You are here: Home ဆောင်းပါး အထွေထွေဆောင်းပါး

Arsenal Myanmar | All of Arsenal fans from Myanmar.

အထွေထွေဆောင်းပါး

Some Nice Comments From FB

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

 

Ko Htike :မိနစ် ၉၀ ဘယ်လိုပြည့်သွားမှန်းတောင် မသိလိုက်ဘူး ... တကယ့်ဘောလုံးပွဲ စစ်စစ်ကို ကြည့်လိုက်ရတယ်၊ ပိတ်မဆော့ဘူး၊ မညစ်ဘူး၊လူမချဘူး၊ ဒိုင်လူကြီးကိုလည်း အားမကိုးဘူး၊ နှစ်သင်းလုံး ကွန်ကရက်ကျူလေးရှင်းပါ ၊

 

Ba Ka Ba ပိတ်မဆော့တာကို ချီးကျူးတယ်ဗျာ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့မဟုတ်ဘူး ဒါပေမယ့် အာကြီးက အဝေးကွင်းမှာ သူ့ထက်ပါဝါမြင့်တဲ့အသင်းကို လုံးဝအပီဖွင့်ပြီး တိုက်စစ်ကစားသွားတာ လေးစားတယ်။

Ye Thet Naing fair result for both team. congratulation for arsenal's Manone and Defence team which show great effort. We need more effort from Giroud too Smile

Htet Aung Myo Should win easily if gervinho didn't forget his shooting boot...

 

ကွင်းအတွင်း နေရာပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသည့် အာဆင်နယ်အသင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

alt

 

ဒီနှစ် အာဆင်နယ်အသင်းဟာ မနှစ်က အသင်းထက် များစွာ တိုးတက်လာခဲ့တယ်လို့ မြင်မိတယ်။ မနှစ်က အာဆင်နယ်ဟာ ပထမ လိုင်းအပ်အတွက် ပုံသေကားချပ်လိုဖြစ်နေတဲ့ လူစာရင်းနဲ့ ခရီးထွက်ခဲ့ပေမယ့် ဒီနှစ် အာဆင်နယ်ကတော့ အဲလို မဟုတ်တော့ဘူး။ မနှစ်က ရှက်ဇနီဟာ ဂိုးသမားနေရာ ပြိုင်ဘက်မရှိ ရယူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပိုမိုတည်ငြိမ်တဲ့ မန်နိုနီလက်စွမ်းကြောင့် သူ့နေရာ မသေချာတော့ဘူး။

 

မောင့်ပယ်လီယာ ၁-၂ အာဆင်နယ် ပွဲအပြီး အတွေးများ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

မနေ့က ကစားသွားတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲစဉ်များထဲမှ အုပ်စု ဘီ ရဲ့  ပွဲစဉ်တစ်ခုဖြစ်တဲ့ အာဆင်နယ် နဲ့ ပြင်သစ် ကလပ် မောင့်ပယ်လီယာ တို့ပွဲစဉ်မှာ အာဆင် နယ် အသင်းက ပိုဒေါစကီး၊ဂါဗင်ဟို တို့သွင်း  ဂိုးတွေနဲ့   အနိုင်ရရှိသွားခဲ့ပါတယ်။ ပြီးကတော့ ပထမပိုင်း တစ်ပိုင်းလုံးနီးပါး စိတ်ကြိုက် ကစားနိုင်ခဲ့ပေမယ့်  ဒုတိယပိုင်း တစ်ပိုင်း လုံးနီးပါး ကစားပုံပျက်နေပါတယ်။ဒီပွဲအပြီးမှာ စဉ်းစားမိတဲ့ အတွေးစ တချို့  ကတော့ ....

