You are here: Home အထွေထွေ

Arsenal Myanmar | All of Arsenal fans from Myanmar.

အထွေထွေ

Breaking News for AM Fantasy League

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်မြန်မာ ခန့်မှန်းပြိုင်ပွဲ ၂၀၁၂-၂၀၁၃




အာဆင်နယ်မြန်မာကနေ Arsenal Myanmar Fantasy League ကို ကျင်းပခဲ့ပါတယ်။ ခုလက်ရှိ ပွဲစဉ် ၃၁ အပြီး အမှတ်ပေးဇယားအရ ကျနော်ပဲ အမှတ် အပြတ်အသတ်ဖြတ်ပြီး ဆက်ဦးဆောင်နေပါတယ်။ ပြိုင်ပွဲဝင်နေတဲ့ အာဆင်နယ်မြန်မာ မန်ဘာများ စိတ်ဓာတ်ကျပြီး ဆက်မပြိုင်မှာ စိုးလို့ ဒီသတင်းလေးကို လာရေးပေးတာပါ။ ကျနော်က ဒီပြိုင်ပွဲကို ဦးဆောင် ကျင်းပပေးတဲ့သူဖြစ်တဲ့အတွက် ကျနော် ဆုယူဖို့ အစတည်းက အစီအစဉ်မရှိပါဘူး။ နောက်လူတွေ ကျော်တက်အောင် အလျော့ပေး ကစားလို့ ရပေမယ့် ကျနော် ၀င်ပြိုင်နေတဲ့ တခြား လိဂ်တွေ MMCP EPL , Burmese Open , Myanmar Football Lovers , Myanmar လိဂ်တွေကြောင့် ကျနော် အလျော့ပေး ကစားလို့မရတာပါ။




ArsenalMyanmar.com က ပြိုင်ပွဲ မှာ ဆုကို ကျနော် မယူတဲ့အတွက် ကျနော်နောက်က လူတွေကို အစဉ်လိုက် ဆုဆက်ပေးမှာ ဖြစ်ပါတယ်။  ကျနော့်ကို ကျော်အောင် မဆော့နိုင်တဲ့ သူတွေကို ဒဏ်ပေးတဲ့အနေနဲ့ ပထမဆု ဂျာစီကို အဆင့် ၃ ကနေ ၁၀ (သို့) ၂၀ အတွင်း ဖြစ်ဖြစ် လူတွေထဲက တစ်ယောက်ကို မဲဖောက်ပေးရင် ကောင်းမလား စဉ်းစားနေပါတယ်။ ကျန်တဲ့ ဆုတွေကိုတော့ အစဉ်လိုက်ပေးမယ်။ ဘယ်လိုသဘောရကြပါလဲ Tongue out





ပွဲစဉ် ၇ ပွဲပဲ ကျန်ပါတော့တယ်။ ဆုတွေက ပထမဆုအပြင် ကျန်တဲ့ ဆုတွေလည်း ပေးဖို့ အစီအစဉ်ရှိတာကြောင့် ရာသီအပြီး ထိပ်ဆုံးရောက်အောင် သေချာလေး ဆက်ပြိုင်ပေးကြပါဦး။

ဒေးလိုက်
အာဆင်နယ်မြန်မာ


 

Arsenal Vs Reading ပွဲကြို သုံးသပ်ချက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

၃၀-၃-၂၀၁၃ ရက်စနေနေ့ မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ တွင် အာဆင်နယ်အသင်းဟာ  ရီးဒင်းအသင်းအား Emirate ကွင်းတွင်အိမ်ရှင်အဖြစ် ဧည့်ခံကစားရမှာဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဒ်ဇယားတွင် အာဆင်နယ်အသင်းဟာ အဆင့် ၅ နေရာတွင်ရပ်တည်နေပြီး အဆင့် ၄ နေရာမှ စပါးလ်အသင်းနှင့် ၁ပွဲလျှော့ ၄ မှတ်ကွာဖြစ်နေသဖြင့် Big - 4 ဝင်ရေးအတွက် နှစ်သင်းအကြား ရမှတ်ကျဉ်းမြောင်းစေရန် နိုင်ပွဲရမှတ် ၃ မှတ်လိုအပ်နေသလို ရီးဒင်းအသင်းအနေဖြင့်လည်း အဆင့် ၁၉ နေရာတွင်ရပ်တည်နေပြီး အဆင့် ၁၇ နေရာမှ အက်စတွန်ဗီလာ အသင်းနှင့် ၇ မှတ်ကွာခြားနေသဖြင့် တန်းမဆင်းရစေရန် လက်ကျံပွဲများတွင် အမှတ်ရနိုင်ရန် ကျိုးစားရမည် ဖြစ်သဖြင့် အမှတ်ကိုယ်စီရရန် ကျိုးစားကြပြီး အကြိတ်အနယ်ရှိကာ ကြည့်ကောင်းမည့်ပွဲကောင်းတစ်ပွဲပင်ဖြစ်ပေသည်။

