Arsenal Myanmar | All of Arsenal fans from Myanmar.

သတင်း

အာဆင်နယ်အသင်း၏ အမာခံပရိတ်သတ်ဖြစ်ကြောင်း ဆစ်ဆိုကို ထုတ်ဖော်ဝန်ခံ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးတော့ ဒီရာသီနယူးကာဆယ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အဓိကကွင်းလယ်လူ မူဆာ ဆစ်ဆိုကိုက အာဆင်နယ်အသင်းဟာ သူငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့အသင်းဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

“ကျွန်တော် ငယ်ငယ်ကလေးတည်းက အာဆင်နယ်အသင်းကို အရမ်းကြိုက်ခဲ့တာပါ။ ဗီယာရာကတော့ ကျွန်တော့်ရဲ့ စံပြကစားသမားပေါ့။ ကျွန်တော်ဒီအသင်းကို အမြဲတမ်းကြိုက်နှစ်သက်ခဲ့ပါတယ်။ ခုချိန်ထိပါပဲ။” လို့သူက ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။



လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အာဆင်နယ်အသင်းနဲ့ ကောလဟာလတွေနဲ့ ပတ်သတ်ပြီးတော့လည်း သူက ဒီလိုပြောပါတယ်။

 

ယမန်နှစ်ရလဒ်ဆိုးကြောင့် အန်းဖီးလ်တွင် ရုန်းကန်ခဲ့ရသည်ဟု အာစင်းညဉ်းတွား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

လီဗာပူးလ်အသင်း၏ အိမ်ကွင်းအန်းဖီးလ်တွင် မနှစ်က ငါးဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့အကျိုးဆက်ကြောင့် ယခုနှစ်တွင် ဆက်လက်ရုန်းကန်ခဲ့ရသည်ဟု နည်းပြကြီးအာစင်းက ညဉ်းတွားခဲ့သည်။ အာဆင်နယ်သည် မနေ့က လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ခက်ခက်ခဲခဲ ရုန်းကန် ကစားခဲ့ရသည်။ အဆိုပါပွဲ ပထမပိုင်းပြီးခါနီးတွင် လီဗာပူးလ်အသင်းက ဦးဆောင်ဂိုးရရှိခဲ့ပြီး အာဆင်နယ်ကစားသမား ဒီဘူချီက ချက်ချင်းဆိုသလို ပြန်လည်ချေပနိုင်ခဲ့သည်။

ကစားကွက်မသာခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂျရူး၏ သွင်းဂိုးက အာဆင်နယ်ကို နှစ်ဂိုးတစ်ဂိုးဖြင့် ဦးဆောင်စေခဲ့သည်။ သို့သော် ကျန်ပွဲချိန်များတွင် လီဗာပူးလ်အသင်းက တရစပ်ဖိကစားပြီး နာကျင်အချိန်ပိုတွင် စကာတယ်က ချေပဂိုးသွင်းယူကာ သရေရလဒ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲပြီးခါနီးတွင် လီဗာပူးလ်တိုက်စစ်မှူး ဘိုရီနီ နှစ်ဝါတစ်နီဖြင့် အထုတ်ခံရပေမယ့် အာဆင်နယ်က ၎င်းတို့၏ ဦးဆောင်မှုကို ဆက်လက်ထိန်းထားနိုင်ခြင့် မရှိခဲ့ပေ။



ထို့ကြောင့် အာဆင်နယ်အနေနှင့် အဆင့် ၄ နေရာက ဝက်စ်ဟမ်းအသင်းနှင့် လေးမှတ်ကွာဟလျက်ရှိသည်။ ပွဲအပြီးတွင် နည်းပြကြီး အာစင်းက မိမိကစားသမားများသည် ယမန်နှစ်ရလဒ်ဆိုးကြောင့် စိုးရိမ်ကြောင့်ကြစွာ ကစားခဲ့ပြီး ပြိုင်ဘက်ကို အခွင့်အရေးများပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

