You are here: Home ဆောင်းပါး

Arsenal Myanmar | All of Arsenal fans from Myanmar.

ဆောင်းပါး

Benzema ထက် Remy နဲ့ Bony ကို အာဆင်နယ်ဘာလို့ပိုပြီးခေါ်ယူသင့်သလဲ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

Giroud ဟာ သူစွမ်းဆောင်ခဲ့တဲ့အရာတွေ အတွက် အာဆင်နယ် အားပေးသူပရိတ်သတ်တွေဆီက ဘယ်တော့ ချီးကျူးခံမှုကိုဘယ်တော့မှမရခဲ့ပါဘူး။ သူဟာ ပရီမီးယားလိဂ်မှာ ၁၆ ဂိုးသွင်းပြီး အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ၈ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူ့ဟာ အာဆင်နယ် အသင်းသားတွေ ထဲမှာ တော်တော်လေး ဒဏ်ရာ အနာတရ ကင်းရှင်းသူဖြစ်ပြီး မာမာထန်ထန် ကစားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အာဆင်နယ် အားပေးသူ ပရိသတ်တွေ ဟာ Giroud ကို အတော်လေးစိတ်ပျက်ကြပြီး သူ့ရဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ ဂိုးမသွင်းမသေချာမှု အပေါ် အတော်လေး အပြစ်မြင်ပြစ်တင် ဝေဖန်ကြပါတယ်။ အရမ်းအရေးပါတဲ့ ပွဲစဉ်တွေ မှာဆို ဂိုးရနိုင်ဖို့အတွက် အတော်လေး အားနည်းပါတယ်။ ဒါကြောင့် ရာသီကုန်မှာ သူ့ကို ရာသီကုန်မှာ ရောင်းထုတ်နိုင်တယ်လို့ စသဖြင့် သတင်းတွေ တစ်ခုမဟုတ်အများကြီး ပေါ်ထွက်လာပါတော့တယ်။ နောက်ပြီး သူ့နေရာအတွက် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး Benzema နဲ့ တစ်ခြားသော နာမည်ကျော်တိုက်စစ်မှူးတွေကို ချိတ်ဆက်နေတဲ့ သတင်းတွေ ဟာ စတင်ပေါ်ပေါက် လာပါ တော့တယ်။ ဒီထဲမှာ နာမည်အကြီးဆုံးက Benzema ၊ QPR တိုက်စစ်မှူး  Remy နဲ့ ဆွမ်ဆီး တိုက်စစ်မှူး Bony တို့တွေက ထိပ်ဆုံး ရေပန်းစားနေတဲ့ တိုက်စစ်မှူးတွေဖြစ် ကြပါတယ်။တစ်ကယ်လို့ သူတို့ သုံးယောက်မှာ Benema ထက် အများစုက Remy နဲ့ Bony ကိုရွေးချယ်ဖို့ ပိုပြီးအကြံပြုလိုကြတယ်။

 

