You are here: Home ဆောင်းပါး အထွေထွေဆောင်းပါး

Arsenal Myanmar | All of Arsenal fans from Myanmar.

အထွေထွေဆောင်းပါး

ကမ္ဘာ့ အကြီးဆုံး ဘောလုံးကွင်း (၁၀) ကွင်း။

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

သတင်းဟောင်းတစ်ခုမှာ ဖော်ပြခဲ့တဲ့ Top Ten Biggest Soccer Stadiums in the World ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပြီး AM ဖန်အပေါင်းတို့ ဖတ်ရှု နိုင်ရန်အတွက် အမှတ်စဉ်အလိုက် ဖော်ပြပေးလိုက်ပါတယ်။

() Rungrado May Day Stadium, Pyongyang, North Korea


 

ဥရောပ ဘောလုံးဘုရင်ဘွဲ့ကို ရွေးချယ်မယ့် ယူရို၂၀၁၂ ပြိုင်ပွဲ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ဥရောပ ဘောလုံးဘုရင်ဘွဲ့ကို ရွေးချယ်မယ့် ယူရို၂၀၁၂ ပြိုင်ပွဲကြီးဟာ ယူကရိန်းနဲ့ ပိုလန်နှစ်နိုင်ငံမှာ ဒီနေ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီ ယူရိုပြိုင်ပွဲရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်နှင့် ပါဝင်ဆင်နွှဲကြမည့် ပြိုင်ပွဲဝင်အသင်းတို့၏ အုပ်စုတွင်းအနေအထားကို တင်ဆက်လိုက်ပါတယ်။


ယခုအခါ ယူရိုပြိုင်ပွဲဆိုပြီး ကစားနေတဲ့ ဥရောပချန်ပီယံလုပွဲဟာ ဟင်နရီဒယ်လာနေးဆိုတဲ့ ပြင်သစ် ပုဂ္ဂိုလ်တစ်ဦးရဲ့ နာမည်နဲ့ ၁၉၆၀ ပြည့်နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ငါးဆယ့်နှစ်နှစ် တိုင်ခဲ့ပါပြီ။ အကြိမ်အားဖြင့် ဆယ့်လေးကြိမ်မြောက်ကို ရောက်ရှိခဲ့ပါပြီ။

 

၂၀၁၁-၁၂၏ သတိတရ နေ့ရက် ၁၀ရက်..

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

၂၀၁၁-၁၂ ရာသီအတွင်း အာဆင်နယ် အသင်း၏ အမှတ်တရ နေ့ရက်ဆယ်ရက်ကို arsenal.com မှ တင်ပြထားပုံများကို ပြန်လည် တင်ဆက်ပေးလိုက်ပါသည်။ အမှန်တကယ်တော့ ရာသီအတွင်း နေ့ရက်တိုင်းသည် ကျွန်တော်တို့ ပရိသတ်အတွက် အကုန် အမှတ်တရရှိနေသည် မဟုတ်ပါလား...။

 

မေ ၁၃ - အမှတ်ပေးဇယား တတိယနေရာရရှိ

ဒီနှစ် ဘောလုံးရာသီရဲ့ နောက်ဆုံးနေ့မှာ အာဆင်နယ်အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်ရရှိဖို့ ၀က်စ်ဘရွန်းအသင်းကို မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်ခဲ့ပါတယ်။ ပွဲစလို့ သိပ်မကြာခင်မှာပဲ ဘီနာယောင်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဂိုးနောက်ပိုင်းမှာ ၀က်စ်ဘရွန်းအသင်းက နှစ်ဂိုးသွင်းယူခဲ့လို့ နှစ်ဂိုးတစ်ဂိုးနဲ့ ဦးဆောင်ခြင်းခံခဲ့ရသည်။ သို့သော်လည်း တတိယနေရာ ရဖို့အတွက် အစွမ်းကုန်ကြိုးစားကြတဲ့ အမြောက်တပ်သားတွေဟာ ဆန်းတို့စ်နဲ့ ကွန်စီရယ်လ်နီတို့ရဲ့ ဂိုးတွေနဲ့ ၀က်စ်ဘရွန်းအသင်းကို အနိုင်ယူပြီး တတိယနေရာကို အရယူလိုက်နိုင်သည်။

 

ချန်ပီယံလိဂ်ဖလား ဆွတ်ခူးသွားသော ချယ်လ်ဆီးအသင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

၂၀၁၁-၁၂ ရာသီအတွက် ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးရရှိသွားသော ချယ်လ်ဆီးအသင်းအား အာဆင်နယ်မြန်မာ မိသားစုမှ လှိုက်လှဲစွာ ဂုဏ်ပြုလိုက်ပါသည်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် အစရှိသော ဥရောပထိပ်သီးအသင်းကြီးများအား ဖြတ်ကျော်ပြီး အသင်း၏ ပထမဆုံးသော ချန်ပီယံလိဂ်ဖလား ရရှိခဲ့သည့် ချယ်လ်ဆီးအသင်း၏ အောင်မြင်မှုအတွက် ချယ်လ်ဆီး ပရိသတ်များနှင့် ထပ်တူ ၀မ်းမြောက်မိပါသည်။

 

 

ဝင်းဂါးနှင့် ဗန်ပါစီတို့ ဆွေးနွေးပွဲအား စိတ်ကူးဖြင့် ပုံဖော်ကြည့်ခြင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ဗန်ပါစီရဲ့ အပြောင်းအရွှေ့ မငြိမ်မသက် ဖြစ်နေချိန်မှာ onlinegooner ဆိုက်ကနေပြီး ဆောင်းပါးလေး တစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အာဆင်ဝင်းဂါးနဲ့ ဗန်ပါစီတို့ရဲ့ ဆွေးနွေးပွဲကို စိတ်ကူးယဉ်ပြီး ရေးထားတာပါ။ ဖတ်လို့ကောင်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ သူတို့ရဲ့ ဆွေးနွေးခန်း အစစ်မဟုတ်ပါဘူးဆိုတာ ထပ်ပြီး သတိပေးပါရစေ။


ဝင်းဂါး။          ။ ရော်ဘင်ရေ.. အသင်းခေါင်းဆာင် အဖြစ်ရော တိုက်စစ်မှုးအဖြစ်ပါ ဒီရာသီမှာ လှလှပပ တာဝန်ကျေခဲ့တဲ့အတွက် ကျေးဇူးတင်တယ်။ အခုအချိန်မှာ မင်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတစ်ယောက်ဆိုတာ ယုံပါတယ်။ ဒဏ်ရာပြဿနာနဲ့ ခက်ခဲတဲ့ရာသီအချို့ ဖြတ်သန်းပြီးတဲ့နောက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တာတွေကိုလည်း အမှတ်တရ ဂုဏ်ပြုချင်တယ်။

ဗန်ပါစီ။                   ။ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော့်အပေါ် စိတ်ရှည်သည်းခံပေးခဲ့တဲ့ ကာလတွေအတွက် ကျေးဇူးပါ။ ဆရာ့ကျေးဇူးကို  အသင်းသားတွေရဲ့ အကူအညီနဲ့ ပြန်ဆပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

 
Page 10 of 42