You are here: Home ဆောင်းပါး အထွေထွေဆောင်းပါး

Arsenal Myanmar | All of Arsenal fans from Myanmar.

အထွေထွေဆောင်းပါး

ဒီမိုး.. ဒီလေ.. ဒီဂျာနယ်တွေနဲ့တော့…..

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg


"မန်ယူ မနိုင်တဲ့နေ့ဆို အားကစားဂျာနယ်တွေ ရောင်းမကောင်းဘူး ဆရာ" တဲ့။ အဲဒီလို ပြောရင်း မကုန်သေးတဲ့ ဂျာနယ်တွေ ပွေ့ပိုက်ပြီး ထွက်သွားတဲ့ ဂျာနယ်သမားလေးရဲ့ ကျောပြင်ကို ငေးကြည့်ရင်း "သြော်…" လို့ စိတ်ထဲက ရေရွတ်မိကာ ကျွန်တော် စဉ်းစားခန်းဖွင့်မိတယ်။

ဟုတ်သလား… အဲဒီလိုပဲလား။ ဟုတ်ပါတယ်… ဒါဟာ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ မြန်မာပြည်မှာ ဘောလုံးပရိသတ် အများစုက မန်ယူ ပရိသတ်ဖြစ်နေတာကိုး။ ဒါပေမယ့် နောက်တစ်နည်းတွေးကြည့်ရင် မန်ယူ မနိုင်တဲ့နေ့တွေမှာ အဲဒီလို တစ်စောင် နှစ်စောင်လောက်ပဲ ရောင်းရတာဟာ ကျန်တဲ့ အသင်း ပရိသတ်များက လုံးဝကို မတို့လို့ပါပဲ။ အဲဒီလို ဂျာနယ်တွေကို ကျန်တဲ့အသင်းပရိသတ်တွေက တို့ကိုမတို့ချင်လောက်အောင် ဘာလို့ ချဉ်သွားရတာလဲ ဆိုတော့……………………..

 

 

Emmanuel Frimpong ဟာ ဒီရာသီအကုန်အထိ Fullham အသင်းတွင် အငှါးသွားရောက်ကစား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

Emmanuel Frimpong ဟာ ဒီရာသီအကုန်အထိ Fullham အသင်းတွင် အငှါးသွားရောက်ကစားတော့မှာ ဖြစ်ပါတယ်။

 

 

"It isn't easy being an Arsenal fan"

Link megosztása: Del.icio.usTwitterFacebookDigg

"It isn't easy being an Arsenal fan"....... တဲ့။ ဟုတ်ပါတယ်။ အာဆင်နယ် ပရိသတ် စစ်စစ်တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ အသင်း ရဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာကို တော်ရုံ စိတ်ဓာတ်နဲ့တော့ ခံစားနိုင်မှာ မဟုတ်ပါဘူး။ သြော်... တစ်ချို့တွေ အသင်းပြောင်း အားပေးသွား ကြ တာတွေ မြင်ရတော့ စိတ်မကောင်းဘူး။ ဒါလည်း သူတို့ရဲ့ right ပဲ။ ဒါပေမယ့် ကိုယ်တွေကတော့ ဆက်အားပေးနေဦးမှာပါ။ အရေထူနေတာလား ၊ အမှတ် မ ရှိတာလား။ တစ်ခုမှ မဟုတ်ဘူး။ သံယောဇဉ် ရှိနေတာကိုး။ ကျွန်တော်ဆို အသင်းကို အားပေးလာတာ ၉၈ ကတည်းကပါ။ ၁၄ နှစ် ရှိပါပြီ။ ပျော် လည်း ပျော်ခဲ့ရသလို ဝမ်းလည်းနည်းခဲ့ရဖူးပါတယ်။

 

မမေ့နိုင်သော ဂန္တ၀င် အမြောက်တပ်သားကြီးတစ်ဦး (အပိုင်း လေး)

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

Dennis Bergkamp (အပိုင်း လေး)

 