 

အာဆင်နယ်မြန်မာ ခန့်မှန်းပြိုင်ပွဲ ပြိုင်ပွဲဝင်ပုံ အဆင့်ဆင့်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

 

ယခုနှစ်ကျင်းပမယ့် အာဆင်နယ်မြန်မာခန့်မှန်းပြိုင်ပွဲကို www.premierleague.com မှ Fantasy game ကို အခြေခံပြီးကျင်းပသွားမှာ ဖြစ်ပါ တယ်။ တချို့ပြိုင်ပွဲဝင်ပြိုင်ဖို့ ဘယ်လိုဝင်ပြိုင်ရမယ်ဆိုတာ မသိတဲ့ ပြိုင်ပွဲဝင်မယ့် အာဆင်နယ် မြန်မာဖန်တွေအတွက် ပြိုင်ပွဲဝင်ပုံ အဆင့်ဆင့် ကို ရေးပေးလိုက်ပါတယ်။ Fantasy Premierleague account ရှိပြီးသူများသည် အဆင့် ၃ နှင့် ၄ ကိုသာ ပြုလုပ်ရန် လိုအပ်ပါ သည်။

၁။ Fantasy Premierleague account မရှိသေးသူများ www.premierleague.com ကို ၀င်ပြီး Register လုပ်ပါ။ အောက်ပါလင့်မှ register အတွက် တိုက်ရိုက်သွားနိုင်ပါသည်။

https://users.premierleague.com/PremierUser/account/register.html

Premier League.com တွင် Register လုပ်ပုံ အဆင့်ဆင့်ကို အောက်ဆုံးမှာ ပုံများနှင့် တကွ ရှင်းပြထားပါသည်။


၂။ အကောင့်လုပ်ပြီးလျှင် http://fantasy.premierleague.com/my-team/ တွင် ကိုယ့်အသင်း ကစားသမားများ ကို ပေးထားသော ပေါင် ၁၀၀ ဖြင့် ၀ယ်ယူနိုင်ပါသည်။ အသင်းတစ်သင်းမှ ကစားသမား ၃ ယောက်သာ အများဆုံး ၀ယ်ယူခွင့်ရှိပါသည်။ အသင်းမှ လူများ ၀ယ်ယူပြီး လျှင် အသင်း ကက်ပတိန်ကို အမှတ်အများဆုံး ရမည်ထင်သည့် ကစားသမားကို ပေးနိုင်ပါသည်။ အသင်းမှ ကစားသမားအပြောင်းအရွှေ့ကို Transfer ပြောင်းလဲဖို့ နောက်ဆုံး သတ်မှတ်ထားသည့်အချိန်ထိ အပြောင်းအလဲ လုပ်နို်င်ပါသည်။

၃။ အာဆင်နယ်မြန်မာခန့်မှန်းပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ရင် အာဆင်နယ်မြန်မာ ဖိုရမ်အတွင်းရှိ တတိယ အကြိမ် အာဆင်နယ်မြန်မာ ခန့်မှန်းပြိုင်ပွဲ ၂၀၁၂-၁၃ မှ Joind code ကို ရယူပါ။ ထို့နောက် Fantasy Premier League ထဲမှ Leagues ကို သွားပါ။ ထိုမှ Join League ကို Click ကာ Private League ကို ရွေးချယ်ပေးပါ။ ထို့နောက် Next ကို နှိပ်ပါ။ Private league code နေရာမှာ ArsenalMyanmar.com League Code ကို ထည့်ပေးပါ။ ထို့နောက် Join Private League ကို နှိပ်ပေးပါ။ Private classic leagues အောက်မှာ Arsenal Myanmar.com ပေါ်လာလျှင် Arsenal Myanmar League ကို Join ပြီးပါပြီ။

