
အာဆင်နယ် အသင်းအနေနဲ့ လိုင်ယွန်အသင်းမှ ကွင်းလယ်ခံစစ်သမား Maxime Gonalons ကိုခေါ်ယူဖို့ ဆွေးနွေးနေပြီလို့ သိရပါတယ်။ ပေါင် 15 သန်းတန် အဲဒီကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေတာ အချိန်အတော်ကြာပြီဖြစ်ပြီး လက်ရှိအာဆင်နယ် ကွင်းလယ်ဟာ ဖန်တီးနိုင်စွမ်းမြင့်တဲ့ တိုက်စစ်အားသန်ကစားသမားတွေများနေတာကြောင့် ကွင်းလယ်အဖျက်ပိုင်း အားနည်းနေတာဖြစ်ပြီး တကယ်လို့ Gonalons ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကွင်းလယ်အဖျက်အတွက် လုံးဝ စိတ်ချနိုင်တော့မှာဖြစ်ဖြစ်ပါတယ်။