ယူရို ၂၀၀၀ ပြိုင်ပွဲကြီး မတိုင်ခင်မှာတော့ ဘားကမ့်ဟာ သူ့ရဲ့ မွေးမြေမှာ ပြုလုပ်မယ့် ဥရောပချန်ပီယံရွေးပွဲ အပြီးမှာ လက်ရွေးစဉ်အသင်းကနေပြီး အနားယူတော့မယ်လို့ ကြော်ငြာခဲ့ပါတယ်။ ဒီပွဲဟာ သူ့အတွက် နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှု ရယူဖို့နောက်ဆုံး အခွင့်အရေးပါပဲ။ Oranje လို့ ချစ်စနိုးခေါ်ကြတဲ့ ဟော်လန်အသင်းဟာ မရဏအုပ်စုမှာ ကျရောက်ခဲ့ပေမယ့် ယူဂိုဆလားဗီးယားအသင်းကို ခြောက်ဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိပြီးနောက် ဖလားရယူမယ့်အသင်းအဖြစ် အားလုံးက သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဟော်လန်းအသင်းနဲ့ အကြိုဗိုလ်လုပွဲမှာ တွေ့တာကတော့ ကမ္ဘာပေါ်မှာ ခံစစ်အကောင်းဆုံး၊ ခံစစ်ဦးစားပေး ကစားဆုံးအသင်းဖြစ်တဲ့ အီတလီပါပဲ။ ဟော်လန်အသင်းဟာ ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် မိနစ်ကိုးဆယ် ကျော်လွန်ပြီး အချိန်ပိုပြီးတဲ့အထိ အနိုင်ဂိုး ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် ပင်နယ်တီအဆုံးအဖြတ် ရယူတဲ့အခါမှာတော့ ဟော်လန်အသင်းဟာ အီတလီကို အရှုံးပေးလိုက်ရပါတော့တယ်။ ဘားကမ့်ဟာ ဒီပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကောင်းမွန်တိကျတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘားကမ့်လို ကစားသမားတစ်ယောက်အနေနဲ့ လက်ရွေးစဉ်ဘ၀ဟာ ဒီလိုပုံစံမျိုး အဆုံးမသတ်သင့်တာတော့ အမှန်ပါပဲ။

Euro 2000 ပြိုင်ပွဲဝင် ဟော်လန်အသင်း

ယူရိုပြိုင်ပွဲအပြီးမှာ ဘားကမ့်ဟာ ကြော်ငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

 

မမေ့နိုင်သော ဂန္တ၀င် အမြောက်တပ်သားကြီးတစ်ဦး (အပိုင်း သုံး)

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

Dennis Bergkamp (အပိုင်း ၃)


ခမ်းနားလှပသော အမြောက်တပ်သားဘဝ

ဒန်းနစ်ဘားကမ့်ဟာ ၁၉၉၇-၉၈ ရာသီမှာတော့ သူ့ဘ၀ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ သူဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ အထူးခြေစွမ်းပြခဲ့ပြီး အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့သည်။ ထိုနှစ်က အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် ဖလားနှင့် အက်ဖ်အေဖလားနှစ်ခုလုံး ရယူအောင်ပွဲခံခဲ့လေသည်။ ထိုအချိန်က အသက်၂၉နှစ် ရှိပြီဖြစ်သော ဘားကမ့်သည် ၀င်ဘလေကွင်းတွင် ကစားသော အက်ဖ်အေဖိုင်နယ်ပွဲ အပါအ၀င် ရာသီကုန်ခါနီးပွဲစဉ်များကို လွဲချော်ခဲ့သော်လည်း အာဆင်နယ်အသင်း၏ အောင်မြင်မှုတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

အောင်မြင်မှုများနှင့် ဘားကမ့်

ပြည်တွင်းဖလားနှစ်လုံးနှင့်အတူ ဘားကမ့်သည်လည်း ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့လေသည်။ သူသည် အဆိုပါနှစ်အတွက် ကစားသမားများမှ ရွေးချယ်သော အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။ လူတစ်ဦးချင်းအတွက် အမြင့်မားဆုံးဆု ဖြစ်သည်။ ဖီဖာ၏ တစ်နှစ်အတာ အကောင်းဆုံး ကစားသမား စာရင်းတွင် တတိယနေရာ ရရှိခဲ့သည်။ စက်တင်ဘာလတွင် ဘားကမ့်သည် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဒုတိယအကြိမ်ရရှိခဲ့သည်။ တစ်လာတာ အကောင်းဆုံးဆုကို နှစ်လဆက်တိုက် ရရှိသော ပထမဆုံး ဘောလုံးသမား ဖြစ်ခဲ့သည်။ BBC ရုပ်သံလိုင်းမှ တင်ဆက်သော Match of the Day ရုပ်သံအစီအစဉ်တွင် တစ်လတာ အကောင်းဆုံးဂိုးများကို ရွေးချယ်လေ့ရှိသည်။ အဆိုပါအစီအစဉ်တွင် ဘားကမ့်၏ ဂိုးများသည်က ပထမ၊ ဒုတိယ၊ တတိယ အကောင်းဆုံးနေရာကို ရယူခဲ့လေသည်။ ၂၅နှစ်သက်တမ်းအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ထိုကဲ့သို့ ရွေးချယ်ခံရခြင်း မရှိခဲ့ချေ။

 
Page 6 of 43