You are here: Home သတင်းနှင့်အင်တာဗျူးများ အင်တာဗျူးများ

Arsenal Myanmar | All of Arsenal fans from Myanmar.

အင်တာဗျူးများ

ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးပါဘူး။ အာတေတာ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

လာမည့်ရာသီတွင် ချန်ပီယံလိဂ် ၀င်ခွင့်ရရှိရေး သေချာစေရန်အတွက် များစွာကြိုးစားရန် လိုအပ်နေသေးကြောင်း အာဆင်နယ်အသင်းဖော်များအား အာတေတာမှ သတိပေးစကား ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် အက်စ်တွန်ဗီလာအသင်းအား အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ် နိုင်ပွဲ ခုနစ်ပွဲဆက်တိုက် ရရှိခဲ့သည်။ သို့သော်လည်း လက်ကျန်ရှစ်ပွဲတွင် အနိုင်ရရန် လွယ်ကူသော ကျူပီအာ၊ ၀ုဗ်၊ ၀ီဂန်၊ နော့ဝစ်ခ်ျကဲ့သို့သော အသင်းများနှင့် ကစားရမည်ဖြစ်သကဲ့သို့ ချယ်လ်ဆီး၊ မန်စီးတီးအစရှိသော အသင်းများနှင့် ကစားရန်ကျန်ရှိနေသေးသည်၊၊

 

အာဆင်ဝင်းဂါး၏ ပွဲပြီးပြောစကား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

 

အက်စ်တွန်ဗီလာအသင်းအား သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက်တွင် အာဆင်နယ်အသင်း အနေဖြင့် အလွန်ကောင်းမွန်ပြင်းထန်သော စွမ်းဆောင်ရည်များ ထုတ်ပြခဲ့ခြင်း ဖြစ်သည်ဟု နည်းပြ ၀င်းဂါးက ချီးကျူးလိုက်သည်။

ထို့အတူ အာဆင်နယ်အသင်း၏ အမှတ်ပေးဇယား တတိယနေရာရပ်တည်နိုင်မှုသည်လည်း ပိုမို ခိုင်မာလာပြီ ဖြစ်သည်။

 

နှုတ်ဆက်လက်ဆောင်ပေးချင်နေတဲ့ အွန်နရီ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ချန်ပီယံလိဂ် ရှုံးထွက် ဆယ့်ခြောက်သင်းအဆင့်တွင် ဆုံတွေ့မည့် အေစီမီလန်နှင့်ပွဲတွင် ဂိုးသွင်းယူပြီး အာဆင်နယ်အသင်းအတွက် နှုတ်ဆက်လက်ဆောင် ပေးခဲ့ချင်သည်ဟု အွန်နရီက ဆိုလိုက်သည်။


လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆန်ဆေးရိုးတွင် ကစားမည့် အဆိုပါပွဲစဉ်သည် အွန်နရီအတွက် နောက်ဆုံးပွဲစဉ် ဖြစ်လာမည် ဖြစ်သည်။ သူသည် မကြာမီစတင်တော့မည့် မေဂျာလိဂ် ဘောလုံးရာသီ အမှီ နယူးယော့ခ်ရက်ဘူးလ်အသင်းသို့ ပြန်ရမည် ဖြစ်သည်။

 

"သီယိုဝေါလ်ကော့ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ ဗန်ပါစီ"

Link megosztása: Del.icio.usTwitterFacebookDigg

imagebam.com

ရော်ဘင်ဗန်ပါစီဟာ သူ့ရဲ့သွင်းဂိုးတွေကို အများဆုံးကူညီထောက်ပံ့ပေးနေတဲ့ တောင်ပံတိုက်စစ်မှူး သီယိုဝေါလ်ကော့အား သူရဲ့ စွမ်းဆောင်ရည်များအတွက် ချီးကျူးလိုက်ပါတယ်။ လွန်ခဲ့သော စနေနေ့က ဘလက်ဘန်းအသင်းအပေါ် ၇-၁ ဖြင့်အနိုင်ယူနိုင်ခဲ့တဲ့ပွဲမှာ အင်္ဂလန်တိုက်စစ်မှူး ၀ါလ်ကော့ဟာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေမဲ့လည်း ရော်ဘင်ဗန်ပါစီအတွက် ၂-ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ချိန်ဘာလိန်အတွက်ပါ နောက်ထပ်ဂိုးတစ်ဂိုးသွင်းနိုင်ရန် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းကို ဘာအကြောင်းကြောင့်မှ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

မနက်ဖြန် ညပိုင်းတွင်ကစားရမည့် မန်ချက်စတာယူနိုက်တက် အသင်းနှင့်ပွဲမတိုင်မှီ အာဆင်နယ်အသင်း၏ တောင်ပံကစားသမား အာရှာဗင်မှ မိမိတို့ အနေဖြင့် မန်ချက်စတာ အခြေစိုက်အသင်းအား ကြောက်ရွံ့နေလိမ့်မည်မဟုတ်ဟု ဖွင့်ဟ ကြုံးဝါးလိုက်သည်။ အာဆင်နယ်အသင်းအနေဖြင့် နောက်ဆုံးကစားခဲ့သော ဖူလမ်နှင့် ဆွမ်ဆီးတို့ကို အဝေးကွင်း၌ ရှုံးနိမ့်အပြီးတွင် ရင်ဆိုင်ရမည့် မန်ချက်စတာယူနိုက်တက်နှင့်ပွဲ သည် လန်ဒန်အခြေစိုက်အသင်း အတွက် ချန်ပီယံလိဂ်ဝင်ခွင့် အပြင် ဂုဏ်သိက္ခာအတွက်ပါ အလွန်အရေးကြီးသော ပွဲဖြစ်လာခဲ့သည်။

 
Page 9 of 35