၎။ ထို့နောက် ၂၀၁၂-၂၀၁၃ AM ခန့်မှန်းပြိုင်ပွဲဝင်များ စာရင်းပေးရန် တွင် ကိုယ့်အသင်းအမည်၊ ကိုယ့် မန်နေဂျာအမည် ၊ အာဆင်နယ်မြန်မာ user name များကို ဆုရရှိသည့်အခါအကျုံးဝင်စေရန် သွားရောက်ပေးပြီးလျှင် အာဆင်နယ်မြန်မာခန့်မှန်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ပြီးဖြစ် ပါသည်။

 

အာဆင်နယ်မြန်မာ ခန့်မှန်းပြိုင်ပွဲ ၂၀၁၂-၂၀၁၃

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်မြန်မာ၏ ခန့်မှန်းပြိုင်ပွဲကို ယခင်နှစ်များနှင့် မတူပဲ ယခုနှစ်အတွက် www.premierleague.com မှ Fantasy Game ကို အခြေခံပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်လိုသူများ Private League Code ကို အာဆင်နယ်မြန်မာ ဖိုရမ်အတွင်း ၀င်ရောက် ရယူနိုင်ပါသည်။

ပြိုင်ပွဲဝင် စည်းကမ်းများ

၁။ ပြိုင်ပွဲဝင်တစ်ဦးသည် အကောင့်တခု (သို့) အီးမေးလိပ်စာ တစ်ခုဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ အာဆင်နယ်မြန်မာ အက်မင်အဖွဲ့မှ အကောင့် တစ်ခု (သို့) အီးမေးလိပ်စာ တစ်ခုထက် ပိုမိုပြီး ယှဉ်ပြိုင်ကြောင်း တွေ့ရှိပါက ထိုသူသည် ဆုရသူဖြစ်ပါက ဆုလက်ခံရရှိမည်မဟုတ်ပဲ နောက်မှ လူကိုသာ ဆုချီးမြှင့်မည်ဖြစ်ပါသည်။

၂။ ပြိုင်ပွဲဝင်သူသည် အာဆင်နယ်မြန်မာ အဖွဲ့ဝင်တစ်ဦးဖြစ်ရမည်။ ကိုယ်ပြိုင်ပွဲဝင်သည့် Team Name , Manager Name ကို အာဆင်နယ်မြန်မာ User Name နှင့်တကွ ဖိုရမ်အတွင်း ပေးထားတော့ လင့်မှ ၀င်ရောက်ပေးသားရန် လိုအပ်ပါသည်။ http://www.arsenalmyanmar.com/Forum/viewtopic.php?f=42&t=362#p6069

၃။ ပြိုင်ပွဲ ဆုများမှာ အာဆင်နယ် အမှတ်တရ ဆုများဖြစ်သည့်အတွက် အာဆင်နယ်အသင်းဖန်စစ်စစ်များသာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းက ပိုမိုသင့်လျော်ပါသည်။

၎။ ပြိုင်ပွဲတွင်  Classic League အတွက် အာဆင်နယ် ဂျာစီ ဆု ၁  ခု ၊ Head to Head League အတွက် အာဆင်နယ် အမှတ်တရ ဆု ၁ ခု ပေးမည်ဖြစ်ပြီး ဆုစပွန်ဆာပေးမည့် သူများပေါ်မူတည်ပြီး ပိုမိုလည်း ပေးနိုင်ရင် အာဆင်နယ်မြန်မာမှ ကြိုးစားပါမည်။ ဆုရသူများအတွက် ဆုများကို မြန်မာ ၊ စင်ကာပူ နိုင်ငံများသို့သာ ပို့ပေးမည်ဖြစ်ပြီး ဆုရသူသည် ထိုနိုင်ငံများတွင် မပါဝင်ပါက မြန်မာပြည်ရှိ နေရပ်လိပ်စာ သို့ ပေးပို့ပေးပါမည်။

