You are here: Home သတင်းနှင့်အင်တာဗျူးများ

Arsenal Myanmar | All of Arsenal fans from Myanmar.

သတင်း

ဆာနိုဂိုကို ခေါ်ယူဖို့ နီးစပ်နေပြီဟု အာဆင်ဝင်းဂါး ပြောကြား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်းသည် အော့ဇေးအသင်းမှ လူငယ်တိုက်စစ်မှုး ယာယာဆာနိုဂိုအား ခေါ်ယူရန် နီးစပ်နေကြောင်း အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။


အသက်နှစ်ဆယ် အရွယ်ရှိ ဆာနိုဂိုဟာ လီဂူးဒုတိယတန်းက အော့ဇေးအသင်းနဲ့ စာချုပ်သက်တမ်းတိုးရန် ငြင်းပယ်ခဲ့ပြီးနောက် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အာဆင်နယ်သို့ ရောက်ရှိလာနိုင်သည်။

 

နယူးကာဆယ် နှင့် အာဆင်နယ် ပွဲ သိသင့်သည့် အချက်အလက်များ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

နယူးကာဆယ်အသင်းဟာ ပရိးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် သူတို့ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ပွဲစဉ်တွေအတွင်း ရှုံးပွဲအများဆုံးအသင်းဟာမန်ယူ(79)ရာ ခိုင်နှုန်း  ဖြစ်ပြီး ဒုတိယမြောက်ရှုံးပွဲ အများဆုံးအသင်းကတော့ အာဆင်နယ် (72)ရာခိုင်နှုန်းပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီ အာဆင်နယ် နဲ့ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာနယူးကာဆယ်ဟာ  (7-3)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာသူတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက်ပထမဆုံးအကြိမ် ပြိုင်ဘက်ကို (7) ဂိုးပေးခဲ့ရတာပါ။  နယူးကာဆယ် ဟာ အာဆင်နယ်နဲ့  ကစားခဲ့တဲ့ နောက်ဆုံး (11)ပွဲမှာ တစ်ပွဲသာ အနိုင်ရပြီး (5)ပွဲသရေ ၊ (5) ပွဲရှုံးထားပါတယ်။

 

 

အသင်းဟောင်း ဘော်ဒိုးအသင်းသို့ ပြန်လည်ပြောင်းရွှေ့ ကစားဖွယ်ရှိဟု ချာမတ်ပြောကြား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

လက်ရှိအချိန်တွင် ၀က်စ်ဟမ်းအသင်းသို့  အဌားဖြင့်သွားရောက် ကစားနေသော အာဆင်နယ်အသင်းတိုက်စစ်မှူး ချာမတ်က သူ့အနေဖြင့်လာမည့်နွေရာသီ အပြောင်းရွှေ့ကာလတွင် အသင်းဟောင်း ဘော်ဒိုးသို့  ပြန်လည်ပြောင်းရွှေ့ကစားဖွယ်ရှိနေကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။


ချာမတ်သည် အာဆင်နယ်အသင်းတွင် ပုံမှန်ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိသောကြောင့်  ပြီးခဲ့သည့် ဇန်န၀ါရီလက  ၀က်စ်ဟမ်းအသင်းသို့ အဌားချခံခဲ့ရသူဖြစ်သည်။   သူသည် နွေတွင် အာဆင်နယ်အသင်းသို့ ပြန်လာမည်ဖြစ်သော်လည်း အသင်းတွင်သူ၏   အနာဂတ် မသေချာခြင်းကြောင့်  ယခုကဲ့သို့ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

 

ချာမတ်သည် 2010 ခုနှစ်က ဘော်ဒိုးအသင်းမှ အာဆင်နယ်အသင်းသို့ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။  အသက် 29 နှစ်အရွယ်ရှိ မော်ရိုကိုလက်ရွေးစင် ချာမတ်က သူ့အနေဖြင့် ပြင်သစ် သို့  ပြန်လည်ပြောင်းရွှေ့ ကစားမည်ဆိုပါက ဘော်ဒိုးအသင်းတွင်သာ ကစားမည်ဖြစ်ကြောင်း  ပြောကြားသွားခဲ့သည်။

ချာမတ်က " ကျွန်တော်ဟာ အာဆင်နယ်အသင်းမှာ အချိန်တွေကောင်းမွန်စွာကုန်ဆုံးခဲ့ရပါတယ်။  ကျွန်တော့်  နှလုံးသားမှာရှိတဲ့ ကလပ်အသင်း ဟာ ဘော်ဒိုးအသင်း ဖြစ်တယ် ဆိုတာ ကို   လူတိုင်းသိပါတယ်။   ဘော်ဒိုးအသင်းကို ပြန်ပြောင်းဖို့ သဘောတူညီမှုရခဲ့မယ်ဆိုရင် ပြောင်းဖြစ်မှာပါ။   ကျွန်တော် အာဆင်နယ် အသင်းမှာဆက်ကစားဖို့  အခွင့် အရေးမရှိတော့ ဘူးဆိုရင်  ဘော်ဒိုးကို  ပြောင်းဖြစ်ဖို့ များပါတယ်။    ပြင်သစ်ကို ပြန်မယ်ဆိုရင်တော့  ဘော်ဒုးမှာပဲကစားမှာပါ "   ဟုပြောကြားသွားခဲ့သည်။

refs: skysports.com

 

ကာဇိုလာသည် ပရီးမီးယားလိဂ်တွင် လျော့တွက်ခံရသော ကစားသမားတစ်ဦးဖြစ်ကြောင်း အာစင်ဝင်းဂါးပြောကြား

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ကွင်းလယ်ကစားသမားကာဇိုလာမှာ ထူးချွန်သောကစားသမားတစ်ဦးဖြစ်သော်လည်း ပရီးမီးယားလိဂ်တွင်လျော့တွက် ခံရသောကစား သမားတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

 

တိုက်စစ်အတွက် Higuain ကို ပေါင် ၂၂သန်းဖြင့် Arsenal ကမ်းလှမ်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg


Arsenal အသင်းဟာ Real Madrid အသင်းရဲ့ တိုက်စစ်မှူး Gonzalo Higuain ကို ခေါ်ယူနိုင်ရန် ပေါင်၂၂သန်းဖြင့် ကမ်းလှမ်းခဲ့တယ်လို့  Dailymail သတင်းစာရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်၊၊

 
Page 1 of 379

ဧည့်ခန်း ထဲက လူစာရင်း