လွမ်းတေးသီမိလေသော ၂၀၁၃-၁၄ ဘောလုံးရာသီ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ဘာလိုလိုနဲ့ ၂၀၁၃-၁၄ ဘောလုံးရာသီတစ်ခုကလည်း အာဆင်နယ်ပရိသတ်တွေအဖို့တော့  အခမ်းနားဆုံး မဟုတ်သော်ငြား လှပအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ရာသီအပိတ်မှာ FA Cup တစ်လုံး ထိုက်ထိုက်တန်တန် သိမ်းပိုက်လိုက်ခြင်းဖြင့် ရှည်လျားလွန်းလှသော ဖလားလက်မဲ့အိပ်မက်ဆိုးကာလများကို ဖြတ်တောက်နိုင်ခဲ့ပြီး၊ အာဆင်နယ် ပရိသတ်များ အရူးအမူးပျော်ရွှင်ခဲ့ကြရသည်၊ ၈-နှစ်ကျော် ၉-နှစ် ခံစားခဲ့ရတဲ့ မချင့်မရဲဖြစ်ရမှု သိမ်ငယ်မှုတွေအားလုံး ဒီဆုဖလား တစ်လုံးတည်းနှင့် ချေဖျက်ပစ်နိုင်ခဲ့ကြသည်။ ရှေ့ဆက်ချီရမည့် ကာလများအတွက် ခွန်အား ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် ပိုင်ဆိုင်နိုင်ခဲ့ပြီ ဆိုရမည်။ တကယ်တော့ ဒီဖလားဟာ FA Cup တစ်လုံးဆိုတာထက် အဖိုးထိုက်တန်လွန်းမှန်း ရင်ဘတ်ချင်းနီးကပ်တဲ့ အာဆင်နယ်ပရိသတ် အချင်းချင်းသာ ခံစားနားလည် နိုင်ကြပါလိမ့်မည်။ ငွေကြေး အလျှံပယ်သုံးစွဲပြီးမှ ရလာမည့် ဆုဖလားပေါင်းများစွာအပေါ် ဂုဏ်ယူမော်ကြွားလိုသည့် အာဆင်နယ်ပရိသတ်များ ရှိကောင်းရှိမည် ဖြစ်သော်လည်း အရေအတွက် အလွန်ပင် နည်းပါးလိမ့်မည်ထင်သည်။ မဝေးတော့သော ကာလမှာပင် လိုအပ်သော ကစားသမားကောင်းများကို စိတ်ကြိုက်ခေါ်ယူအားဖြည့်နိုင်မည့် ဘဏ္ဍာရေးတောင့်တင်းသည့် အခြေအနေမျိုး ရောက်ရှိလာတော့မည်ဟု ယူဆမိသည်။ ရှေ့လျှောက်ပြီး ဆုဖလားများစွာ မသိမ်းပိုက်နိုင် ခဲ့သည့်တိုင်အောင် အာဆင်နယ်ပရိသတ်များအဖို့ အတိုးချပြီး ပျော်ရွှင်သွားရဖို့သာရှိသည်ဟုဆိုလျှင် လွန်အံ့မထင်။

 

အဆင့် ၄ နေရာက အာဆင်နယ်ရဲ့ အောင်မြင်မှုလား။ မတ်လအတွင်း အာဆင်နယ်ကျရှုံးရခြင်း၏ အကြောင်းရင်းများ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

သူ့ဆက်ရှိချင်သေးလား။ ဒါမှမဟုတ် ထုတ်ပယ်ပစ်သင့်နေပြီလား။ မတ်လကျရှုံးမှုတွေရဲ့အလွန်မှာ အာဆင်နယ်နဲ့ အာစင်ဝင်းဂါးအနာဂတ် ဘယ်လိုရှိမလဲဆိုတာ အာဆင်နယ်ပရိသတ်တွေနဲ့ အခြားအသင်းပရိသတ်တွေကြားမှာ အငြင်းပွားနေကြတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့အသင်း ဘယ်ဆက်သွားမလဲဆိုတာ အရင်အကဲဖြတ်သင့်တယ်။ လတ်တလော ခံစားရမှုတွေက ဆိုးဝါးလွန်းလို့ အခြေအနေမှန်ကို သုံးသပ်နိုင်ဖို့က အရေးကြီးတယ်။ ဒီလအစောပိုင်းကာလတွေမှာ အာဆင်နယ်ဟာ အရာရာကို မျှော်လင့်ချင်စရာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်ကအရင်ထွက်တယ်။ ပရီးမီးယားလိဂ်မှာလည်း ရှေ့ဆုံးကဦးဆောင်နေရာကနေ ချော်လဲပြီး ပြိုလဲတယ်။ ချဲလ်ဆီးက ခြောက်မှတ်ဖြတ်သွားတယ်။ မန်စီးတီးက လက်ကျန်ပွဲတွေနိုင်ရင် ကိုးမှတ်ဖြတ်ဦးမယ်။ လီဗာပူးလ်နဲ့ လေးမှတ်ကွာနေတယ်။ အတော်လက်မခံချင်စရာကောင်းတဲ့ ရလဒ်ပိုင်းပါ။ လွန်ခဲ့တဲ့ရက်တွေအထိ ဗိုလ်စွဲဖို့အလားအလာကောင်းနေတဲ့အသင်းက အခုချိန်မှာ အဆင့် ၄ နေရာအတွက် စပါး၊အဲဗာတန်တို့နဲ့ ယှဉ်လုရမယ့်ကိန်းစိုက်နေပြီ။ ဒါတွေဘယ်လိုဖြစ်သွားရတာလဲ။ အဓိကကတော့ ပွဲသုံးပွဲကြောင့်ပဲ။ မန်စီးတီးကို ၆-၃ နဲ့ ရှုံးတဲ့၊ ချဲလ်ဆီးကို ခြောက်ဂိုးပြတ်ရှုံးတဲ့၊ လီဗာပူးလ်ကို ၅-၁ နဲ့ရှုံးတဲ့ ပွဲတွေက အာဆင်နယ်ကို ကျရှုံးစေခဲ့တာပါ။ ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ အသင်းတစ်သင်းအနေနဲ့တော့ အတော်ကို ဆိုးဝါးလှလွန်းတဲ့ အရှုံးတွေလို့ ဆိုရမယ်။