 

နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုအတွက် ပျော်ရွှင်မိပါတယ်… အာစင်ဝင်းဂါး

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်းသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆန်းချက်စ်၊ ဒီဘူချီ၊ အော့စပီနာ နှင့် ချန်ဘားစ်တို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့သည့်အပြင်၊ ပြီးခဲ့သော ဘောလုံးရာသီက ဂရိကလပ် အိုလံပီယာကော့စ်အသင်းသို့ အငှားချခဲ့သော ကမ်းဘဲလ်ကိုလည်း အသင်းကြီးသို့ ပြန်လည် ပူးပေါင်းစေခဲ့ပြီဖြစ်သည်။

 

၁၁ ကြိမ်မြောက် FA ဖလား ချန်ပီယံ ဆုရှင် A R S E N A L

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ် အသင်းသည် FA ဖလား ဗိုလ်လုပွဲစဉ်တွင် Hull City အသင်း နှင့် ယှဉ်ပြိုင်ကစားရာ တစ်ဖက် နှင့် တစ်ဖက် မိနစ် ၉၀ ပြည့်သည်အထိ တစ်ဖက် ၂ ဂိုးစီ နှင့် သရေ ရလဒ် ထွက်ပေါ်နေသောကြောင့် အချိန်ပို တစ်ဖက် ၁၅ မိနစ် ဆက်လက်ကစားကြရာ အချိန်ပို ဒုတိယပိုင်း ၁၅ မိနစ်တွင် အာဆင်နယ် ကွင်းလယ်ကစားသမား ရမ်ဆေး၏ ဂိုးဖြင့် စုစုပေါင်း ၃ ဂိုး ၂ ဂိုး ရလဒ်ဖြင့် Hull City အသင်းအား အနိုင်ရ ဗိုလ်စွဲခဲ့ပါသည်။ ယခုဗိုလ်စွဲခဲ့သည့်အတွက် အာဆင်နယ် အသင်းသည် FA ဖလားကို စုစုပေါင်း ၁၁ ကြိမ်တိုင် ရရှိခဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါသည်။ အဆိုပါ ဆုပေးပွဲစဉ် အခမ်းအနားမှ ပုံရိပ် အချို့ကို ဖော်ပြပေးလိုက်ရပါသည်။

 

 

ခြေစွမ်းကို သက်သေပြရန် အချိန်ရောက်ပြီဟု ဗာမယ်လန်းကို အာစင်ဝင်းဂါးသတိပေး

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်နည်းပြကြီး အာစင်ဝင်းဂါးသည် အသင်းခေါင်းဆောင် ဗာမယ်လန်းအား ၎င်း၏ ခြေစွမ်းအစစ်အမှန်ကို သက်သေပြရန် အချိန်ရောက်ပြီဟု သတိပေးစကားဆိုခဲ့သည်။

ဗာမယ်လန်သည် အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့သည့် ဆွမ်ဆီးအသင်းနှင့်ပွဲတွင် အသင်း၏ အဓိကနောက်ခံလူ ကော့စီရယ်နီ၏ ဒဏ်ရာကြောင့်
၎င်း၏ ပထမဆုံး ပရီးမီယားလိဂ်ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်သည်။



အဆိုပါ ဘယ်ဂျီယံနောက်ခံလူသည် ပြီးခဲ့သည့်ရာသီက အသင်း၏နောက်တန်းတွင် နေရာတစ်နေရာ အခိုင်အမာရခဲ့သော်လည်း မာတီဆက်ကာနှင့် ကော့စီရယ်နီတို့၏ တွဲဖက်ညီခံစစ်စွမ်းဆောင်ရည်ကြောင့် လက်ရှိရာသီတွင် အရန်ခုံ၌ အချိန်ဖြုန်းနေရသူဖြစ်သည်။

 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »
Page 1 of 349