၁။    ဆက်ဇနီ ရဲ့  နေရာကို မန်နိုး အမှန်တကယ်ပဲ ခြိမ်းခြောက်နေပြီ

ရာသီအစတွင် တတိယဦးစားပေးဂိုးသမားဖြစ်ခဲ့သော်လည်း   ဆက်ဇနီနဲ့ ဖာဘီယန်စကီး တို့ နာနေချိန်မှာ ကစားခွင့်ရလာတဲ့ မန်နိုးအနေနဲ့ ရရှိလာတဲ့အခွင့်အရေးကို အပြည့်အ၀ယူနိုင်ခဲ့ပါတယ်။လက်ရှိအချိန်မှာ သူ့ လက်စွမ်း၊ ယုံကြည်မှု နဲ့ နိုင်ပွဲအတွက် ဆာလောင်မှုတွေ  က နံပါတ် ၁ ဂျာစီ နဲ့ ထိုက်တန်နေလို့ ဦးဝင်းဂါး သူ့ကိုဆက်ဖမ်း ခိုင်းရင်လည်း ပရိတ်သတ်တွေ စောဒက တက်ကြမှာ မဟုတ်ပါဘူး။ တစ်ခုရှိတာက ဆက်ဇနီ ယုံကြည်မှုနဲ့   လက် စွမ်းပျောက် သွားပြီး ကြယ်တစ်ပွင့် မဆုံးရှုံးသွားဖို့ပါ။

 

ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် သိမှတ်ဖွယ်ရာများ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ဒီရာသီမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှုး ဂီရော့ဟာ သူ့အသင်းဟောင်း montpellier နဲ့ ဒီညပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ montpellier အသင်းဟာ ပြင်သစ် ချန်ပီယံအဖြစ် ချန်ပီယံလိဂ် ပထမဆုံးအကြိမ် ကစားခွင့်ရမှာ ဖြစ်ပါတယ်။


ထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ်အသင်းနဲ့ montpellier အသင်းတို့ဟာ တကြိမ်မှ တွေ့ဆုံဖူးခြင်း မရှိခဲ့ပါ။ montpellier အသင်းဟာ အင်္ဂလိပ်ကလပ်သင်းတွေနဲ့ တကြိမ်သာတွေ့ဆုံခဲ့ဖူးသည်။ ၁၉၉၀/၉၁ ရာသီက မန်ချက်စတာယူနိုက်တက် အသင်းနှင့် Cup Winners Cup ကွာတားဖိုင်နယ်တွင် ဖြစ်ပြီး မန်ယူအသင်းက ပထမအကျော့ တဂိုးစီသရေ၊ ဒုတိယအကျော့ ၂-၀ အနိုင်ရလာဒ် ရရှိခဲ့သည်။

 

ဂန္တ၀င်ဖြစ်လာအုံးမယ့် အမြှောက်တစ်လက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်းကို ၁၉၉၈ ခုနှစ်လောက်ကစပြီး အားပေးခဲ့ပေမယ့် တကယ်တမ်း ပွဲတွေကြည့်ပြီး အားပေးခဲ့တာကတော့ ၂၀၀၀ ခုနှစ်လောက်မှသာ စတင်ခဲ့ပါတယ် ။ အာဆင်နယ်ပွဲတွေကြည့်ရင် လူအများစု သတိထားမိကြတာကတော့ Thierry Henry ၊ Dennis Bergkamp နဲ့  Patrick Vieira တို့ လောက်ပေါ့ ။ Henry ၊ Bergkamp နဲ့ Vieira တို့ ကို အရမ်းကြိုက်ခဲ့ပေမယ့် တကယ်တမ်းအသင်းမှာ ကျွန်တော် အလေးစားမိဆုံး ပုဂ္ဂိုလ်ကတော့ Tony Adams ဆိုတဲ့ ကျွန်တော်တို့ အာဆင်နယ်နဲ့  အင်္ဂလန်ရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂန္တ၀င်ကစားသမားကြီးပေါ့။ ဘာကြောင့်များ လေးစားမိသလဲဆိုရင် သူ့ ဘ၀ရဲ့ ကစားသမားသက်တမ်း တလျှောက်လုံးကို အာဆင်နယ်မှာသာ ကုန်ဆုံးစေခဲ့ပြီး အသင်းပေါ်သစ္စာရှိခဲ့လို့ ပါပဲ ။

 
Page 8 of 42