လက်တွေ့မှာတော့ အာဆင်နယ်ဟာ တကယ့်စိန်ခေါ်ပွဲတွေမှာ အသင့်မရှိခဲ့ဘူး။ ကစားသမားပိုင်းမလုံလောက်မှုနဲ့ စီမံခန့်ခွဲမှုအမှားတွေက အသင်းကို မြောင်းထဲပို့လိုက်တယ်။ ကစားသမား၊ ကံကြမ္မာ၊ နည်းပြ ဘယ်အပိုင်းမှာမှ မကောင်းခဲ့ဘူး။ ဒီသုံးချက်ကပဲ အာဆင်နယ်ကို ပွဲကြီးတွေမှာ လဲပြိုစေခဲ့၊ ယိုင်နဲ့စေခဲ့တာပဲ။

 

အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) အား ကြိုတင်သုံးသပ်ကြည့်ခြင်း

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

ကစားမည့်ပွဲ - အာဆင်နယ် Vs မန်စီးတီး
ကစားမည့်အချိန် - ယနေ့ည မြန်မာစံတော်ချိန် ည ၁၂ နာရီ။
ကစားမည့်ကွင်း - အမ်းမရိတ်။

အာဆင်နယ်အတွက်တော့ အသက်တမျှအရေးကြီးတဲ့ပွဲပဲ။ ဒီပွဲမှာရှုံးရင် ချန်ပီယံဆုကို အပြီးတိုင် လက်ပြလိုက်ရတော့မယ်။ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းအရလည်း လက်ရှိအချိန်မှာ မန်စီးတီးက အထက်ကအသင်း။ အာဆင်နယ်ကတော့ သူ့ထက် နိမ့်ပါးနေတဲ့ အခြေအနေ။ အထူးသဖြင့် စိတ်ဓာတ်ပိုင်းမှာ။

တကယ်အရေးကြီးတဲ့ အချိန်ကျမှ အာဆင်နယ်စိတ်ဓာတ်ပိုင်းက ထိုးဆင်းကျနေသလိုပဲ။ ချဲလ်ဆီးကို ရှုံးပြီးမှ ပိုသိသာလာတယ်။ ဒီအကျိုးဆက်ကြောင့် ဆွမ်ဆီးကို သရေထပ်ကျတယ်။ ဒါကြောင့် ဒီပွဲမှာ အာဆင်နယ်မဖြစ်မနေပြန်တင်ရလိမ့်မယ်။ ဒါပေမယ့် ပြိုင်ဘက်က မန်စီးတီးဖြစ်နေတာတော့ ကံဆိုးစေတယ်။


 

Chelsea Vs. Arsenal ပွဲကြိုသုံးသပ်ချက်

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

၂၂-၃-၂၀၁၄ ရက် စနေနေ့ မြန်မာစံတော်ချိန် ည ၇း၁၅ နာရီ မှာ အာဆင်နယ်အသင်းဟာ  ချယ်ဆီးအသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ် ။ ဒီပွဲစဉ်ဟာ လန်ဒန်ဒါးဘီး ပွဲ တစ်ပွဲဖြစ်သလို ချန်ပီယံဖြစ်ရေးအတွက် နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပါ ။ နှစ်သင်းစလုံးအတွက် သရေရလဒ် ၁ မှတ် ခွဲ ယူဖို့ မဖြစ်နိုင်ပဲ အနိုင်ရလဒ် ရမှတ် ၃ မှတ် ရရှိရေးဟာ အလွန်ကို အရေးကြီးနေတဲ့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ ။

 
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »
Page 1 of 89