းသွားသလို ပရိတ်သတ်တွေလည်း ရင်ခုန်နေရပါတော့တယ်။ဘယ်အသင်းမဆို အခွင့်ရတာနဲ့ မိနစ် ၉၀ အတွင်းမှာ ဂိုးတစ်ဂိုး သွင်းနိုင်တယ်ဆိုတာ ကျွန်တော်တို့ မေ့ထားလို့မရပါဘူး ။

မန်စီးတီး အနေနဲ့ ရီးရဲလ်ကို နှစ်ကြိမ်ဦးဆောင်နိုင်ပေမယ့် ၅ မိနစ်လောက်ကျန်တာကို မထိန်းနိုင်လို့ သမိုင်းတွင်မယ့် နိုင်ပွဲကို လက်လွှတ်ခဲ့ရပါတယ်။ သူတို့အနေနဲ့ ပွဲပို ပန်းထားပြီး စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်နေနိုင်လို့ ကိုယ်က သာနေပါတယ်။မနှစ်တုန်းက မန်စီးတီးကွင်းမှာ ခြေမကွာပဲ အရှုံးပေးထားရပါတယ်။ဒီနှစ်မှာတော့  အသင်းအနေနဲ့ စုဖွဲ့မှုပိုမိုကောင်းမွန်လာပြီး မနှစ်ကထက် အခြေအနေပိုကောင်းနေပါတယ်။အဓိက ပိုကောင်းလာတာကတော့ မနှစ်က အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် နေ ရာ နားရောက်အောင် ပြန်တက်နေရတဲ့အသင်း၊ အခုအသင်းကတော့ ပြောဖို့စောပါသေးတယ်လို့ ဆိုနေကြပေမယ့်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့အသင်း ဖြစ်နေတာပါပဲ ....။


ARSENAL FOREVER

 

  JP-Bookmark

Comments  

 
+2 #5 kyaw 2012-09-21 22:52
မာတီဆက်ကာမှာအြေ ပးမကောင်တာနဲ့လေးလန်လွန်တာကလွဲရ င်ခံစစ်မှာပြည့် ပြည်စုံတဲ့ကစားသ မားပါ
 
 
+3 #4 zemo 2012-09-21 10:43
မာတီဆက်ကာ က ဘောလုံးလမ်းကြော င်းအထာနပ်တယ် ...ဥာဏ်သုံးပိးကစား တတ်တယ်...။ပြေးလမ်းကြောင်းတွေကြိုမြင်တယ် ...စိတ်ဓာတ်ကောင်းတ ယ် ။အရပ်မောင်းကောင်းတဲ့အတွက် တစ်ဖက်ရှေ့တန်းနဲ့ယှဉ်ရင် အားတက်စရာပိုကော င်းတယ် ။
 
 
+9 #3 Gunnerstar 2012-09-20 11:48
အခု လက်ရီအတိုင်းက လူတောင် ပိုနေပါသေးတယ်..။ မာတီက တကယ်တော့ တော်တော် လေး လေး တာပါ..။သူ မှားတဲ့ အလုံးက ပယ်နယ်တီ ဖြစ်သွားလို့ ရသလို ဂိုးကို တည့်တည့် ကန်သွားလို့ ဂိုးမရသွားတာပါ..။ တကယ် အရေး အကြောင်း ပွဲ တွေမှာ ကိုစီ ကို ပြန်သုံးမှာပါ..။ ဘေဘီ ဂျက်က ကွင်းလယ် မှာ ခပ်ကြမ်းကြမ်း နဲ့ အမှား နည်းနည်း ဆော့နိုင်တဲ့ သူပါ..။ သူပါလာရင် diaby နဲ့ အာတီတာ တယောက်ယောက်တော့ နားပေးရမှာပါ..။ ဂျာကင်က ကောင်းလာပေမဲ့ ဂစ်ဘက်ကတော့ လက်ရှိ weak point ဖြစ်နေဆဲပါ..။ တိုက်စစ် အားသန်လွန်းပါတယ်..။ တကယ် man city လို တန်ပြန် ကောင်းတဲ့ အသင်းနဲ့ မလွယ်ပါဘူး..။ လူဝယ်တာကောင်းပေ မဲ့၊ လက်ရှိ မှားထားတဲ့ လူတွေ ကို ပြန်ထုတ်ပြီး မှ ၀ယ်သင့်တယ် ထင်ပါတယ်..။ လူဝယ်တာက လောင်းကစား လုပ်ရသလိုပါပဲ..။ တောရက်လို ဖြစ်သွားနိုင်သလို၊ BA လို ကောင်းလာတာ လဲ ဖြစ်နိုင်ပါတယ်..။ သိပ်မလောကြပါနဲ့ လက်ရှိမှာ အကောင်းဆုံး အနေအထား ရှိနေတာကို ကျေနပ်လိုက်ကြပါ ...။
 
 
+10 #2 Aaron Yan 2012-09-20 02:03
ဦးဝင်းဂါးကို ပေးဖတ်ဖို့ကောင်းတယ်ဗျာ။ DMတစ်ယောက် counterကို ချက်ချင်းပြန်စနိုင်မယ့် သူတစ်ယောက်လိုတ ယ်ဗျာ။ ဒီတစ်ယောက်လောက် တော့ ဦးဝင်းဂါးဝယ်သင့်တယ်ထင်တာပဲ။
 
 
+13 #1 MrArsenalCrazy 2012-09-20 01:16
အင်းဒီဆောင်းပါး ဘာသာပြန်ပြီး ဝင်းဂါးစီ ပို့ကျပါလားဗျာ ဒါမှမဟုတ် twiter .facebook လိုနေရာမျိုးမှာ ဘာသာပြန်ပြီး တင်ပါလားဗျာ
 

Next Match:

Brighton Vs Arsenal

THE FA CUP

25th Jan 2015  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ

 

 

Last Match:

Man City 0-2 Arsenal

Premier League  Match -22

18th Jan 2015  - တနင်္ဂနွေနေ့ 

မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ


စပါး vs အာဆင်နယ်

Barclays Premier League

၁၆ မတ်လ ၊ ၂၀၁၄ - တနင်္ဂနွေ

မြန်မာစံတော်ချိန် ည ၁၀း ၃၀ နာရီ

ဧည့်ခန်း ထဲက လူစာရင်း

အာဆင်နယ် မြန်မာဆိုက်မှ ကြိုဆိုပါ၏။

Kyi Pyar Yaung - Online Store

Arsenal FC Original Jersey & accessories Shop (Yangon)


Email : kpy.store@arsenalmyanmar.com



Facebook : https://www.facebook.com/pages/Kyi-Pyar-Yaung/

Arsenal FC Original Jersey and accessories Shop

EPL အမှတ်ပေးဇယား

နောက်ဆုံး ဆောင်းပါး/အထွေထွေဆောင်းပါး

Latest Articles:

ဂိုး အများဆုံး သွင်းထားသူများ

 

၁၉.၁.၂၀၁၅ အထိ
ပွဲ ဂိုး
Alexis 29+1 18
Danny Welbeck 19+1 7
Olivier Giroud 8+5 7
Aaron Ramsey 18+3 6
Santi Cazorla 25+5 6
Podolski 2+11 4
Chamberlain 20+11 2
Koscielny 16 2
Debuchy 13 1
Kieran Gibbs 19+2 1
Mikel Arteta 11+1 1
Jack Wilshere 13+3 1
Mesut Ozil 9+1 1
Chambers 23+5 1
Sanogo 5+1 1
Rosicky 5+7 1
Mertesacker 16 1
ဘန်တနာ