အာဆင်နယ်မြန်မာ ဖိုရမ်ထဲ ၀င်မရသေးတဲ့ မန်ဘာတွေကိုလည်း ကျနော်တို့ ၀င်လို့ရအောင် Register အကောင့်တွေအဖြစ် ဒီတပတ်အတွင်း အကုန်ပြောင်းပေးပါ့မယ်။

 

အာဆင်နယ်မြန်မာ ခန့်မှန်းပြိုင်ပွဲ အကြောင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ကျနော်တို့ အာဆင်နယ် မြန်မာက ခန့်မှန်းပြိုင်ပွဲကို မနှစ်က ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အမှတ်တွက်ပြီး ဆုပေး စာရင်း ကြေငြာချိန်ရောက်ခါနီး မနှစ်က ဘောလုံးရာသီပြီးခါနီးမှ စပြီး ဒိုင်ချုပ် ကိုမာတင်ကီရွန်ကို ဆက်သွယ်မရတော့ပါဘူး။ ကျနော်တို့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ပျောက်ချင်းမလှ ပျောက်နေတာကြောင့် မနှစ်က ဆုရသူစာရင်းကို ယခုအထိ ကြေငြာနိုင်ခြင်း မရှိပါဘူး။ တကယ်လို့ ကိုမာတင်ကီရွန် ကျနော်တို့ အက်မင်အဖွဲ့နဲ့ ဆက်သွယ်မှုရခဲ့ရင် မနှစ်က စာရင်းကို ချက်ချင်း  ကြေငြာပေးမှာ ဖြစ်ပါတယ်။

တကယ်လို့များ သူနဲ့ ဆက်သွယ်မှု ဆက်မရခဲ့ရင် ကျနော်တို့ မနှစ်က ပြိုင်ပွဲအစားပေးရမယ့် ဆုတွေကို ဒီနှစ်ပြိုင်ပွဲ တခုနဲ့ အစားထိုး ယှဉ်ပြိုင်ခိုင်းမလား စဉ်းစား နေပါတယ်။ အမှတ်တွက်ရလည်း လွယ်အောင် ၊ ပြိုင်ပွဲဝင်များလည်း အမှတ်စာရင်း ချက်ချင်း သိနိုင်အောင် Premierleage Official website မှ Fantasy game ကို Group တစ်ခု ဖွဲ့ပြီး ပြိုင်ပွဲဝင်စေမလား စဉ်းစားထားပါတယ်။

ယခုနှစ်အတွက် အာဆင်နယ်မြန်မာ၏ အက်မင်အဖွဲ့ဝင်များ အင်အားနည်းနေပြီး အားလုံး အလုပ်တစ်ဖက်နှင့် မအားသလို ၀ိုင်းဝန်း ကူညီမည့် သူများလည်း နည်းပါးသဖြင့် ယခုနှစ်ပြိုင်ပွဲကို အရင်လို မလုပ်တော့ဟု ဆုံးဖြတ်ထားပါသည်။

တကယ်လို့ မနှစ်က ပြိုင်ပွဲအစား ဒီနှစ်ပြိုင်ပွဲကို အစားထိုး ကျင်းပစေချင်လျှင် အပေါ်မှာ ကျနော်ပြောထားသည့်အတိုင်း ကျင်းပပေးပါမည်။ အားလုံးရဲ့ သဘောထားကို comment များရေးခြင်းဖြင့် ပြောကြားပေးကြပါဦး။ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့ မနှစ်က ခန့်မှန်းပြိုင်ပွဲ အတွက် ကျနော်ပဲ အက်မင်အဖွဲ့နဲ့ ပြိုင်ပွဲဝင် ဒိုင်အဖွဲ့ဝင်များ အစား တောင်းပန်ပါတယ်။

P.S- ကိုမာတင်ကီရွန်လည်း ကျနော်တို့နှင်း အမြန်ဆုံး ဆက်သွယ်ပါရန်။ ကိုမာတင်ကီရွန်နေတဲ့ အရပ်ဌာနေက အရှေ့အလယ်ပိုင်းဒေသတစ်ခုဆိုတော့ ရိုဟင်ဂျာ ပြသနာများလည်း ဖြစ်ပွားခဲ့လို့ ကျနော်တို့ သူ့အန္တရယ် တခုခုများ ကျရောက်နေသလားလည်း စိုးရိမ်နေပါတယ်။

 


 
Page 1 of 7