
၂ သင်းစလုံးဟာ ချန်ပီယံလိဂ် ကိုအဝေးကွင်းတွေမှာ သွားရောက်ယှဉ်ပြိုင်ထားရသည့်အတွက် ပွဲပန်းနေနိုင်မှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကတော့ မောင့်ဖီလာ အသင်းကို ၂ ဂိုး ၁ဂိုး နဲ့ အနိုင်ရခဲ့သော်လည်း မန်စီးတီးအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
၂ သင်းစလုံးဟာ ၂ ပွဲ နိုင် ၂ ပွဲသရေ ကိုယ်စီ နဲ့ ပရီမီးယားလိဂ်မှာ ရပ်တည်နေကြပြီး အာဆင်နယ် အသင်းက ဂိုးကွာခြားချက်နဲ့ အဆင့် ၃ မှာ ရပ်တည်နေနိုင်ခြင်းဖြစ်ပါတယ်။ မန်စီးတီး အသင်းကတော့ ချယ်ရီတီဒိုင်း ကတည်းက ပေးလာရတဲ့ ပေးဂိုးတွေဟာ ချန်ပီယံလိဂ် ပွဲပြီးတဲ့အထိ စုစုပေါင်း ၁၁ ဂိုး တိတိရှိခဲ့ပါတယ်။ မနှစ်က မန်စီးတီး သွင်းခံရတဲ့ ဂိုးပေါင်းက ၂၉ ဂိုးသာရှိပါတယ်။
ဒီပွဲမှာ နောက်ထပ် ရေပန်းစားနေတာတစ်ခုက အာဆင်နယ် တိုက်စစ်မှူး ဂျီရော့ခ် ဂိုးသွင်းနိုင် မသွင်းနိုင်ဖြစ်ပါတယ်။ ဒီ ယူရို ၁၃ သန်းတန် တိုက်စစ်မှူးဟာ ခုချိန်ထိ ဂိုးသွင်းယူနိုင်မှု မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဆောက်သမ်တန် ပွဲမှာတော့ သူ့ရဲ့ ဖိအားတွေ ဖျေလျှော့နိုင်ဖို့အတွက် အာဆင်နယ် အသင်း ပထမ လူစာရင်းမှာ ချန်ထားခံခဲ့ရပါတယ်။ အဲဒီပွဲအပြီးမှာ ဂျီရော့ခ် ကို ပထမ အသင်းနေရာက နေ အနားပေးထားရတာက သူ့အတွက် ဖိအားတွေ ဖျေလျှော့နိုင်စေဖို့ဖြစ်တယ်လို့ အာဆင်ဝင်းဂါးက ပြောကြားသွားခဲ့ပါတယ်။ ဒါဟာ အဓိက ပြဿနာ မဟုတ်ပါဘူး .. ယခင် အသင်းရဲ့ ဂန္ဒ၀င်ကစားသမား အွန်နရီတောင် သူ့ရဲ့ အာဆင်နယ် အသင်းနဲ့ ၉ ပွဲမြောက်မှာ မှ ဂိုးစသွင်းပြီး ရာသီကုန်မှာ ၅၇ ပွဲနဲ့ ၃၁ ဂိုး သွင်းနိုင်ခဲ့ပါသေးတယ်။ ဒါကြောင့် ဂျီရော့ခ် အနေနဲ့ အွန်နရီ လို ဖြစ်မလာနိုင်ဘူးဆိုတာ မပြောနိုင်ပါဘူး။
နောက်ပြီး ခုနောက်ပိုင်းမှာ ပွဲတိုင်း ခြေစွာနေတဲ့ ပိုဒေါစကီး ဟာ မန်စီးတီး နောက်တန်းတွေကို အတော်လေး အလုပ်ရှုပ်စေနိုင်ပါတယ်။ လက်ထောက်နည်းပြ ဘောင်းလ်ကတောင် ပိုဒေါစကီးလို အဆုံးသတ်သေချာတဲ့ ကစားသမားမျိုး မတွေ့ဖူးဘူးလို့ ချီးကျုးခဲ့ပါတယ်။ ပိုဒေါစကီးလ် အနေဖြင့် အာဆင်နယ် အတွက် ဂိုးတွေကို ဒီပွဲမှာလည်း ဆက်လက်သွင်းပေး နိုင်ဖို့ အသင်းပရိတ်သတ်တွေက မျှော်လင့်နေကြပါတယ်။
ဒါကြောင့် ဒီပွဲမှာလည်း အာဆင်နယ် တို့ အနိုင်ရလဒ်ကို ပိုဒေါစကီး ဂျီရော့ခ် တို့ ဦးဆောင်တဲ့ တိုက်စစ် အစွမ်းတွေနဲ့အတူ အာဆင်နယ် အသင်း မန်စီးတီးကို အနိုင်ယူပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Comments
အာဆင်နယ်ဆိုတာအွ န်နရီတို့ ခေတ်ကတည်းကအိမ် ကွင်းအဝေးကွင်းေ ရွးတတ်တဲ့အသင်းမ ဟုတ်ဘူး......
အိမ်ကွင်းမှာပဲ...ပရိတ်သတ်အားနဲ့ ဒိုင်ကိုဖိအားေ ပးတတ်တဲ့အသင်းမဟုတ်ဘူးဆိုတာပြလိုက်......
ပိုဒေါ့စကီး.ရဲ့ဖရီးကစ်ကိုစောင့်ကြည့်နေမယ်.....
အာတီတာရဲ့နောက်တ ဂိုး........
Cheers!
ညတိုင်းလဲဘုရားရှစ်ခိုးရင်ထည့်ု တောင်းနေတယ်.......
RSS feed for comments to this post.